Apple ဟာ ယခုနှစ်အတွင်းမှာ MacBook Pro တွေကို 14″ နဲ့ 16″ Version ဆိုပြီး Design ပြောင်းလဲပြီး မိတ်ဆက်ဖို့စီစဥ်နေတာဖြစ်ပါတယ်။ အဆိုပါ MacBook Pro အသစ်တွေဟာ Design ပြောင်းလဲလာမယ့်အပြင် Display အနေနဲ့လည်း Mini-LED Display ကို စတင်အသုံးပြုလာမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အစောပိုင်းတုန်းက Apple ဟာ Mini-LED Display အတွက် ပစ္စည်းအလုံအလောက်ရရှိခြင်းမရှိတဲ့အတွက် MacBook Pro အသစ်တွေကို လာမယ့် အောက်တိုဘာဝန်းကျင်မှပဲ မိတ်ဆက်နိုင်တော့မယ်ဆိုပြီး သတင်းထွက်ခဲ့ပါတယ်။ အခုအချိန်မှာတော့ Apple ကနေ အဆိုပါ ပြဿနာကို ဖြေရှင်းနိုင်လိုက်ပြီဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင် Apple ဟာ Mini-LED Display ထုတ်လုပ်ဖို့အတွက် နောက်ထပ် Supplier ကုမ္ပဏီ ၂ ခုနဲ့ ချိတ်ဆက်နိုင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ အဆိုပါ Supplier တွေကတော့ Zhen Ding Technology နဲ့ Tripod Technology တွေဖြစ်တယ်လို့ သိရပါတယ်။ Tripod Technology ဟာဆိုရင် လက်ရှိ iPad Pro 12.9″ မှာ အသုံးပြုထားတဲ့ Mini-LED Display ကိုလည်း ကူညီထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

Apple အနေနဲ့အခုလိုမျိုး Mini-LED Display တွေကို အမြောက်အများထုတ်လုပ်နိုင်တော့မှာဖြစ်တဲ့အတွက် MacBook Pro 14″ နဲ 16″ Laptop အသစ်တွေကို လာမယ့် စက်တင်ဘာလမှာ မိတ်ဆက်သွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ MacBook Pro အသစ်တွေဟာ လက်ရှိ Apple M1 Chip ထက် စွမ်းဆောင်ရည်ပိုကောင်းမွန်တဲ့ M1X Chip ကို အသုံးပြုထားမှာဖြစ်ပြီး Port တွေကိုလည်း ပိုပြီးစုံလင်အောင် ထည့်ပေးထားမှာဖြစ်ပါတယ်။

Ref – GSM Arena