[Zawgyi]

Apple က iPhone 7 ေတြကို အိႏၵိယမွာ စတင္ထုတ္လုပ္ေနၿပီဆိုတဲ့ သတင္းက သိပ္ၿပီး ထူးထူးျခားျခား ခံစားရမွာ မဟုတ္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ လြန္ခဲ့တဲ့ ၂၀၁၇ ခုႏွစ္ကတည္းက Apple နဲ႔ Foxconn တို႔က iPhone SE ေတြကို အိႏၵိယမွာ ထုတ္လုပ္ခဲ့လို႔ပါပဲ။

၂၀၁၈ ခုႏွစ္အေစာပိုင္းမွာလည္း iPhone 6S ေမာ္ဒယ္သစ္ေတြကို အိႏၵိယစက္႐ုံမွာပဲ ထပ္မံထုတ္လုပ္ခဲ့ပါေသးတယ္။ ဒီေနာက္ပိုင္းႏွစ္ေတြမွာ အိႏၵိယအစိုးရက ျပည္ပကေန စမတ္ဖုန္းတင္သြင္းမႈအတြက္ ျမင့္မားတဲ့ အခြန္ႏႈန္းသတ္မွတ္ၿပီး၊ ျပည္တြင္းမွာ တပ္ဆင္ထုတ္လုပ္ဖို႔ စမတ္ဖုန္းအစိတ္အပိုင္းေတြ တင္သြင္းတာအတြက္ေတာ့ အခြန္ႏႈန္းေတြ ေလွ်ာ့ခ်ေပးခဲ့ပါတယ္။ ဒါက Apple အတြက္ iPhone ေတြကို နယ္ေျမေျပာင္းၿပီး ထုတ္လုပ္ဖို႔ တြန္းအားတစ္ရပ္လည္း ျဖစ္ေစခဲ့ပါတယ္။

အရင္တုန္းက အိႏၵိယမွာ ထုတ္ခဲ့တာေတြက Apple ရဲ႕ အရည္အေသြးအျမင့္ဆုံးေတြ မဟုတ္ခဲ့ပါဘူး။ အခုေတာ့ iPhone SE, iPhone 6S ေတြတင္မကေတာ့ပါဘူး။ iPhone 7 ကိုလည္း ထုတ္လုပ္ေနပါၿပီ။ တကယ္စိတ္ဝင္စားဖို႔ေကာင္းတာက ဒီလိုမ်ိဳး iPhone 7 ေတြထုတ္လုပ္ၿပီးရင္ iPhone X နဲ႔ XS ေတြကိုပါ ထုတ္လုပ္သြားဖို႔ အဆင္သင့္ ျဖစ္ေနၿပီဆိုတဲ့ သတင္းပါပဲ။ တရားဝင္ မေၾကညာေသးလို႔ ေကာလာဟလအျဖစ္ သတ္မွတ္ထားရေသးတယ္ ဆိုေပမယ့္ အမွန္တကယ္ ျဖစ္ႏိုင္ေျခရွိတဲ့ သတင္းလို႔ပဲ ဆိုရမွာပါ။

အိႏၵိယမွာ အဆင့္ျမင့္ iPhone ေတြတကယ္ထုတ္ျဖစ္သြားမယ္ဆိုရင္ ေသခ်ာတာကေတာ့ Apple ဟာ အိႏၵိယေဈးကြက္ကို ပစ္မွတ္ထားေနၿပီဆိုတာပါပဲ။ အိႏၵိယမွာထုတ္လို႔ အခြန္ႏႈန္းေတြ သိသိသာသာေလ်ာ့က်သြားတဲ့အတြက္ အခုေနာက္ပိုင္း Apple တို႔ ေျခဦးလွည့္လာတဲ့ ေဈးႏႈန္းမဟာဗ်ဴဟာအတြက္လည္း အမ်ားႀကီးအေထာက္အကူ ျဖစ္ပါလိမ့္မယ္။ ေနာက္တစ္ခ်က္က အိႏၵိယေဈးကြက္မွာ Apple တို႔ ပိုၿပီးေတာ့ ျဖန႔္က်က္ႏိုင္ဦးမွာ ျဖစ္ပါတယ္။ ရည္႐ြယ္ခ်က္ကေတာ့ ၿပိဳင္ဘက္ေတြရဲ႕ ေဈးကြက္ေဝစုကို ေလွ်ာ့ခ်ဖို႔ပဲ ျဖစ္ပါလိမ့္မယ္။

Ref: GSM Arena

[Unicode]

အိန္ဒိယမှာ iPhone 7 ထုတ်ပြီးရင် XR နဲ့ XS တွေပါ ဆက်ထုတ်သွားမယ့် Apple

Apple က iPhone 7 တွေကို အိန္ဒိယမှာ စတင်ထုတ်လုပ်နေပြီဆိုတဲ့ သတင်းက သိပ်ပြီး ထူးထူးခြားခြား ခံစားရမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက Apple နဲ့ Foxconn တို့က iPhone SE တွေကို အိန္ဒိယမှာ ထုတ်လုပ်ခဲ့လို့ပါပဲ။

၂၀၁၈ ခုနှစ်အစောပိုင်းမှာလည်း iPhone 6S မော်ဒယ်သစ်တွေကို အိန္ဒိယစက်ရုံမှာပဲ ထပ်မံထုတ်လုပ်ခဲ့ပါသေးတယ်။ ဒီနောက်ပိုင်းနှစ်တွေမှာ အိန္ဒိယအစိုးရက ပြည်ပကနေ စမတ်ဖုန်းတင်သွင်းမှုအတွက် မြင့်မားတဲ့ အခွန်နှုန်းသတ်မှတ်ပြီး၊ ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်ဖို့ စမတ်ဖုန်းအစိတ်အပိုင်းတွေ တင်သွင်းတာအတွက်တော့ အခွန်နှုန်းတွေ လျှော့ချပေးခဲ့ပါတယ်။ ဒါက Apple အတွက် iPhone တွေကို နယ်မြေပြောင်းပြီး ထုတ်လုပ်ဖို့ တွန်းအားတစ်ရပ်လည်း ဖြစ်စေခဲ့ပါတယ်။

အရင်တုန်းက အိန္ဒိယမှာ ထုတ်ခဲ့တာတွေက Apple ရဲ့ အရည်အသွေးအမြင့်ဆုံးတွေ မဟုတ်ခဲ့ပါဘူး။ အခုတော့ iPhone SE, iPhone 6S တွေတင်မကတော့ပါဘူး။ iPhone 7 ကိုလည်း ထုတ်လုပ်နေပါပြီ။ တကယ်စိတ်ဝင်စားဖို့ကောင်းတာက ဒီလိုမျိုး iPhone 7 တွေထုတ်လုပ်ပြီးရင် iPhone X နဲ့ XS တွေကိုပါ ထုတ်လုပ်သွားဖို့ အဆင်သင့် ဖြစ်နေပြီဆိုတဲ့ သတင်းပါပဲ။ တရားဝင် မကြေညာသေးလို့ ကောလာဟလအဖြစ် သတ်မှတ်ထားရသေးတယ် ဆိုပေမယ့် အမှန်တကယ် ဖြစ်နိုင်ခြေရှိတဲ့ သတင်းလို့ပဲ ဆိုရမှာပါ။

အိန္ဒိယမှာ အဆင့်မြင့် iPhone တွေတကယ်ထုတ်ဖြစ်သွားမယ်ဆိုရင် သေခြာတာကတော့ Apple ဟာ အိန္ဒိယဈေးကွက်ကို ပစ်မှတ်ထားနေပြီဆိုတာပါပဲ။ အိန္ဒိယမှာထုတ်လို့ အခွန်နှုန်းတွေ သိသိသာသာလျော့ကျသွားတဲ့အတွက် အခုနောက်ပိုင်း Apple တို့ ခြေဦးလှည့်လာတဲ့ ဈေးနှုန်းမဟာဗျူဟာအတွက်လည်း အများကြီးအထောက်အကူ ဖြစ်ပါလိမ့်မယ်။ နောက်တစ်ချက်က အိန္ဒိယဈေးကွက်မှာ Apple တို့ ပိုပြီးတော့ ဖြန့်ကျက်နိုင်ဦးမှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ပြိုင်ဘက်တွေရဲ့ ဈေးကွက်ဝေစုကို လျှော့ချဖို့ပဲ ဖြစ်ပါလိမ့်မယ်။

Ref: GSM Arena