Apple က iPhone တွေအတွက် iOS 15.5 နဲ့ iPad တွေအတွက် iPadOS 15.5 ကို ဖြန့်ချိပေးလိုက်ပါတယ်။ ကြီးကြီးမားမား Update လို့ မပြောနိုင်ပေမယ့် လုပ်ဆောင်ချက် အသစ်တွေ ပါလာပါတယ်။

Apple releases iOS 15.5, iPadOS 15.5, watchOS 8.6 and tvOS 15.5 RC

Wallet App မှာ Apple Cash Customers တွေဟာ Apple Cash Card ကနေ ငွေကြေး ပေးပို့နိုင်၊ တောင်းဆိုနိုင်လာပါတယ်။ Apple Podcasts App မှာ သင့် Device အတွင်း သိမ်းထားတဲ့ Episode တွေကို ကန့်သတ်နိုင်တဲ့ Setting အသစ် ပါလာပြီး အဟောင်းတွေကို အလိုအလျှောက် ဖျက်ပစ်နိုင်ပါတယ်။

Apple Releases iOS 15.5 and iPadOS 15.5 With Wallet and Podcast Updates - MacRumors

ဒါ့အပြင် လူတွေ ရောက်လာတာနဲ့ ထွက်ခွာတာတွေမှာ Home Automations အလုပ်မလုပ်တဲ့ ပြဿနာကို ဖြေရှင်းပေးထားပါတယ်။ Update မှာ Security အမှားပေါင်း ၂၅ ခုကျော်ကို ပြင်ဆင်ပေးထားပါတယ်။ ဘေးကင်းလုံခြုံစေဖို့အတွက် အခု Update ကို တတ်နိုင်သလောက် စောစော တင်ဖို့ အကြံပေးချင်ပါတယ်။

သင့် Device မှာ Update ရပြီဆိုရင် Notification ရရှိမှာ ဖြစ်ပြီး Settings ထဲမှာလည်း Update ရပြီလားဆိုတာ ကိုယ်တိုင် ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။ Apple က အခု Update တွေကို တစ်ကမ္ဘာလုံးအတွက် တစ်ပြိုင်နက် ဖြန့်ချိပေးလိုက်တာ ဖြစ်ပါတယ်။

Ref : gsmarena