[Zawgyi]

ၿပီးခဲ့တဲ့ႏွစ္က iPhone ေတြကရတဲ့ ဝင္ေငြဟာ ယခင္ႏွစ္ေတြထက္ ၁၅ ရာခိုင္ႏႈန္းထိ က်ဆင္းသြားခဲ့ရပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး Apple ဟာ iPhone ေတြရဲ႕ ေဈးႏႈန္းေတြကို ျပန္ၿပီး စဥ္းစားသုံးသပ္ေတာ့မယ္လို႔ သိရပါတယ္။ Reuters နဲ႔ ေတြ႕ဆုံေမးျမန္းခန္းမွာ Cook က ေငြေၾကးပိုင္းဆိုင္ရာ ေျပာင္းလဲမႈေတြက iPhone ေတြရဲ႕ ေဈးႏႈန္းကို ပိုၿပီးျမင့္မာလာေစတယ္လို႔ ေျပာခဲ့ပါတယ္။

ကမာၻ႔ႏိုင္ငံေတြရဲ႕ ေငြေၾကးတန္ဖိုးဆိုင္ရာ အေျခအေနေတြက အၿမဲတမ္းေျပာင္းလဲေနတဲ့အတြက္ ဒီႏွစ္ iPhone တစ္လုံးရဲ႕တန္ဖိုးဟာ အရင္ႏွစ္က တန္ဖိုးထက္ ပိုၿပီးျမင့္မားေနတာကို ျမင္ေတြ႕ရမွာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ Apple အေနနဲ႔ ေဈးကြက္အခ်ိဳ႕ရဲ႕အေျခအေနကို ျပန္သုံးသပ္ၿပီး သင့္ေလ်ာ္မယ့္ေဈးႏႈန္းေတြကို ျပင္ဆင္သတ္မွတ္သြားဖို႔ ရွိတယ္လို႔ Cook က ေျပာပါတယ္။

ဒါေၾကာင့္ Apple ဟာ မက္ခ႐ိုစီးပြားေရးအေျခအေနကို ျပန္သုံးသပ္ၿပီး အေမရိကန္ေဒၚလာနဲ႔ ေရာင္းခ်မယ့္အစား ေဈးကြက္ရဲ႕ ေဒသသုံးေငြေၾကးနဲ႔ပဲ ေဈးႏႈန္းသတ္မွတ္ၿပီး ေရာင္းခ်သြားေတာ့မယ္လို႔လည္း Cook က ထည့္သြင္းေျပာဆိုခဲ့ပါတယ္။ ဒီလိုေျပာင္းလဲလိုက္ျခင္းအားျဖင့္ ေရာင္းအားနည္းေနတဲ့ ေဈးကြက္ေတြအတြက္ ေရာင္းအားျမင့္လာေစမယ္လို႔လည္း Apple က ယုံၾကည္ေနတာ ျဖစ္ပါတယ္။

Apple ဟာ အေမရိကန္ေငြေၾကးတန္ဖိုးရဲ႕ မာေက်ာမႈ (တန္ဖိုးျမင့္မႈ) က ကမာၻအႏွံ႔အျပားမွာ iPhone ေတြကို ေဈးပိုႀကီးသြားေစေၾကာင္း ဝင္ေငြစစ္တမ္းကေနတစ္ဆင့္ သိရွိခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ေငြေၾကးလဲလွယ္မႈ တန္ဖိုးအလိုက္ iPhone ေတြရဲ႕ တန္ဖိုးကလည္း ပိုျမင့္တက္လာၿပီး ေရာင္းအားက်သြားတာေၾကာင့္ Apple အတြက္ ဝင္ေငြလည္းေလ်ာ့နည္းခဲ့ရတာ ျဖစ္ပါတယ္။

Apple ရဲ႕ ေဒသတြင္းေငြေၾကးနဲ႔ေဈးႏႈန္းသတ္မွတ္မႈဟာ ဘယ္ႏိုင္ငံေတြမွာစတင္မလဲဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးဘဲ ရွိေနပါတယ္။ ဘာပဲျဖစ္ျဖစ္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြအတြက္ကေတာ့ iPhone ေတြကို ျပည္တြင္းသုံးေငြေၾကးနဲ႔ပဲ ပိုသက္သာတဲ့ေဈးႏႈန္းနဲ႔ ဝယ္ယူႏိုင္ဖို႔ နီးစပ္ေနၿပီလို႔ ဆိုရမွာ ျဖစ္ပါတယ္။

Ref: The Verge

[Unicode]

မျိူးဆက်သစ် iPhone တွေကို ဒေသသုံးငွေကြေးပေါ်မူတည်ပြီး စျေးလျော့ရောင်းသွားမယ့် Apple

ပြီးခဲ့တဲ့နှစ်က iPhone တွေကရတဲ့ ဝင်ငွေဟာ ယခင်နှစ်တွေထက် ၁၅ ရာခိုင်နှုန်းထိ ကျဆင်းသွားခဲ့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး Apple ဟာ iPhone တွေရဲ့ ဈေးနှုန်းတွေကို ပြန်ပြီး စဉ်းစားသုံးသပ်တော့မယ်လို့ သိရပါတယ်။ Reuters နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ Cook က ငွေကြေးပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေက iPhone တွေရဲ့ ဈေးနှုန်းကို ပိုပြီးမြင့်မာလာစေတယ်လို့ ပြောခဲ့ပါတယ်။

ကမ္ဘာ့နိုင်ငံတွေရဲ့ ငွေကြေးတန်ဖိုးဆိုင်ရာ အခြေအနေတွေက အမြဲတမ်းပြောင်းလဲနေတဲ့အတွက် ဒီနှစ် iPhone တစ်လုံးရဲ့တန်ဖိုးဟာ အရင်နှစ်က တန်ဖိုးထက် ပိုပြီးမြင့်မားနေတာကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် Apple အနေနဲ့ ဈေးကွက်အချို့ရဲ့အခြေအနေကို ပြန်သုံးသပ်ပြီး သင့်လျော်မယ့်ဈေးနှုန်းတွေကို ပြင်ဆင်သတ်မှတ်သွားဖို့ ရှိတယ်လို့ Cook က ပြောပါတယ်။

ဒါကြောင့် Apple ဟာ မက်ခရိုစီးပွားရေးအခြေအနေကို ပြန်သုံးသပ်ပြီး အမေရိကန်ဒေါ်လာနဲ့ ရောင်းချမယ့်အစား ဈေးကွက်ရဲ့ ဒေသသုံးငွေကြေးနဲ့ပဲ ဈေးနှုန်းသတ်မှတ်ပြီး ရောင်းချသွားတော့မယ်လို့လည်း Cook က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒီလိုပြောင်းလဲလိုက်ခြင်းအားဖြင့် ရောင်းအားနည်းနေတဲ့ ဈေးကွက်တွေအတွက် ရောင်းအားမြင့်လာစေမယ်လို့လည်း Apple က ယုံကြည်နေတာ ဖြစ်ပါတယ်။

Apple ဟာ အမေရိကန်ငွေကြေးတန်ဖိုးရဲ့ မာကျောမှု (တန်ဖိုးမြင့်မှု) က ကမ္ဘာအနှံ့အပြားမှာ iPhone တွေကို ဈေးပိုကြီးသွားစေကြောင်း ဝင်ငွေစစ်တမ်းကနေတစ်ဆင့် သိရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ငွေကြေးလဲလှယ်မှု တန်ဖိုးအလိုက် iPhone တွေရဲ့ တန်ဖိုးကလည်း ပိုမြင့်တက်လာပြီး ရောင်းအားကျသွားတာကြောင့် Apple အတွက် ဝင်ငွေလည်းလျော့နည်းခဲ့ရတာ ဖြစ်ပါတယ်။

Apple ရဲ့ ဒေသတွင်းငွေကြေးနဲ့ဈေးနှုန်းသတ်မှတ်မှုဟာ ဘယ်နိုင်ငံတွေမှာစတင်မလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ ရှိနေပါတယ်။ ဘာပဲဖြစ်ဖြစ် ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက်ကတော့ iPhone တွေကို ပြည်တွင်းသုံးငွေကြေးနဲ့ပဲ ပိုသက်သာတဲ့ဈေးနှုန်းနဲ့ ဝယ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။

Ref: The Verge