[Zawgyi]

မွတ္တမ္းေတြအရ ၂၀၁၈ ရဲ႕ ေနာက္ဆုံးသုံးလအတြင္း Smartwatch ေတြရဲ႕ တင္ပို႔ေရာင္းခ်မႈဟာ အလုံးေရ ၁၈ သန္း ျဖစ္ေၾကာင္း ေတြ႕ရွိရပါတယ္။ ဒါဟာ စံခ်ိန္သစ္ျဖစ္ခဲ့ၿပီး တစ္ႏွစ္ထက္တစ္ႏွစ္ တိုးတက္လာမႈက ၅၆ ရာခိုင္ႏႈန္းျဖစ္တယ္လို႔ သိရပါတယ္။

အခုလို တိုးတက္မ်ားျပားလာတဲ့ Smartwatch ေဈးကြက္ရဲ႕ တစ္ဝက္ေလာက္ကို ရယူထားတာကေတာ့ Apple ျဖစ္ၿပီး အေမရိကန္ကုမၸဏီႀကီးဟာ ေဈးကြက္ကို မိုမိုခ်ဲ႕ထြင္ႏိုင္လာတာလည္း ျဖစ္ပါတယ္။ ေဈးကြက္ရဲ႕ ထိပ္တန္း စာရင္းမွာ Apple, Fitbit, Samsung, Garmin စတဲ့ ကုမၸဏီေတြက ဦးေဆာင္ေနတာကိုလည္း ေတြ႕ရပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၈ တစ္ႏွစ္လုံးမွာ စုစုေပါင္း တင္ပို႔ေရာင္းခ်မႈဟာ ၄၅ သန္းေက်ာ္ျဖစ္ခဲ့ၿပီး Apple က တစ္ဝက္နီးပါးျဖစ္တဲ့ ၂၂.၅ သန္းကို တင္ပို႔ေရာင္းခ်ခဲ့တာ ျဖစ္ပါတယ္။ Apple ရဲ႕ေနာက္မွာေတာ့ Fitbit က ၅.၅ သန္းနဲ႔ ဒုတိယေနရာကလိုက္ေနေပမယ့္လည္း ပမာဏက အေတာ္ေလးကို ကြာဟေနပါတယ္။ တတိယေနရာက Samsung ကေတာ့ ၅.၃ သန္းျဖစ္တာကို ေတြ႕ရပါတယ္။

Samsung ဟာ ေနာက္ဆုံးကြာတားမွာ Fitbit ထက္ အနည္းငယ္ပိုမ်ားတဲ့ တင္ပို႔ေရာင္းခ်မႈကို ပိုင္ဆိုင္ခဲ့တာကို ေတြ႕ရပါတယ္။ အေၾကာင္းကေတာ့ Galaxy Watch ေတြဟာ ေျမာက္အေမရိကနဲ႔ အာရွေဈးကြက္ေတြမွာ လူႀကိဳက္မ်ားခဲ့တာေၾကာင့္ ျဖစ္ပါတယ္။ Galaxy Watch Active ကလည္း အလားတူ လူႀကိဳက္မ်ားလိမ့္မယ္လို႔ ယုံၾကည္ရပါတယ္။

Ref: GSMArena

[Unicode]

၂၀၁၈ မှာ ဖွံ့ဖြိုးလာတဲ့ Smartwatch ဈေးကွက်တစ်ဝက်ကို Apple ရယူထား

မှတ်တမ်းတွေအရ ၂၀၁၈ ရဲ့ နောက်ဆုံးသုံးလအတွင်း Smartwatch တွေရဲ့ တင်ပို့ရောင်းချမှုဟာ အလုံးရေ ၁၈ သန်း ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ဒါဟာ စံချိန်သစ်ဖြစ်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် တိုးတက်လာမှုက ၅၆ ရာခိုင်နှုန်းဖြစ်တယ်လို့ သိရပါတယ်။

အခုလို တိုးတက်များပြားလာတဲ့ Smartwatch ဈေးကွက်ရဲ့ တစ်ဝက်လောက်ကို ရယူထားတာကတော့ Apple ဖြစ်ပြီး အမေရိကန်ကုမ္ပဏီကြီးဟာ ဈေးကွက်ကို မိုမိုချဲ့ထွင်နိုင်လာတာလည်း ဖြစ်ပါတယ်။ ဈေးကွက်ရဲ့ ထိပ်တန်း စာရင်းမှာ Apple, Fitbit, Samsung, Garmin စတဲ့ ကုမ္ပဏီတွေက ဦးဆောင်နေတာကိုလည်း တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ တစ်နှစ်လုံးမှာ စုစုပေါင်း တင်ပို့ရောင်းချမှုဟာ ၄၅ သန်းကျော်ဖြစ်ခဲ့ပြီး Apple က တစ်ဝက်နီးပါးဖြစ်တဲ့ ၂၂.၅ သန်းကို တင်ပို့ရောင်းချခဲ့တာ ဖြစ်ပါတယ်။ Apple ရဲ့နောက်မှာတော့ Fitbit က ၅.၅ သန်းနဲ့ ဒုတိယနေရာကလိုက်နေပေမယ့်လည်း ပမာဏက အတော်လေးကို ကွာဟနေပါတယ်။ တတိယနေရာက Samsung ကတော့ ၅.၃ သန်းဖြစ်တာကို တွေ့ရပါတယ်။

Samsung ဟာ နောက်ဆုံးကွာတားမှာ Fitbit ထက် အနည်းငယ်ပိုများတဲ့ တင်ပို့ရောင်းချမှုကို ပိုင်ဆိုင်ခဲ့တာကို တွေ့ရပါတယ်။ အကြောင်းကတော့ Galaxy Watch တွေဟာ မြောက်အမေရိကနဲ့ အာရှဈေးကွက်တွေမှာ လူကြိုက်များခဲ့တာကြောင့် ဖြစ်ပါတယ်။ Galaxy Watch Active ကလည်း အလားတူ လူကြိုက်များလိမ့်မယ်လို့ ယုံကြည်ရပါတယ်။

Ref: GSMArena