Apple ဟာပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းတုန်းက $399 ကနေ စတင်တဲ့ iPhone SE (2020) ကို စတင်ရောင်းချခဲ့တာဖြစ်ပါတယ်။ အဆိုပါ iPhone SE ဟာ iPhone 8 Design ကိုမှ A13 Bionic Chip နဲ့ Camera ပိုင်းအနည်းငယ်ပြောင်းလဲပြီး ထုတ်လုပ်ခဲ့တာလည်းဖြစ်ပါတယ်။

အခုလည်း Taiwan Economic Daily ကနေ ဖော်ပြလိုက်တဲ့ Report အရ Apple ဟာ iPhone SE 2020 ကို ပြီးခဲ့တဲ့ ၂၀၂၀ ဒုတိယ ၃ လပတ်အတွင်းမှာတင် အလုံးရေ ၁၂ သန်းကနေ ၁၄ သန်းဝန်းကျင်အထိ ရောင်းချရခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒါက ဧပြီလကုန်ပိုင်းမှ စတင်ရောင်းချခဲ့တာဖြစ်တဲ့အတွက် ၂ လကျော်အချိန်အတွင်းမှာ ဒီလောက်ထိရောင်းချနိုင်ခဲ့တာကတော့ အထင်ကြီးစရာပါ။

iPhone SE ဟာ Apple ကနေလက်ရှိရောင်းချနေတဲ့ iPhone တွေထဲမှာ စျေးအသက်သာဆုံးဖြစ်သလို iPhone 11 Series တွေမှာအသုံးပြုထားတဲ့ A13 Bionic Chip ကိုပဲ အသုံးပြုထားတဲ့အတွက် တခြားစျေးနှုန်းတူ Mid Range ဖုန်းတွေထက် စွမ်းဆောင်ရည်ပိုင်းမှာ သိသိသာသာကိုပိုကောင်းနေတာလည်းဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ တခြားသော iPhone တွေအတိုင်း နောက်ထပ် ၄ နှစ်လောက်အထိကို Software Update ရရှိနေဦးမှာလည်းဖြစ်ပါတယ်။

တခြားသောစျေးနှုန်းတူဖုန်းတွေမှာ ပါဝင်ခြင်းမရှိတဲ့ IP67 Water Resistant Feature ၊ Stereo Speakers ၊ Wireless Charging အပြင် 18W Fast Charging ကိုပါ Support ပြုလုပ်နိုင်တဲ့အပြင် 4K 60fps Video တွေကိုပါ ရိုက်ကူးနိုင်တဲ့အတွက် iPhone SE ဟာ ပေးရတဲ့စျေးနဲ့တန်တယ်လို့ ပြောနိုင်တဲ့ဖုန်းတစ်လုံးဖြစ်ပါတယ်။

ဒါပေမယ့်လည်း iPhone SE ဟာ သေးငယ်တဲ့ 4.7″ Retina HD Display နဲ့ iPhone 8 Design ကိုပဲအသုံးပြုထားပြီး တခြားသော စျေးနှုန်းတူ Mid Range ဖုန်းတွေနဲ့ယှဥ်မယ်ဆိုရင်ဘေးဘောင်တွေထူနေတာကိုလည်း ဝေဖန်ခံခဲ့ရပါသေးတယ်။ Camera ပိုင်းအနေနဲ့လည်း Single 12MP Back Camera နဲ့ 7MP Selfie Camera Setup ဟာ iPhone 11 လိုမျိုး ဖုန်းတွေလောက်တော့ မစွမ်းဆောင်နိုင်သလို Night Mode လည်း သီးသန့်ပါဝင်ခြင်းမရှိပါဘူး။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး COVID-19 ဗိုင်းရပ်စ်လည်းဖြစ်ပွားနေတဲ့အချိန်ဖြစ်တဲ့ ၂ လကျော်ကာလအတွင်းမှာ အလုံးရေ ၁၂ သန်းကျော်ရောင်းချနိုင်ခဲ့တဲ့အတွက် iPhone SE ဟာ iPhone 11 ကို ကျော်လွန်ပြီး Apple အတွက် ရောင်းအားအကောင်းဆုံးစမတ်ဖုန်းတောင်ဖြစ်လာနိုင်ပါတယ်။

Ref – Gizmo China