[Zawgyi]

Apple က iOS 13.2 ကို ျဖန္႔ခ်ိေပးလိုက္ၿပီး iPhone 6s နဲ႔သူ႔အထက္ iPhone ေတြမွာ ရယူႏုိင္ပါတယ္။ OTA Update အေနနဲ႔ ျဖန္႔ခ်ိေပးလိုက္တာ ျဖစ္ၿပီး ေမာ္ဒယ္ ၁မ်ိဴးနဲ႔ ၁မ်ိဴး ဖုိင္အရြယ္အစား မတူညီၾကဘဲ 500 နဲ႔ 600MB ၾကားမွာ ရွိပါတယ္။ iOS 13.2 ရဲ႕ အလန္းဆံုး လုပ္ေဆာင္ခ်က္ ၁ ခုက Deep Fusion ျဖစ္ပါတယ္။ A13 Bionic Chip ရဲ႕ Neural Engine က Machine Learning ကို သုံးၿပီး အလင္းေရာင္ နည္းပါးခ်ိန္မွာ ဓါတ္ပုံ ၁ ပုံ႐ိုက္လိုက္တိုင္း ၉ ပုံကို ဖမ္းယူေပးပါတယ္။ အဲဒီေနာက္မွာ ပုံေတြကို ေပါင္းစပ္ၿပီး အလန္းဆုံး ၁ ပုံကို ဖန္တီးေပးပါတယ္။ ဒီလုပ္ေဆာင္ခ်က္ကို Apple က Deep Fusion လို႔ ေခၚဆိုထားၿပီး iPhone 11 Series ေတြမွာပဲ သုံးႏိုင္ပါတယ္။

Camera App မွာ Video Resolution Settings ပါလာေပမယ့္ iPhone 11 Series ေတြမွာပဲ ထည့္ေပးထားတဲ့ အေၾကာင္းအရင္းကို မသိရေသးပါဘူး။ ဖုန္း အေဟာင္းေတြမွာ Video Resolution ေျပာင္းဖို႔ Settings App ထဲသြားရမွာပါ။ Update မွာ Emoji အသစ္ ၇၀ ပါလာပါတယ္။ AirPods  နဲ႔ ပတ္သက္တဲ့ လုပ္ေဆာင္ခ်က္ အသစ္ ၂ ခု ပါလာပါတယ္။ Announce Messages က ဖုန္းကို ဝင္လာတဲ့ Message ေတြကို နားၾကပ္က အသံထြက္ ဖတ္ျပေပးပါတယ္။ ေနာက္ ၁ ခုက အသစ္ ေၾကညာလိုက္တဲ့ AirPods Pro ကို ေထာက္ပံ့မႈပါ။

HomeKit နဲ႔ ပတ္သက္တဲ့ လုပ္ေဆာင္ခ်က္ အသစ္ေတြလည္းပါလာပါတယ္။ HomeKit Secure Video က သင့္ လံုျခံဳေရး ကင္မရာကေန ဗီဒီယို ရိုက္တာ၊ သိမ္းတာေတြကို လွ်ိဳ႕ဝွက္စြာ ျပဳလုပ္လို႔ရလာေစသလို လူ၊ တိရိစာၦန္နဲ႔ ကားေတြကိုလည္း ခြဲျခမ္းစိတ္ျဖာႏုိင္ပါတယ္။ Siri က အသံဖိုင္ေတြကို Apple က ရယူခြင့္ မျပဳလုပ္ႏုိင္တဲ့ ေရြးခ်ယ္စရာ ပါလာၿပီး Siri Settings မွာ Dictation History ကို ဖ်က္ဖို႔ ေရြးခ်ယ္ထားႏုိင္ပါတယ္။

iOS 13.2 အျပင္ Apple က iPadOS 13.2 ကိုလည္း ျဖန္႔ခ်ိလိုက္ၿပီး iOS နဲ႔ တူညီတဲ့ လုပ္ေဆာင္ခ်က္မ်ားစြာ ပါလာပါတယ္။ သင့္ အိမ္က မိသားစု၀င္ေတြရဲ႕ မတူညီတဲ့ အသံေတြကို မွတ္မိတဲ့ စြမ္းရည္ အပါအ၀င္ လုပ္ေဆာင္ခ်က္ အသစ္ တခ်ိဳ႕ပါလာတဲ့ HomePod 13.2 လည္း ထြက္လာပါၿပီ။

Ref : gsmarena

[Unicode]

Apple က Deep Fusion နဲ့ AirPods Pro Support ပါတဲ့ iOS 13.2 ကို ဖြန့်ချိ

Apple က iOS 13.2 ကို ဖြန့်ချိပေးလိုက်ပြီး iPhone 6s နဲ့သူ့အထက် iPhone တွေမှာ ရယူနိုင်ပါတယ်။ OTA Update အနေနဲ့ ဖြန့်ချိပေးလိုက်တာ ဖြစ်ပြီး မော်ဒယ် ၁မျိူးနဲ့ ၁မျိူး ဖိုင်အရွယ်အစား မတူညီကြဘဲ 500 နဲ့ 600MB ကြားမှာ ရှိပါတယ်။ iOS 13.2 ရဲ့ အလန်းဆုံး လုပ်ဆောင်ချက် ၁ ခုက Deep Fusion ဖြစ်ပါတယ်။ A13 Bionic Chip ရဲ့ Neural Engine က Machine Learning ကို သုံးပြီး အလင်းရောင် နည်းပါးချိန်မှာ ဓါတ်ပုံ ၁ ပုံရိုက်လိုက်တိုင်း ၉ ပုံကို ဖမ်းယူပေးပါတယ်။ အဲဒီနောက်မှာ ပုံတွေကို ပေါင်းစပ်ပြီး အလန်းဆုံး ၁ ပုံကို ဖန်တီးပေးပါတယ်။ ဒီလုပ်ဆောင်ချက်ကို Apple က Deep Fusion လို့ ခေါ်ဆိုထားပြီး iPhone 11 Series တွေမှာပဲ သုံးနိုင်ပါတယ်။

Camera App မှာ Video Resolution Settings ပါလာပေမယ့် iPhone 11 Series တွေမှာပဲ ထည့်ပေးထားတဲ့ အကြောင်းအရင်းကို မသိရသေးပါဘူး။ ဖုန်း အဟောင်းတွေမှာ Video Resolution ပြောင်းဖို့ Settings App ထဲသွားရမှာပါ။ Update မှာ Emoji အသစ် ၇၀ ပါလာပါတယ်။ AirPods နဲ့ ပတ်သက်တဲ့ လုပ်ဆောင်ချက် အသစ် ၂ ခု ပါလာပါတယ်။ Announce Messages က ဖုန်းကို ဝင်လာတဲ့ Message တွေကို နားကြပ်က အသံထွက် ဖတ်ပြပေးပါတယ်။ နောက် ၁ ခုက အသစ် ကြေညာလိုက်တဲ့ AirPods Pro ကို ထောက်ပံ့မှုပါ။

HomeKit နဲ့ ပတ်သက်တဲ့ လုပ်ဆောင်ချက် အသစ်တွေလည်းပါလာပါတယ်။ HomeKit Secure Video က သင့် လုံခြုံရေး ကင်မရာကနေ ဗီဒီယို ရိုက်တာ၊ သိမ်းတာတွေကို လျှို့ဝှက်စွာ ပြုလုပ်လို့ရလာစေသလို လူ၊ တိရိစ္ဆာန်နဲ့ ကားတွေကိုလည်း ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။ Siri က အသံဖိုင်တွေကို Apple က ရယူခွင့် မပြုလုပ်နိုင်တဲ့ ရွေးချယ်စရာ ပါလာပြီး Siri Settings မှာ Dictation History ကို ဖျက်ဖို့ ရွေးချယ်ထားနိုင်ပါတယ်။

iOS 13.2 အပြင် Apple က iPadOS 13.2 ကိုလည်း ဖြန့်ချိလိုက်ပြီး iOS နဲ့ တူညီတဲ့ လုပ်ဆောင်ချက်များစွာ ပါလာပါတယ်။ သင့် အိမ်က မိသားစုဝင်တွေရဲ့ မတူညီတဲ့ အသံတွေကို မှတ်မိတဲ့ စွမ်းရည် အပါအဝင် လုပ်ဆောင်ချက် အသစ် တချို့ပါလာတဲ့ HomePod 13.2 လည်း ထွက်လာပါပြီ။

Ref : gsmarena