Apple ကနေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲက တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် နိုင်ငံတွင်းမှာရှိတဲ့ Apple Store တွေအကုန်လုံးကို ပိတ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့်အခုအချိန်မှာ တရုတ်နိုင်ငံအတွင်းမှာရှိတဲ့ Apple Store ၄၂ ခုစလုံးကို ပြန်လည်ဖွင့်လှစ်ပြီးပြီဖြစ်ပါတယ်။

Apple ဟာ အဆိုပါ Retail Store တွေကို ပြီးခဲ့တဲ့ရက်သတ္တပတ်တွေထဲတဖြည်းဖြည်း ပြန်လည်ဖွင့်လှစ်နေတာဖြစ်ပေမယ့် အခုအချိန်မှာတော့ လုံးဝ Apple Store တွေအကုန်လုံးကို ပြန်လည်ဖွင့်လှစ်ပြီးတာပဲဖြစ်ပါတယ်။

Apple အတွက် တရုတ်နိုင်ငံဟာ အကြီးမားဆုံးစျေးကွက်တစ်ခုဖြစ်သလို ဒီလိုမျိုး Apple Store တွေပိတ်သိမ်းလိုက်ရတဲ့အတွက် ပြီးခဲ့တဲ့လရောင်းအားတွေလည်း သိသိသာသာကို ကျဆင်းသွားခဲ့ပါတယ်။ အခုလိုမျိုး တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချူပ်နိုင်နေပြီဖြစ်ပေမယ့် အီတလီမှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ Apple Store ၁၇ ခုကို ထပ်ပြီး ပိတ်ပစ်ခဲ့ပါသေးတယ်။

Apple ရဲ့ CEO Tim Cook က ပြီးခဲ့တဲ့ ရက်သတ္တပတ် ၂ ပတ်ဝန်းကျင်လောက်တုန်းက Fox Business နဲ့ အင်တာဗျူးမှာ တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချူပ်နိုင်နေတာက သိသာနေပြီး ကူးစက်မှုတွေကလည်း တဖြည်းဖြည်းကျဆင်းသွားတဲ့အတွက် အကောင်းမြင်နေတယ်လို့ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

Ref – The Verge