Apple ဟာ သူ့ရဲ့ Ultra-classic ထုတ်ကုန်နှစ်မျိုးဖြစ်တဲ့ iPad air 2 နဲ့ iPad mini 2 တို့ကို ခေတ်မမီတော့တဲ့ အဟောင်းစာရင်းထဲကို သွင်းလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အဆိုပါ Device တွေဟာ သူတို့ရဲ့ နောက်ဆုံးတင်ပို့ရောင်းချမှုကတောင် ၅ နှစ်ကျော်နေခဲ့တာလည်း ဖြစ်ပါတယ်။

iPad Air2 ကို လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် အောက်တိုဘာလမှာ ပထမဦးဆုံးအဖြစ် ပွဲထုတ်ခဲ့တာပါ။ ဒါဟာ Touch ID fingerprint sensor ပါဝင်တဲ့ ပထမဆုံး iPad Air လည်း ဖြစ်ခဲ့ပါတယ်။ iPad Air2 ဟာ Apple ရဲ့ A8X processor ကို အသုံးပြုခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာမှာတော့ iPad mini 2 ကို မိတ်ဆက်ခဲ့ပြီး Retina iPad mini လို့လည်း လူသိများခဲ့ပါတယ်။

Retina မျက်နှာပြင်ကိုပြောင်းပြီးတဲ့နောက် သူဟာ 2048 x 1536 ကို အဆင့်မြှင်တင်ခြင်းခံခဲ့ရပါတယ်။ အခြားတစ်ဘက်မှာလည်း အနည်းငယ်ပိုလေးပြီး၊ ပိုထူခဲ့ပါတယ်။ တက်ဘလက်ဟာ iPhone 5s မှာ မိတ်ဆက်ခဲ့တဲ့ A7 processor နဲ့ M7 ပေါင်းစပ် Processor ကို အသုံးပြုထားတာလည်း ဖြစ်ပါတယ်။

ခေတ်ဟောင်း ထုတ်ကုန်စာရင်းထဲက Device တွေဟာ လွန်ခဲ့တဲ့ ငါးနှစ်နဲ့ ခုနစ်နှစ်ဝန်းကျင်လောက်ကတည်းက Apple က ရောင်းချခြင်း မပြုခဲ့တဲ့ Device တွေကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ အဆိုပါ Device ဟောင်းတွေအတွက် ခုနစ်နှစ်အထိ ဝန်ဆောင်မှုနဲ့ အစိတ်အပိုင်းတွေကို ပံ့ပိုးပေးပေမဲ့လည်း ပြုပြင်မှုအပိုင်းကတော့ အစိတ်အပိုင်းရရှိနိုင်မှုအပေါ်မှာပဲ မူတည်တာ ဖြစ်ပါတယ်။

Ref: Gizchina