စစ်တမ်းအသစ် ၁ ခုအရ Apple ဟာ ဒီနှစ် ကွာတား ၂ ဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်း စံချိန်တင် ဝင်ငွေ အကောင်းဆုံး ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ စမတ်ဖုန်း ဈေးကွက်ဟာ ကွာတား အလိုက် ကျဆင်းနေပါတယ်။

Counterpoint Research ရဲ့ စစ်တမ်းအရ ကွာတား ၂ ဈေးကွက်ဟာ ကွာတား ၁ ဖြစ်တဲ့ ဇန်နဝါရီလကနေ မတ်လအတွင်း ဈေးကွက်ထက် ၇ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ ဒါပေမယ့် ၂၀၂၀ ခုနှစ်ကထက် ၁၉ ရာခိုင်နှုန်း တက်လာပါတယ်။ လက်ရှိ ရင်ဆိုင်နေရတဲ့ ဖုန်း အစိတ်အပိုင်းတွေ ပြတ်လပ်မှုကြောင့် ကွာတား ၂ မှာ အရင်ကွာတားထက်  ရောင်းအားကျသွားတာပါ။ ဒီနှစ်ရောင်းအားဟာ အရင်နှစ်ထက် တက်လာတာက ဒီနှစ် အစောပိုင်းမှာ ကိုဗစ် ကပ်ရောဂါ ငြိမ်သက်နေပြီး အလုပ်အကိုင်တွေ ပြန်လည် အဆင်ပြေလာလို့ ဖြစ်ပါတယ်။

Apple

ဒီနှစ် ကွာတား ၂ ရဲ့ ဝင်ငွေအပိုင်းကို ကြည့်ရင် Apple ဟာ ၄၁ ရာခိုင်နှုန်းနဲ့ နံပါတ် ၁ နေရာကို သိမ်းပိုက်ထားပါတယ်။ Samsung က ၁၅ ရာခိုင်နှုန်း၊ Xiaomi က ၉ ရာခိုင်နှုန်းနဲ့ နံပါတ် ၂ ၊ နံပါတ် ၃ နေရာကို အသီးသီး ရရှိထားပါတယ်။ OPPO နဲ့ Vivo တို့ကလည်း ၉ ရာခိုင်နှုန်း ရထားတဲ့အတွက် Xiaomi နဲ့ တန်းတူရှိနေပါတယ်။

Apple

ကွာတား ၂ ရဲ့ စမတ်ဖုန်း ရောင်းအားကို ကြည့်ရင်တော့ Apple ဟာ အလုံးရေ ၄၉ သန်းနဲ့ နံပါတ် ၃ နေရာကို ရောက်သွားပါတယ်။ နံပါတ် ၁ နေရာကို Samsung က ၅၈ သန်း၊ နံပါတ် ၂ နေရာကို Xiaomi က ၅၃ သန်းနဲ့ သိမ်းပိုက်ထားပါတယ်။ OPPO နဲ့ Vivo တို့က ၃၄ သန်း၊ ၃၃ သန်းနဲ့ နံပါတ် ၄ နဲ့ ၅ နေရာကို ရထားပါတယ်။

Ref : gizmochina