[Zawgyi]

Apple ရဲ႕ CEO Tim Cook က iPhone ဝယ္လိုအားေလ်ာ့နည္းရျခင္း နဲ႔ပတ္သက္ၿပီး ရင္းႏွီးျမႇဳပ္ႏွံသူေတြဆီ ေပးစာအျဖစ္ ထုတ္ျပန္ခဲ့ပါတယ္။ စာထဲမွာေတာ့ ၂၀၁၈ ထုတ္ iPhone XS, XS Max ေတြရဲ႕ေရာင္းအား က်ဆင္းလာရျခင္းအေၾကာင္းကို ေရသားထားတာ ျဖစ္ပါတယ္။

စာထဲကအေၾကာင္းအရာအခ်ိဳ႕ကို အက်ဥ္းအားျဖင့္ေဖာ္ျပရမယ္ဆိုရင္ေတာ့ အေမရိကန္ေဒၚလာတန္ဖိုး ျမင့္တက္ေနျခင္းကလည္း iPhone သစ္ေတြ ေရာင္းအားက်ရတဲ့ အေၾကာင္းအရင္းတစ္ခ်က္ျဖစ္ေၾကာင္း၊ အေမရိကန္ေဒၚလာေငြတန္ဖိုးျမင့္တက္ျခင္းက ေဈးကြက္အခ်ိဳ႕အတြက္ iPhone ေတြရဲ႕ တန္ဖိုးက ပိုမို ျမင့္မားသြားေစေၾကာင္း Tim Cook က ေရးသားထားပါတယ္။

၂၀၁၈ မွာ ပုံစံသစ္နဲ႔ iPhone သစ္ေတြထြက္ေပၚလာေပမယ့္လည္း ေဈးႏႈန္းကေတာ့ အေတာ္ေလးကို ျမင့္တက္ေနတာ အမွန္ပဲ ျဖစ္ပါတယ္။ ဥပမာအားျဖင့္ iPhone 8 ရဲ႕တန္ဖိုးဟာ $ 599 (၉ သိန္းနီးပါး) ျဖစ္ေပမယ့္ ေဈးအနိမ့္ဆုံး အမ်ိဳးအစား iPhone XR ရဲ႕ တန္ဖိုးက $749 (၁၁ သိန္းခြဲနီးပါး) ျဖစ္ေနၿပီး $150 (၂ သိန္း၄ ေသာင္းနီးပါး) ေလာက္ ေဈးႀကီးေနပါတယ္။ ေဈးအႀကီးဆုံး အမ်ိဳးအစားျဖစ္တဲ့ iPhone XS Max ရဲ႕ အနိမ့္ဆုံးေဈးႏႈန္းက $ 1,099 (၁၇သိန္းနီးပါး) ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း လက္ေတြ႕ေရာင္းခ်ခ်ိန္မွာ iPhone XR ထက္ Model ေဟာင္းျဖစ္တဲ့ iPhone 8 ကိုပဲ ေ႐ြးခ်ယ္ဝယ္ယူမႈက ပိုမ်ားသြားတဲ့အေျခအေနနဲ႔ ႀကဳံေတြ႕ခဲ့ရပါတယ္။

ဒါ့အျပင္ သုံးစြဲသူအမ်ားစုဟာ iPhone အသစ္ကို မဝယ္ၾကဘဲ ယခင္ iPhone အေဟာင္းေတြကိုပဲ ဘက္ထရီအသစ္ျပန္လဲၿပီး အသုံးျပဳေနၾကတာကလည္း အဓိကအေၾကာင္းရင္းတစ္ခ်က္ျဖစ္ေၾကာင္း ေရးသားထားပါတယ္။ Apple ဟာ iPhone models အေဟာင္းတစ္ခ်ိဳ႕ကို ေႏွးေကြးေအာင္ျပဳလုပ္ခဲ့ေၾကာင္း ဝန္ခံၿပီးတဲ့ေနာက္ ဘက္ထရီလဲလွယ္ခေတြကိုလည္း ေလွ်ာ့ခ်ေပးခဲ့တာ ျဖစ္ပါတယ္။

Apple အေနနဲ႔ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလကစၿပီး ေရာင္းခ်ရမႈပမာဏအေၾကာင္း အေသးစိတ္ထုတ္ျပန္ေၾကညာျခင္း မျပဳလုပ္ေတာ့တာေၾကာင့္ iPhone အသစ္ေတြရဲ႕ ေရာင္းအားနဲ႔ပတ္သက္ၿပီး အတိအက်သိရွိရျခင္းမရွိေတာ့ပါဘူး။ ဒါေပမယ့္လည္း ထုတ္လုပ္မႈနယ္ပယ္က ထြက္လာတဲ့ သတင္းေတြနဲ႔ ေဈးကြက္စစ္တမ္းေကာက္ယူမႈ အခ်က္အလက္ေတြက ေဖာ္ျပေနတာကေတာ့ iPhone သစ္ေတြရဲ႕ ေရာင္းအားဟာ မူလေမွ်ာ္မွန္းထားတာရဲ႕ တစ္ဝက္ေလာက္သာရွိတယ္ဆိုတာပါပဲ။ အခုေတာ့ Apple ကိုယ္တိုင္က ဝယ္လိုအားေလ်ာ့နည္းေနျခင္းေၾကာင့္ ေဒၚလာ ၉ ဘီလီယံေလာက္ နစ္နာသြားႏိုင္တယ္လို႔ ထုတ္ေဖာ္ဝန္ခံခဲ့ရၿပီျဖစ္ပါတယ္။

Ref: The Verge

[Unicode]

ဝယ်လိုအားလျော့နည်းမှုကြောင့် ဒေါ်လာ ၉ ဘီလီယံလောက် နစ်နာသွားနိုင်ကြောင်း Apple ဖွင့်ဟ

Apple ရဲ့ CEO Tim Cook က iPhone ဝယ်လိုအားလျော့နည်းရခြင်း နဲ့ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံသူတွေဆီ ပေးစာအဖြစ် ထုတ်ပြန်ခဲ့ပါတယ်။ စာထဲမှာတော့ ၂၀၁၈ ထုတ် iPhone XS, XS Max တွေရဲ့ရောင်းအား ကျဆင်းလာရခြင်းအကြောင်းကို ရေသားထားတာ ဖြစ်ပါတယ်။

စာထဲကအကြောင်းအရာအချို့ကို အကျဉ်းအားဖြင့်ဖော်ပြရမယ်ဆိုရင်တော့ အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်နေခြင်းကလည်း iPhone သစ်တွေ ရောင်းအားကျရတဲ့ အကြောင်းအရင်းတစ်ချက်ဖြစ်ကြောင်း၊ အမေရိကန်ဒေါ်လာငွေတန်ဖိုးမြင့်တက်ခြင်းက ဈေးကွက်အချို့အတွက် iPhone တွေရဲ့ တန်ဖိုးက ပိုမို မြင့်မားသွားစေကြောင်း Tim Cook က ရေးသားထားပါတယ်။

၂၀၁၈ မှာ ပုံစံသစ်နဲ့ iPhone သစ်တွေထွက်ပေါ်လာပေမယ့်လည်း ဈေးနှုန်းကတော့ အတော်လေးကို မြင့်တက်နေတာ အမှန်ပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် iPhone 8 ရဲ့တန်ဖိုးဟာ $ 599 (၉ သိန်းနီးပါး) ဖြစ်ပေမယ့် ဈေးအနိမ့်ဆုံး အမျိုးအစား iPhone XR ရဲ့ တန်ဖိုးက $749 (၁၁ သိန်းခွဲနီးပါး) ဖြစ်နေပြီး $150 (၂ သိန်း၄ သောင်းနီးပါး) လောက် ဈေးကြီးနေပါတယ်။ ဈေးအကြီးဆုံး အမျိုးအစားဖြစ်တဲ့ iPhone XS Max ရဲ့ အနိမ့်ဆုံးဈေးနှုန်းက $ 1,099 (၁၇သိန်းနီးပါး) ဖြစ်ပါတယ်။ ဒါကြောင့်လည်း လက်တွေ့ရောင်းချချိန်မှာ iPhone XR ထက် Model ဟောင်းဖြစ်တဲ့ iPhone 8 ကိုပဲ ရွေးချယ်ဝယ်ယူမှုက ပိုများသွားတဲ့အခြေအနေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ဒါ့အပြင် သုံးစွဲသူအများစုဟာ iPhone အသစ်ကို မဝယ်ကြဘဲ ယခင် iPhone အဟောင်းတွေကိုပဲ ဘက်ထရီအသစ်ပြန်လဲပြီး အသုံးပြုနေကြတာကလည်း အဓိကအကြောင်းရင်းတစ်ချက်ဖြစ်ကြောင်း ရေးသားထားပါတယ်။ Apple ဟာ iPhone models အဟောင်းတစ်ချို့ကို နှေးကွေးအောင်ပြုလုပ်ခဲ့ကြောင်း ဝန်ခံပြီးတဲ့နောက် ဘက်ထရီလဲလှယ်ခတွေကိုလည်း လျှော့ချပေးခဲ့တာ ဖြစ်ပါတယ်။

Apple အနေနဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလကစပြီး ရောင်းချရမှုပမာဏအကြောင်း အသေးစိတ်ထုတ်ပြန်ကြေညာခြင်း မပြုလုပ်တော့တာကြောင့် iPhone အသစ်တွေရဲ့ ရောင်းအားနဲ့ပတ်သက်ပြီး အတိအကျသိရှိရခြင်းမရှိတော့ပါဘူး။ ဒါပေမယ့်လည်း ထုတ်လုပ်မှုနယ်ပယ်က ထွက်လာတဲ့ သတင်းတွေနဲ့ ဈေးကွက်စစ်တမ်းကောက်ယူမှု အချက်အလက်တွေက ဖော်ပြနေတာကတော့ iPhone သစ်တွေရဲ့ ရောင်းအားဟာ မူလမျှော်မှန်းထားတာရဲ့ တစ်ဝက်လောက်သာရှိတယ်ဆိုတာပါပဲ။ အခုတော့ Apple ကိုယ်တိုင်က ဝယ်လိုအားလျော့နည်းနေခြင်းကြောင့် ဒေါ်လာ ၉ ဘီလီယံလောက် နစ်နာသွားနိုင်တယ်လို့ ထုတ်ဖော်ဝန်ခံခဲ့ရပြီဖြစ်ပါတယ်။

Ref: The Verge