[Zawgyi]

Apple ဟာ Intel က စြန႔္ပစ္လိုက္တဲ့ စမတ္ဖုန္း Modem လုပ္ငန္းကို အေမရိကန္ေဒၚလာ ၁ဘီလီယံနဲ႔ ဝယ္ယူဖို႔ ညႇိႏႈိင္းေနတာဟာ သေဘာတူညီမႈရရွိသြားတာ ျဖစ္ႏိုင္ေၾကာင္း The Wall Street Journal က ေရးသားေဖာ္ျပခဲ့ပါတယ္။ ဒါ့အျပင္ ဒီသေဘာတူညီမႈအေၾကာင္းကို လာမယ့္တစ္ပတ္ အေစာပိုင္းမွာ တရားဝင္ေၾကညာဖြယ္ရွိတယ္လို႔လည္း ေဖာ္ျပခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီလတုန္းကေတာ့ Intel ဟာ 5G Modem လုပ္ငန္းရွိေနေၾကာင္း ေၾကညာခဲ့ပါတယ္။ ဒါေပမယ့္ Apple က Qualcomm နဲ႔ အံ့အားသင့္ဖြယ္ရာ ပူးေပါင္းမႈရရွိခဲ့ၿပီးတဲ့ေနာက္ အေျခအေနက ေျပာင္းလဲခဲ့တာ ျဖစ္ပါတယ္။ Intel ရဲ႕ CEO Bob Swan ကလည္း Apple နဲ႔ Qualcomm တို႔အဆင္ေျပသြားတာေၾကာင့္ သူတို႔ရဲ႕ Modem လုပ္ငန္းကို စြန႔္ပစ္ေတာ့မယ္လို႔ ဖြင့္ေျပာခဲ့ပါတယ္။

Intel ဟာ Apple လိုအပ္ေနတဲ့ 5G modem ကို iPhone ေတြေဈးကြက္ထဲပို႔မယ့္အခ်ိန္နဲ႔ ကိုက္ညီေအာင္မထုတ္လုပ္ေပးႏိုင္တဲ့အတြက္ Qualcomm ကိုပဲ ေ႐ြးခ်ယ္ခဲ့ရတာျဖစ္တယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။ ဒါေပမယ့္ Qualcomm နဲ႔အလုပ္လုပ္ရတာဟာ ကန႔္သတ္ခ်က္မ်ားၿပီး ႏွစ္အပိုင္းအျခားလိုက္ သေဘာတူညီမႈနဲ႔သာ လုပ္ကိုင္ရတာျဖစ္တဲ့အတြက္ ေရရွည္ကို ရည္႐ြယ္ထားျခင္းမရွိဘူးလို႔ ဆိုရမွာပါ။

Apple နဲ႔ Qualcomm တို႔ သေဘာတူညီမႈရသြားနဲ႔ေနာက္မွာ Intel ဟာ သူတို႔ရဲ႕ Modem လုပ္ငန္းကို ဝယ္ယူမယ့္သူ ရွာေဖြခဲ့ပါေသးတယ္။ အခုေတာ့ Apple က ဝယ္ယူဖို႔ျဖစ္လာတာပါ။ ကိုယ္ပိုင္ Modem ထုတ္ဖို႔ ႀကိဳးစားေနတဲ့ Apple ဟာ Intel ရဲ႕ လုပ္ငန္းကို ဝယ္ယူလိုက္ျခင္းအားျဖင့္ ဝန္ထမ္းေတြေရာ မူပိုင္ခြင့္ပါ ရရွိသြားမွာ ျဖစ္တဲ့အတြက္ အလြန္ပဲအေထာက္အကူျဖစ္သြားမယ္လို႔ ယူဆရပါတယ္။

Ref: The Verge

[Unicode]

Intel ရဲ့ 5G Modem လုပ်ငန်းကို ဒေါ်လာ ၁ ဘီလီယံနဲ့ Apple က ဝယ်ယူတော့မယ်လို့ သတင်းထွက်ပေါ်လာ

Apple ဟာ Intel က စွန့်ပစ်လိုက်တဲ့ စမတ်ဖုန်း Modem လုပ်ငန်းကို အမေရိကန်ဒေါ်လာ ၁ဘီလီယံနဲ့ ဝယ်ယူဖို့ ညှိနှိုင်းနေတာဟာ သဘောတူညီမှုရရှိသွားတာ ဖြစ်နိုင်ကြောင်း The Wall Street Journal က ရေးသားဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ဒီသဘောတူညီမှုအကြောင်းကို လာမယ့်တစ်ပတ် အစောပိုင်းမှာ တရားဝင်ကြေညာဖွယ်ရှိတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းကတော့ Intel ဟာ 5G Modem လုပ်ငန်းရှိနေကြောင်း ကြေညာခဲ့ပါတယ်။ ဒါပေမယ့် Apple က Qualcomm နဲ့ အံ့အားသင့်ဖွယ်ရာ ပူးပေါင်းမှုရရှိခဲ့ပြီးတဲ့နောက် အခြေအနေက ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ Intel ရဲ့ CEO Bob Swan ကလည်း Apple နဲ့ Qualcomm တို့အဆင်ပြေသွားတာကြောင့် သူတို့ရဲ့ Modem လုပ်ငန်းကို စွန့်ပစ်တော့မယ်လို့ ဖွင့်ပြောခဲ့ပါတယ်။

Intel ဟာ Apple လိုအပ်နေတဲ့ 5G modem ကို iPhone တွေဈေးကွက်ထဲပို့မယ့်အချိန်နဲ့ ကိုက်ညီအောင်မထုတ်လုပ်ပေးနိုင်တဲ့အတွက် Qualcomm ကိုပဲ ရွေးချယ်ခဲ့ရတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် Qualcomm နဲ့အလုပ်လုပ်ရတာဟာ ကန့်သတ်ချက်များပြီး နှစ်အပိုင်းအခြားလိုက် သဘောတူညီမှုနဲ့သာ လုပ်ကိုင်ရတာဖြစ်တဲ့အတွက် ရေရှည်ကို ရည်ရွယ်ထားခြင်းမရှိဘူးလို့ ဆိုရမှာပါ။

Apple နဲ့ Qualcomm တို့ သဘောတူညီမှုရသွားနဲ့နောက်မှာ Intel ဟာ သူတို့ရဲ့ Modem လုပ်ငန်းကို ဝယ်ယူမယ့်သူ ရှာဖွေခဲ့ပါသေးတယ်။ အခုတော့ Apple က ဝယ်ယူဖို့ဖြစ်လာတာပါ။ ကိုယ်ပိုင် Modem ထုတ်ဖို့ ကြိုးစားနေတဲ့ Apple ဟာ Intel ရဲ့ လုပ်ငန်းကို ဝယ်ယူလိုက်ခြင်းအားဖြင့် ဝန်ထမ်းတွေရော မူပိုင်ခွင့်ပါ ရရှိသွားမှာ ဖြစ်တဲ့အတွက် အလွန်ပဲအထောက်အကူဖြစ်သွားမယ်လို့ ယူဆရပါတယ်။

Ref: The Verge