တရုတ် မျက်နှာပြင် ထုတ်လုပ်သူ Beijing Oriental Electronics (BOE) ဟာ iPhone 14 Series ရဲ့ OLED မျက်နှာပြင်တွေ ထုတ်လုပ်ပေးဖို့ Apple နဲ့ သဘောတူညီမှုရခဲ့တယ်ဆိုတဲ့ သတင်းကို အရင်က ကြားသိခဲ့ရပါတယ်။ ဒါပေမယ့် တောင်ကိုရီးယား မီဒီယာ The Elec က ကုမ္ပဏီဟာ iPhone 14 မျက်နှာပြင်တွေ ထုတ်လုပ်ဖို့ Apple ဆီကနေ ခွင့်ပြုချက် မရသေးဘဲ Apple ဟာ BOE ဆီကနေ OLED မျက်နှာပြင် သန်း ၃၀ မှာယူမယ့် အစီအစဉ်ကို ဖျက်သိမ်းနိုင်တယ်လို့ ပြောပါတယ်။

Report: Apple boosts iPhone 14 OLED orders to 150 million, BOE struggling - Crast.net

ဘာ့ကြောင့်လဲဆိုတော့ ပုံထွက်ပိုကောင်းစေဖို့ ဒီနှစ် အစောပိုင်းက iPhone 13 OLED မျက်နှာပြင်တွေရဲ့ Circuit Width ဒီဇိုင်းကို တဖက်သတ် ပြောင်းလဲခဲ့လို့ ဖြစ်ပြီး အဲဒါကြောင့် Apple ဟာ မျက်နှာပြင်တွေ ထုတ်လုပ်တာ ရပ်နားဖို့ BOE ကို တောင်းဆိုခဲ့ပါတယ်။

Apple's display supplier may lose a significant iPhone 14 order after being detected cutting costs, according to reports -

BOE ဟာ iPhone 13 ရဲ့ OLED မျက်နှာပြင် ထုတ်လုပ်တာကို ဖေဖော်ဝါရီလကတည်းက ရပ်နားခဲ့တာ ဖြစ်ပြီး The Elec က ကုမ္ပဏီဟာ C-level အရာရှိနဲ့ ဝန်ထမ်း တချို့ကို Apple ရုံးချုပ်ကို စေလွှတ်ကာ တဖက်သတ် ဒီဇိုင်းပြောင်းလဲခဲ့ရတဲ့ အကြောင်းကို ရှင်းပြစေခဲ့တယ်လို့ ပြောပါတယ်။ BOE ဟာ iPhone 14 OLED မျက်နှာပြင် ထုတ်လုပ်ခွင့်ကို Apple ဆီကနေ တောင်းဆိုခဲ့ပေမယ့် Apple က ခွင့်မပြုသေးပါဘူး။

Apple ဟာ Samsung Display နဲ့ LG Display တို့အပေါ်မှီခိုနေရတာကို လျှော့ချဖို့ တခြား မျက်နှာပြင် ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကို ရှာဖွေနေပါတယ်။ အခုတော့ iPhone 14 မျက်နှာပြင် ထုတ်လုပ်ဖို့ BOE ကို ခွင့်မပြုတော့ဘူးဆိုရင် မျက်နှာပြင် သန်း ၃၀ ဟာ Samsung Display နဲ့ LG Display တို့အတွက် ဖြစ်သွားနိုင်ပါတယ်။

Ref : gsmarena