Bloomberg ရဲ့ Mark Gurman က Apple ဟာ iPad ကို စမတ်မျက်နှာပြင်နဲ့ စပီကာ အဖြစ် ပြောင်းလဲပေးနိုင်တဲ့ Dock ၁ ခုကို ဖန်တီးနေတယ်လို့ ပြောပါတယ်။ Apple ဟာ အဲဒီ Dock ကို နောက်နှစ်မှာ ရောင်းချနိုင်ပြီး iPad ကို Amazon Echo Show လို ကိရိယာအဖြစ် အသုံးပြုနိုင်မှာပါ။

Apple reportedly wants to turn the iPad into a smart display with a new dock - The Verge

Amazon က Fire တက်ဘလက်တွေအတွက် အဲဒီလို Dock ကို ထုတ်လုပ်ထားပြီး အားသွင်းလို့ရသလို စမတ်မျက်နှာပြင် အဖြစ် အသုံးပြုလို့ရစေပါတယ်။ Google ကလည်း ပြီးခဲ့တဲ့ ၁ ပတ်က Pixel တက်ဘလက်အတွက် Docking Accessory ကို ကြေညာခဲ့ပြီး တက်ဘလက်ကို အားသွင်းလို့ရသလို စပီကာ အဖြစ် သုံးနိုင်ပါတယ်။ တက်ဘလက်ကို Dock မှာ တပ်ထားရင် Nest Hub Max လို သုံးနိုင်ပြီး Home App ကနေ စမတ်နေအိမ် ကိရိယာတွေကို ထိန်းချုပ်နိုင်သလို Google Assistant ကို သုံးနိုင်ပါတယ်။

Apple is reportedly working on a new iPad dock that will turn it into a smart display

Gurman က iPad Docking Station ဟာ အလားတူမျိုး ဖြစ်ပြီး User တွေဟာ FaceTime ကနေ ဖုန်း ပြောနိုင်သလို စမတ် နေအိမ် ကိရိယာတွေကို ထိန်းချုပ်နိုင်မှာပါ။ Apple ဟာ စမတ်နေအိမ် နယ်ပယ်အတွက် တခြား Device တွေကို ဖန်တီးနေပြီး အဲဒီအထဲမှာ အဆင့်မြှင့်ထားတဲ့ HomePod ပါလာမှာပါ။ HomePod အသစ်မှာ အဆင့်မြှင့်ထားတဲ့ မျက်နှာပြင်၊ S8 Chip နဲ့ Multitouch Function ထည့်သွင်းထားမှာပါ။ Gurman က Apple ဟာ Apple TV နဲ့ စမတ် စပီကာကို ပေါင်းစပ်ထားပြီး ကင်မရာ တပ်ဆင်ထားတဲ့ ကိရိယာ ၁ ခုကို ဖန်တီးနေတယ်လို့ အရင်နှစ်က ပြောခဲ့ပြီး သူက အခုထက်ထိ ဖန်တီးနေဆဲဖြစ်တယ်လို့ ယုံကြည်ထားပါတယ်။

Apple က iPad အတွက် Dock ကို ဘယ်တော့ ရောင်းချမလဲ ဆိုတာ မသိရသေးပေမယ့် ဒီလကုန်မှာ M2 Chip ပါတဲ့  iPad Pro အသစ်တွေကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။

Ref : theverge