Apple ဟာ အခုအချိန်မှာ iPhone နဲ့တခြားသော iOS Device တွေအတွက် iOS 15.1 နဲ့ iPadOS 15.1 Update ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ယခု Update ဟာ Apple ကနေ ယခင်တုန်းက ကြေညာထားတဲ့ SharePlay အပြင် တခြားသော Major Feature Update တွေပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

SharePlay Feature ဟာ Apple Device အသုံးပြုသူအချင်းချင်း ရုပ်ရှင်၊ TV Show သို့မဟုတ် Video တွေကို အတူတူကြည့်ရှုနိုင်စေမှာဖြစ်ပါတယ်။ အခုလိုမျိုး ကြည့်ရှုဖို့အတွက် FaceTime ကနေတစ်ဆင့် ပြုလုပ်ရမှာဖြစ်ပြီး လောလောဆယ်မှာတော့ Apple Music ၊ Apple TV+ ၊ Apple Fitness+ ၊ Disney+ ၊ ESPN+ ၊ HBO Max ၊ Hulu ၊ MasterClass ၊ Paramount+ ၊ Pluto TV ၊ SoundCloud ၊ TikTok ၊ Twitch တွေပဲ အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။

Apple ရဲ့ ပြောကြားချက်အရတော့ မကြာခင်မှာ တခြား Streaming Service တွေကိုပါ Support ပေးလာမှာဖြစ်ပြီး လောလောဆယ်မှာ iPhone ၊ iPad ၊ Mac နဲ့ Apple TV တွေပေါ်မှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Apple ဟာ iPhone 13 Pro နဲ့ Pro Max ဖုန်းတွေမှာ ProRes Video Recording ကိုလည်း တရားဝင်ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အဆိုပါ ProRes Codec ဟာ လက်ရှိအချိန်မှာ High-end Cinema Production တွေအပြင် Editing ပိုင်း အများအပြားပြုလုပ်နိုင်တဲ့ Professional Video Codec တစ်ခုဖြစ်ပါတယ်။

နောက်ထပ် iPhone 13 Pro ဖုန်းတွေအတွက် Macro Mode ကို အလိုအလျောက်ပြောင်းလဲသွားတာကိုလည်း ပိတ်ထားနိုင်တဲ့ Setting ကို ထည့်ပေးခဲ့ပါတယ်။ ကျန်တဲ့ Bug Fix တွေအပြင် တခြားသော Feature Update ပြုလုပ်မှုတွေလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

Ref – GSM Arena