[Zawgyi]

ၿပီးခဲ့တဲ့ တစ္ပတ္ iPhone 11 ေၾကညာမႈမွာ ေမာ္ဒယ္သစ္ iPhone ေတြဟာ နည္းပညာသစ္တစ္ခု ထည့္သြင္းထားတယ္လို႔ အၾကမ္းအားျဖင့္ ေျပာသြားခဲ့ပါတယ္။ ဒါ ေပမယ့္ ဒီတစ္ပတ္ထဲမွာေတာ့ CNET ရဲ႕ ေရးသားေဖာ္ျပမႈအရ ဒါဟာ Chip အသစ္ျဖစ္ၿပီး U1 လို႔ေခၚေၾကာင္း သိရွိလိုက္ရပါတယ္။

U1 ဟာ Ultra wideband ဒါမွမဟုတ္ UWB လို႔ သိၾကတဲ့ ဖုန္းကို Access လုပ္ႏိုင္တဲ့ နည္းပညာပဲ ျဖစ္ပါတယ္။ ဒီနည္းပညာနဲ႔ Super-short ေရဒီယိုလႈိင္းေတြ ထုတ္လႊတ္ေပးတာျဖစ္ပါတယ္။ ၿပီးေတာ့ Device ေတြၾကားအကြာအေဝးကို တိုင္းတာေပးပါတယ္။ ဒီနည္းနဲ႔ UWB ဟာ iPhone 11 ပိုင္ရွင္ကို ေခြးေပ်ာက္တာ၊ ေသာ့ခ်ိတ္ေပ်ာက္တာ စတာေတြကို ရွာေဖြရာမွာ ကူညီေပးပါတယ္။

ဝက္ဘ္ဆိုက္မွာ ေရးသားေဖာ္ျပထားခ်က္အရ U1 chip နဲ႔ Ultra Wideband နည္းပညာကို အသုံးျပဳၿပီး iPhone 11 Pro အေနနဲ႔ U1 တပ္ဆင္ထားတဲ့ အနီးအနားကအျခား Devices ေတြရဲ႕ဆက္ႏြယ္မႈကို နားလည္ၿပီး တည္ေနရာကို သိရွိေစတယ္လို႔ သိရပါတယ္။ ဒါဟာ iPhone သစ္ေတြရဲ႕ ေနာက္ထပ္စြမ္းေဆာင္ႏိုင္စြမ္းသစ္ တစ္ခုပဲ ျဖစ္ပါတယ္။

ျဖစ္လာႏိုင္တာကေတာ့ ဒီနည္းပညာမ်ိဳးဟာ iPhone ရွိ႐ုံနဲ႔ ကားေသာ့ခလုတ္ႏွိပ္စရာမလိုဘဲ တံခါးကိုလွမ္းဖြင့္တာမ်ိဳး၊ ကားကိုထားခဲ့ခ်ိန္မွာ အလိုအေလ်ာက္ ေသာ့ပိတ္သြားေစတာမ်ိဳးကို လုပ္ထားႏိုင္တာပါ။ အိမ္ျပန္ေရာက္ခ်ိန္ တံခါးမႀကီးဆီဦးတည္သြားခ်ိန္မွာ အလိုအေလ်ာက္ မီးပြင့္သြားၿပီးအလင္းေရာင္ထဲမွာ သြားႏိုင္တာမ်ိဳး ျဖစ္လာႏိုင္ပါတယ္။ UWB ဟာ Bluetooth ထက္ အဆတစ္ေထာင္ေလာက္ ပိုၿပီး ျမန္ျမန္ဆန္ဆန္ ျပဳလုပ္ႏိုင္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ U1 chip ဟာ iPhone အသုံးျပဳသူေတြကို သူတို႔ရဲ႕ Device ကို အျခား iPhone ဆီမွာ ၫႊန္ျပႏိုင္ၿပီး သူတို႔ရဲ႕ AirDrop list ထိပ္ဆုံးမွာ ရွိေနေစပါတယ္။ ၿပီးခဲ့တဲ့ ပြဲမွာတုန္းကေတာ့ Apple က U1 လား၊ UWB လား အတိအက် မေျပာခဲ့ဘူး။ ဒါေပမယ့္ Chip ဟာ Apple ရဲ႕ ေဈးကြက္ရွာေဖြေရးဦးစီးခ်ဳပ္ Phil Schiller ရဲ႕ေနာက္က Screen မွာ ေပၚလာခဲ့တာ ျဖစ္ပါတယ္။

Ref: Phone Arena

[Unicode]

၂၀၁၉ iPhone တွေမှာ Ultra Wideband နည်းပညာကို ထည့်သွင်းထားဖွယ်ရှိကြောင်း သိရ

ပြီးခဲ့တဲ့ တစ်ပတ် iPhone 11 ကြေညာမှုမှာ မော်ဒယ်သစ် iPhone တွေဟာ နည်းပညာသစ်တစ်ခု ထည့်သွင်းထားတယ်လို့ အကြမ်းအားဖြင့် ပြောသွားခဲ့ပါတယ်။ ဒါ ပေမယ့် ဒီတစ်ပတ်ထဲမှာတော့ CNET ရဲ့ ရေးသားဖော်ပြမှုအရ ဒါဟာ Chip အသစ်ဖြစ်ပြီး U1 လို့ခေါ်ကြောင်း သိရှိလိုက်ရပါတယ်။

U1 ဟာ Ultra wideband ဒါမှမဟုတ် UWB လို့ သိကြတဲ့ ဖုန်းကို Access လုပ်နိုင်တဲ့ နည်းပညာပဲ ဖြစ်ပါတယ်။ ဒီနည်းပညာနဲ့ Super-short ရေဒီယိုလှိုင်းတွေ ထုတ်လွှတ်ပေးတာဖြစ်ပါတယ်။ ပြီးတော့ Device တွေကြားအကွာအဝေးကို တိုင်းတာပေးပါတယ်။ ဒီနည်းနဲ့ UWB ဟာ iPhone 11 ပိုင်ရှင်ကို ခွေးပျောက်တာ၊ သော့ချိတ်ပျောက်တာ စတာတွေကို ရှာဖွေရာမှာ ကူညီပေးပါတယ်။

ဝက်ဘ်ဆိုက်မှာ ရေးသားဖော်ပြထားချက်အရ U1 chip နဲ့ Ultra Wideband နည်းပညာကို အသုံးပြုပြီး iPhone 11 Pro အနေနဲ့ U1 တပ်ဆင်ထားတဲ့ အနီးအနားကအခြား Devices တွေရဲ့ဆက်နွယ်မှုကို နားလည်ပြီး တည်နေရာကို သိရှိစေတယ်လို့ သိရပါတယ်။ ဒါဟာ iPhone သစ်တွေရဲ့ နောက်ထပ်စွမ်းဆောင်နိုင်စွမ်းသစ် တစ်ခုပဲ ဖြစ်ပါတယ်။

ဖြစ်လာနိုင်တာကတော့ ဒီနည်းပညာမျိုးဟာ iPhone ရှိရုံနဲ့ ကားသော့ခလုတ်နှိပ်စရာမလိုဘဲ တံခါးကိုလှမ်းဖွင့်တာမျိုး၊ ကားကိုထားခဲ့ချိန်မှာ အလိုအလျောက် သော့ပိတ်သွားစေတာမျိုးကို လုပ်ထားနိုင်တာပါ။ အိမ်ပြန်ရောက်ချိန် တံခါးမကြီးဆီဦးတည်သွားချိန်မှာ အလိုအလျောက် မီးပွင့်သွားပြီးအလင်းရောင်ထဲမှာ သွားနိုင်တာမျိုး ဖြစ်လာနိုင်ပါတယ်။ UWB ဟာ Bluetooth ထက် အဆတစ်ထောင်လောက် ပိုပြီး မြန်မြန်ဆန်ဆန် ပြုလုပ်နိုင်ပါတယ်။

လက်ရှိအချိန်မှာတော့ U1 chip ဟာ iPhone အသုံးပြုသူတွေကို သူတို့ရဲ့ Device ကို အခြား iPhone ဆီမှာ ညွှန်ပြနိုင်ပြီး သူတို့ရဲ့ AirDrop list ထိပ်ဆုံးမှာ ာရှိနေစေပါတယ်။ ပြီးခဲ့တဲ့ ပွဲမှာတုန်းကတော့ Apple က U1 လား၊ UWB လား အတိအကျ မပြောခဲ့ဘူး။ ဒါပေမယ့် Chip ဟာ Apple ရဲ့ ဈေးကွက်ရှာဖွေရေးဦးစီးချုပ် Phil Schiller ရဲ့နောက်က Screen မှာ ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

Ref: Phone Arena