[Zawgyi]

Apple က Eurasian Economic Commission (EEC) မွာ iPad Models အသစ္ႏွစ္လံုးကို မွတ္ပံုတင္ထားတယ္လို႔ Apple Insider က ေရးသားထားပါတယ္။ Model Numbers ေတြက A2200 နဲ႔ A2232 ျဖစ္ပါတယ္။ Apple က ဒီႏွစ္ထဲမွာ A2197, A2228, A2068, A2198 နဲ႔ A2230 စတဲ့ Model Numbers ငါးခုကို မွတ္ပံုတင္ထားၿပီးသား ျဖစ္ပါတယ္။ အခုေတာ့ ေနာက္ထပ္ နွစ္လံုး တိုးလာတာပါ။

Models အသစ္ ႏွစ္လံုးရဲ႕ သတင္းအခ်က္အလက္ေတြကို အနည္းငယ္သာ သိရပါေသးတယ္။ အဲဒီ တက္ဘလက္ေတြမွာ iPadOS 13 ထည့္သြင္းထားမယ္လို႔ မွတ္ပံုတင္ထားတဲ့ သတင္းအခ်က္အလက္ေတြမွာ ေဖာ္ျပထားပါတယ္။ iPadOS 13 ထည့္ထားတဲ့ အတြက္ အဲဒီ တက္ဘလက္ေတြကို ဒီႏွစ္မွာ ေရာင္းခ်ႏိုင္ပါတယ္။

Apple Insider က Models အသစ္ႏွစ္လံုးဟာ လက္ရွိ ေရာင္းခ်ထားတဲ့ ၃၂၉ ေဒၚလာတန္ ၉.၇ လက္မ Model ကို အဆင့္ျမွင့္ထားတဲ့ Model ေတြ ျဖစ္မယ္လုိ႔ သံုးသပ္ထားပါတယ္။ Models အသစ္ႏွစ္လံုးမွာ  ၁၀.၂ လက္မနဲ႔ ၁၀.၅ လက္မ မ်က္ႏွာျပင္ေတြ ပါလာႏိုင္ပါတယ္။ မ်က္ႏွာျပင္ အရြယ္အစား ႀကီးလာေပမယ့္ ေဘးေဘာင္ေတြကို ေလွ်ာ့ခ်ထားႏိုင္တဲ့အတြက္ ကိုယ္ထည္ အရြယ္အစားေတြက အရင္ Model နဲ႔ တူႏုိင္ပါတယ္။

Tom’s Hardware က Apple ဟာ ဒီႏွစ္ အေစာပိုင္းမွာ iPadOS ကို မိတ္ဆက္ထားတဲ့ အတြက္ iPad Pro Model အသစ္ကိုလည္း ေၾကညာႏုိင္တယ္လို႔ ေျပာပါတယ္။ Apple ဟာ ၂၀၁၅ ခုႏွစ္ကတည္းက တစ္ႏွစ္မွာ အနည္းဆံုး iPad Pro အသစ္တစ္လံုးကို ေၾကညာခဲ့ပါတယ္။

Ref : gizmodo

[Unicode]

၂၀၁၉ မှာ iPad Models အသစ်နှစ်လုံး ကြေညာနိုင်တဲ့ Apple

Apple က Eurasian Economic Commission (EEC) မှာ iPad Models အသစ်နှစ်လုံးကို မှတ်ပုံတင်ထားတယ်လို့ Apple Insider က ရေးသားထားပါတယ်။ Model Numbers တွေက A2200 နဲ့ A2232 ဖြစ်ပါတယ်။ Apple က ဒီနှစ်ထဲမှာ A2197, A2228, A2068, A2198 နဲ့ A2230 စတဲ့ Model Numbers ငါးခုကို မှတ်ပုံတင်ထားပြီးသား ဖြစ်ပါတယ်။ အခုတော့ နောက်ထပ် နှစ်လုံး တိုးလာတာပါ။

Models အသစ် နှစ်လုံးရဲ့ သတင်းအချက်အလက်တွေကို အနည်းငယ်သာ သိရပါသေးတယ်။ အဲဒီ တက်ဘလက်တွေမှာ iPadOS 13 ထည့်သွင်းထားမယ်လို့ မှတ်ပုံတင်ထားတဲ့ သတင်းအချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ iPadOS 13 ထည့်ထားတဲ့ အတွက် အဲဒီ တက်ဘလက်တွေကို ဒီနှစ်မှာ ရောင်းချမှာ ဖြစ်ပါတယ်။ အရင် သတင်းတွေအရ Apple ဟာ ဒီနှစ် နှောင်းပိုင်းမျာ iPad အသစ်တွေကို ကြေညာမှာ ဖြစ်ပါတယ်။

Apple Insider က Models အသစ်နှစ်လုံးဟာ လက်ရှိ ရောင်းချထားတဲ့ စွမ်းရည်နိမ့် ၃၂၉ ဒေါ်လာတန် ၉.၇ လက်မ Model ကို အဆင့်မြှင့်ထားတဲ့ Model တွေ ဖြစ်မယ်လို့ သုံးသပ်ထားပါတယ်။ Models အသစ်နှစ်လုံးမှာ ၁၀.၂ လက်မနဲ့ ၁၀.၅ လက်မ မျက်နှာပြင်တွေ ပါလာနိုင်ပါတယ်။ မျက်နှာပြင် အရွယ်အစား ကြီးလာပေမယ့် ဘေးဘောင်တွေကို လျှော့ချထားနိုင်တဲ့အတွက် ကိုယ်ထည် အရွယ်အစားတွေက အရင် Model နဲ့ တူနိုင်ပါတယ်။

Tom’s Hardware က Apple ဟာ ဒီနှစ် အစောပိုင်းမှာ iPadOS ကို မိတ်ဆက်ထားတဲ့ အတွက် iPad Pro Model အသစ်ကိုလည်း ကြေညာနိုင်တယ်လို့ ပြောပါတယ်။ Apple ဟာ ၂၀၁၅ ခုနှစ်ကတည်းက တစ်နှစ်မှာ အနည်းဆုံး iPad Pro အသစ်တစ်လုံးကို ကြေညာခဲ့ပါတယ်။

Ref : gizmodo