တစ်ကမ္ဘာလုံး စမတ်ဖုန်း သုံးစွဲသူ အရေအတွက်မှာ Apple ဟာ Samsung ကို ကျော်တက်သွားပါတယ်။ Atlas VPN က လေ့လာဆန်းစစ်ထားတဲ့ GlobalStats ရဲ့ Mobile Vendor Market Share Worldwide စစ်တမ်းမှာ Apple ဟာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှာ ဈေးကွက်ဝေစု ၂၇.၁ ရာခိုင်နှုန်းနဲ့ Samsung က ၂၆.၇၅ ရာခိုင်နှုန်းရထားပါတယ်။

Apple ရဲ့ အောင်မြင်မှုဟာ လူကြိုက်များမှုကြောင့် ဖြစ်ပြီး အထူးသဖြင့် အရည်အသွေး ကောင်းတဲ့ ဓါတ်ပုံတွေ ရိုက်ချင်သူတွေ နှစ်သက်ကြပါတယ်။ နောက်ဆုံးထုတ် iPhone 14 Series ကြောင့်လည်း အခုလို ရောင်းအားကောင်းလာတာပါ။

IPhone 14 Pro Max

Samsung ဟာ စမတ်ဖုန်း လောကမှာ နှစ်များစွာကြာ ဦးဆောင်လာပေမယ့် အခုတော့ Apple က ကျော်တက်သွားပါတယ်။ ဒါဟာ ရေတိုလား ၊ ရေရှည်လား ဆိုတာ ဆက်လက် စောင့်ကြည့်ရမှာပါ။

စစ်တမ်းမှာ Xiaomi က ဈေးကွက်ဝေစု ၁၂.၂၉ ရာခိုင်နှုန်း၊ OPPO က ၆.၈၆ ရာခိုင်နှုန်းနဲ့ Huawei က ၄.၈၄ ရာခိုင်နှုန်း ရထားပါတယ်။ စမတ်ဖုန်း လောကမှာ ယှဉ်ပြိုင်လာတဲ့ Brand တွေ ပိုမိုများပြားလာတာလည်း တွေ့ရပါတယ်။

Atlas VPN မှ Vilius Kardelis က Apple ဟာ အားကောင်းတဲ့ Brand Image ၊ Customer သစ္စာရှိမှုနဲ့ ထိရောက်တဲ့ ကြော်ငြာတွေကြောင့် ဆက်လက် အောင်မြင်ဦးမယ်လို့ တွက်ချက်ထားပါတယ်။ Samsung ကတော့ Apple ကို ပြန်လိုက်မီဖို့ တီထွင်ဆန်းသစ်မှု လိုအပ်နေတယ်လို့ သူက သုံးသပ်ပါတယ်။

Ref : gizchina