Apple ဟာ အလိုအလျောက် မောင်းနှင်တဲ့ Self-Driving Car နဲ့ အလုပ်ရှုပ်နေခဲ့တာကြာပါပြီ။ ဒါပေမယ့် ဒီတစ်ခါမှာတော့ သူ့ရဲ့ ကားအသစ်ကို အရင်ထက်ပိုပြီး အဆင့်မြှင့်နိုင်ခဲ့ပြီလို့ ထင်ရပါတယ်။

Source : Macrumors.com

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက Lexus SUV တစ်စီးဟာ Sunnyvale, California မှာရှိတဲ့ Apple ရုံးပတ်ဝန်းကျင်နဲ့ အိမ်တွေကြားမှာ လျှောက်မောင်းနေခဲ့ပါတယ်။ ဒါ့အပြင် အဲ့ကားဟာ Apple Sunnyvale Research Center ရဲ့ Car Parking Lot ကိုလည်းဝင်ခဲ့ပါတယ်။ဒီကားဟာ Lidar Sensor တွေ တပ်ဆင်ထားပြီး ခေါင်မိုးမှာတော့ Camera တွေနဲ့ GPS ကိုတပ်ဆင်ထားပါတယ်။ ကားထဲမှာတော့ Passenger Seat မှာ လူတစ်ယောက် ထိုင်နေတာကို တွေ့ရပါတယ်။ ဒါ့အပြင် ဒီကားဟာ အရင်ထက် အဆင့်မြင့်လာပြီလို့ ပြောရတဲ့ အကြောင်းအရင်းကတော့ အရင်က Puck-Shaped Lidar တွေနဲ့ Camera တွေကို အဆင့်မြှင့်လိုက်နိုင်လို့ပါ။ Lidar Sensor တွေနဲ့ Camera တွေ GPS တွေဟာ Self-Driving Car တစ်စီးဖြစ်ဖို့ အသက်လို့တောင် ဆိုလို့ရပါတယ်။

Source : Macrumors.com

Apple ဟာ သူ့ရဲ့ Self-Driving Car နဲ့ ပတ်သတ်တာတွေကို အခုထိ တရားဝင် မကြေညာသေးပါဘူး။ ဒါပေမယ့် CEO ဖြစ်သူ Tim Cook ကတော့ Self-Driving Car တွေအတွက် AI System တွေကိုတော့ စိတ်ဝင်စားတယ်လို့ ပြောဖူးပါတယ်။ တကယ်လို့များ Self-Driving Car တွေသာ AI နဲ့ ဖြစ်လာခဲ့ရင် လူတွေအတွက် အန္တရာယ် မရှိနိုင်ဘူးလာ။ AI တွေက အကြွင်းမဲ့ ယုံကြည်လို့ရပါ့မလား။ ပရိတ်သတ်ကြီးလည်း ဝင်ဆွေးနွေးသွားကြပါဦး။