Apple က မကြာခင်ကပဲ iPhone 14, iPhone 14 Plus, iPhone 14 Pro နဲ့ iPhone 14 Pro Max ကို ကြေညာခဲ့ပြီး ကုမ္ပဏီက Mini မော်ဒယ်အစား Plus မော်ဒယ်ကို ထုတ်လုပ်ခဲ့ပါတယ်။

Apple Reportedly Scaling Back iPhone 14 Production as Customers Opt for Pro Models - MacRumors

အခုနောက်ဆုံးထွက်လာတဲ့သတင်းအရ Apple ဟာ ဝယ်လိုအားနည်းနေတဲ့ iPhone 14 မော်ဒယ်ထုတ်လုပ်မှုကို လျှော့ချနေတယ်လို့ သိရပါတယ်။

Apple Reportedly Scaling Up iPhone 14 Orders While Android Brands Struggle - MacRumors

ITHome က Apple ဟာ တရုတ်နိုင်ငံ Zhengzhou မှာ iPhone 14 ထုတ်လုပ်မှုကို လျှော့ချဖို့ Foxconn ကို ညွှန်ကြားထားတယ်လို့ ပြောပါတယ်။ ၆.၁ လက်မ iPhone 14 ကိုပဲ လျှော့ချထုတ်လုပ်ခိုင်းသလား၊ အရွယ်အစား ပိုကြီးမားတဲ့ ၆.၇ လက်မ iPhone 14 Plus ကိုရော လျှော့ချထုတ်လုပ်ခိုင်းသလားဆိုတာ လက်ရှိမှာ ကွဲကွဲပြားပြား မသိရသေးပါဘူး။

ဒါဟာ အံ့အားသင့်စရာ မကောင်းပါဘူး။ iPhone 14 မှာ iPhone 13 မော်ဒယ်နဲ့ တူညီတဲ့ မျက်နှာပြင်ကို အသုံးပြုထားသလို iPhone 13 Pro က Processor ကိုပဲ ထည့်သွင်းထားပါတယ်။ ဒါဟာ Customer တွေအတွက် စိတ်လှုပ်ရှားစရာ မကောင်းပါဘူး။

တခြား သတင်းတစ်ရပ်အရ လေ့လာဆန်းစစ်သူ Ming-Chi Kuo က Apple ဟာ ဝယ်လိုအားများနေတဲ့ iPhone 14 Pro ကို တိုးမြှင့်ထုတ်လုပ်နေတယ်လို့ ပြောပါတယ်။ သူက Apple ဟာ ထုတ်လုပ်တဲ့ အရင်းအမြစ်တွေကို iPhone 14 ကနေ iPhone 14 Pro ကို ပြောင်းလဲနေတယ်လို့ ပြောပါတယ်။

Ref : gizmochina