[Unicode]

Apple က တန်ဖိုးနည်း iPhone 9 ကို ဖေဖော်ဝါရီလမှာ စတင် ထုတ်လုပ်ပြီး မတ်လမှာ ကြေညာမယ်လို့ Bloomberg က ပြောပါတယ်။ iPhone 9 ထုတ်လုပ်တာကို ထိုင်ဝမ် အခြေစိုက် ကုမ္ပဏီတွေဖြစ်တဲ့ Hon Hai Precision Industry(Foxconn), Pegatron Corp နဲ့ Winstron Corp တို့ ခွဲဝေလုပ်ကိုင်ကြမှာပါ။

ပေါက်ကြားထွက်ပေါ်လာတဲ့သတင်းအရ iPhone 9 ဟာ iPhone 8 ရဲ့ ဒီဇိုင်းနဲ့ တူမှာ ဖြစ်ပြီး Touch ID Home Button ပါလာမှာပါ။ ၄.၇ လက်မ မျက်နှာပြင်နဲ့ iPhone 11 မှာပါတဲ့ Apple A13 Bionic Chipset တွေထည့်သွင်းထားမှာ ဖြစ်ပါတယ်။

တခြား သတင်းတွေက တန်ဖိုးနည်း iPhone 9 မှာ iPhone 8 ရဲ့ ဒီဇိုင်း ပါလာမှာ ဖြစ်ပေမယ့် Home Button အစား Face ID ထည့်သွင်းထားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ၅.၄ လက်မ မျက်နှာပြင် ပါလာမယ်လို့ သိရတဲ့အတွက် အဲဒီ အရွယ်အစားဟာ ၂၀၂၀ ခုနှစ်နဲ့ ကွက်တိဖြစ်နေမှာပါ။

တန်ဖိုးနည်း iPhone ရဲ့ သတင်းအချက်အလက်တွေ ထွက်ပေါ်နေတာ နှစ်များစွာ ကြာနေပါပြီ။ ၂၀၁၇ ခုနှစ်က သတင်းစတင် ထွက်ပေါ်ခဲ့ပြီး ၂၀၁၈ ခုနှစ် အစောပိုင်းမှာ ကြေညာမယ်လို့ ထင်ခဲ့ကြပါတယ်။ ၂၀၁၉ ခုနှစ်နှောင်းပိုင်းမှာ သတင်းထပ်မံထွက်လာခဲ့ပြီး ၂၀၂၀ ခုနှစ်မှာ တကယ်ထွက်လာမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Ref : gsmarena

[Zawgyi]

Apple က ေဖေဖာ္ဝါရီလမွာ iPhone 9 စတင္ ထုတ္လုပ္ႏိုင္

Apple က တန္ဖိုးနည္း iPhone 9 ကို ေဖေဖာ္ဝါရီလမွာ စတင္ ထုတ္လုပ္ၿပီး မတ္လမွာ ေၾကညာမယ္လို႔ Bloomberg က ေျပာပါတယ္။ iPhone 9 ထုတ္လုပ္တာကို ထိုင္ဝမ္ အေျခစိုက္ ကုမၸဏီေတြျဖစ္တဲ့ Hon Hai Precision Industry(Foxconn), Pegatron Corp နဲ႔ Winstron Corp တို႔ ခြဲေဝလုပ္ကိုင္ၾကမွာပါ။

ေပါက္ၾကားထြက္ေပၚလာတဲ့သတင္းအရ iPhone 9 ဟာ iPhone 8 ရဲ႕ ဒီဇိုင္းနဲ႔ တူမွာ ျဖစ္ၿပီး Touch ID Home Button ပါလာမွာပါ။ ၄.၇ လက္မ မ်က္ႏွာျပင္နဲ႔ iPhone 11 မွာပါတဲ့ Apple A13 Bionic Chipset ေတြထည့္သြင္းထားမွာ ျဖစ္ပါတယ္။

တျခား သတင္းေတြက တန္ဖိုးနည္း iPhone 9 မွာ iPhone 8 ရဲ႕ ဒီဇိုင္း ပါလာမွာ ျဖစ္ေပမယ့္ Home Button အစား Face ID ထည့္သြင္းထားမယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ ၅.၄ လက္မ မ်က္ႏွာျပင္ ပါလာမယ္လို႔ သိရတဲ့အတြက္ အဲဒီ အ႐ြယ္အစားဟာ ၂၀၂၀ ခုႏွစ္နဲ႔ ကြက္တိျဖစ္ေနမွာပါ။

တန္ဖိုးနည္း iPhone ရဲ႕ သတင္းအခ်က္အလက္ေတြ ထြက္ေပၚေနတာ ႏွစ္မ်ားစြာ ၾကာေနပါၿပီ။ ၂၀၁၇ ခုႏွစ္က သတင္းစတင္ ထြက္ေပၚခဲ့ၿပီး ၂၀၁၈ ခုႏွစ္ အေစာပိုင္းမွာ ေၾကညာမယ္လို႔ ထင္ခဲ့ၾကပါတယ္။ ၂၀၁၉ ခုႏွစ္ေႏွာင္းပိုင္းမွာ သတင္းထပ္မံထြက္လာခဲ့ၿပီး ၂၀၂၀ ခုႏွစ္မွာ တကယ္ထြက္လာမလားဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

Ref : gsmarena