Apple ကနေ လာမယ့် စက်တင်ဘာမှာ iPhone 13 Series အသစ်တွေကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ ယခုနှစ်မှာလည်း ပြီးခဲ့တဲ့နှစ်လိုမျိုးပဲ iPhone 13 Mini ၊ iPhone 13 ၊ iPhone 13 Pro နဲ့ iPhone 13 Pro Max ဆိုပြီး ၄ မျိုး မိတ်ဆက်သွားမှာပါ။

အဆိုပါ iPhone 13 Series ဟာ Processor ပိုင်းကို အဆင့်မြှင့်တင်လာမယ့်အပြင် Design ပိုင်း၊ Display ပိုင်းနဲ့ Camera ပိုင်းတွေကို အကုန်လုံးကို အဆင့်မြှင့်တင်လာမှာဖြစ်ပါတယ်။ iPhone 13 Pro Series ဖုန်းတွေမှာဆိုရင် Telephoto Sensor ကို အဆင့်မြှင့်တင်ထားမယ့်အပြင် 120Hz Refresh Rate Display ကိုလည်း စတင်အသုံးပြုလာမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

Chipset ပိုင်းမှာတော့ Apple ဟာ TSMC ကနေ ထုတ်လုပ်ပေးထားတဲ့ 5nm+ Chip ကိုပဲ ဆက်လက်အသုံးပြုထားတဲ့ A15 Bionic Chip ကို အသုံးပြုလာဖွယ်ရှိနေပါတယ်။ ဒါပေမယ့်လည်း iPhone 13 ကို ဝယ်ယူဖို့ စိတ်ဝင်စားတဲ့သူတွေအတွက် သတင်းဆိုးတစ်ခုကလည်း ထွက်ပေါ်လာပြီဖြစ်ပါတယ်။

ဒါကဘာကြောင့်လဲဆိုရင် လက်ရှိတကမ္ဘာလုံးမှာ ဖြစ်ပွားနေတဲ့ Chipset ထုတ်လုပ်နိုင်မှု ပြဿနာကြောင့် TSMC ဟာ Apple ကို Chipset ထုတ်လုပ်မှုတန်ဖိုးကို လက်ရှိပမာဏထက် ၂၀ ရာခိုင်နှုန်းခန့် တိုးတောင်းဖို့စီစဥ်နေတာကြောင့်ဖြစ်ပါတယ်။ နောက်ပိုင်းမှာ Apple Chipset တွေကို TSMC ကနေပဲ ထုတ်ပေးနေတာဖြစ်ပြီး မကြာခင်မှာလည်း MacBook အသစ်တွေမှာ TSMC ရဲ့ Chip တွေကို အခြေခံပြီးထုတ်လုပ်ထားတဲ့ Apple M1X Chipset ကို မိတ်ဆက်သွားဦးမှာဖြစ်ပါတယ်။

အခုလိုမျိုး Chipset ထုတ်လုပ်မှုတန်ဖိုးဟာ ၂၀ ရာခိုင်နှုန်းခန့် ပိုပြီးမြင့်မားသွားမယ့်အတွက် Apple အနေနဲ့ iPhone 13 Series ရဲ့ စျေးနှုန်းကိုပါ ပုံမှန်ထင် ၃ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအထိ ပိုပြီး မြှင့်တင်ရောင်းချမယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒါပေမယ့်လည်း Apple iPhone အသစ်တွေရဲ့ စျေးနှုန်းဟာ iPhone X နောက်ပိုင်းအခုအချိန်အထိ ဒေါ်လာ ၁,၀၀၀ ဝန်းကျင်မှာပဲ ရှိနေတာကြောင့် သိသိသာသာတော့ ပိုပြီး မြှင့်တင်ရောင်းချမှာမဟုတ်ဘူးလို့ ယူဆရပါတယ်။

Ref – Mac Rumors