Apple က iPhone 14 Series ကို ရောင်းချထားတာ တစ်ပတ်တောင် မကြာသေးပေမယ့် User တွေက Third-party App တချို့မှာ ကင်မရာကို ဖွင့်ရင် တုန်ခါနေတယ်လို့ ပြောခဲ့ကြပါတယ်။ အဲဒီ ပြဿနာကို ဖြေရှင်းပေးတဲ့ iOS 16.0.2 Update ကို အခုတော့ iPhone တွေအတွက် ဖြန့်ချိပေးလိုက်ပါတယ်။

The new iPhone 14 & iPhone 14 Plus feature new main and selfie cameras, dual eSIM

ကင်မရာ တုန်ခါတာဟာ iPhone 14 Pro နဲ့ Pro Max ရဲ့ ဒုတိယမျိုးဆက် Sensor-shift OIS စနစ်ကြောင့် ဖြစ်တာပါ။ User တချို့က Third-party App တချို့မှာ ကင်မရာကို ဖွင့်တဲ့အခါ ဆူညံတဲ့ အသံထွက်လာတယ်လို့လည်း ပြောပါတယ်။

Update မှာ တခြား Bug တွေကိုလည်း ပြင်ဆင်ပေးထားပြီး iOS 16 မှာ ပါလာတဲ့ Copy/Paste Bug လည်း အပါအဝင် ဖြစ်ပါတယ်။ Copy/Paste လုပ်တဲ့အခါမှာ Permission တွေကို မကြာခဏ စိတ်ပျက်စရာကောင်းလောက်အောင်တောင်းနေတာကို ပြင်ဆင်ပေးထားပါတယ်။

Apple rolls out iOS 16.0.2, addressing camera shake on new iPhones and copy/paste bug

Update မှာ iPhone X , XR နဲ့ iPhone 11 တို့မှာ ဖြစ်နေတဲ့ Touch Input မရတဲ့ ပြဿနာကို ဖြေရှင်းပေးထားပါတယ်။

အဲဒီ Update ကို iPhone တွေအတွက်က စတင် ဖြန့်ချိပေးနေပြီ ဖြစ်ပြီး Settings> General> Software Update ထဲမှာ ရယူနိုင်ပါတယ်။

Ref : gsmarena