[Zawgyi]

Apple ရဲ႕ ၂၀၁၈ iPhone ေတြက ထင္သေလာက္ ေရာင္းမစြံတာ စမတ္ဖုန္းေလာကမွာ ေျပာစရာတစ္ခုလို ျဖစ္ေနပါေတာ့တယ္။ ဒီေန႔ေခတ္ စမတ္ဖုန္းသုံးစြဲသူေတြအႀကိဳက္ မ်က္ႏွာျပင္ႀကီးႀကီးနဲ႔ ဒီဇိုင္းကိုေတာင္ ေျပာင္းလဲ ထုတ္လုပ္ခဲ့ေပမယ့္ လက္ေတြ႕မွာေတာ့ မွန္းခ်က္နဲ႔ ႏွမ္းထြက္ မကိုက္ဘူး ျဖစ္ေနတာပါ။

iPhone X ေတြထဲမွာ ထူးထူးျခားျခား ေဈးသက္သာတဲ့ iPhone XR ကို ပိုၿပီးေရာင္းရမယ္လို႔ ေမွ်ာ္လင့္ထားခဲ့ေပမယ့္ တကယ္တမ္း ေဈးကြက္တင္လိုက္ခ်ိန္မွာ ေရာင္းအားက လူတိုင္းကို အံ့အားသင့္ေစပါတယ္။ အဲဒီအစား iPhone 8 ေတြကေတာင္ ေရာင္းအားပိုတက္လာပါေသးတယ္။

Apple ဟာ ဒီႏွစ္ထဲမွာ iPhone XR ကို အလုံးေရ သန္း ၉၀ နဲ႔ ၉၅ သန္းၾကား ေရာင္းခ်ႏိုင္လိမ့္မယ္လို႔ ေမွ်ာ္မွန္းထားတာပါ။ ဒါေပမယ့္ ေဈးကြက္တင္ၿပီး အေျခအေနကို ၾကည့္ၿပီးေတာ့ ၈၈ သန္းသာ ထုတ္လုပ္ဖို႔ ေျပာင္းလဲ ဆုံးျဖတ္ခဲ့ပါေသးတယ္။ အခု ေနာက္ဆုံး ဆန္းစစ္ခ်က္ေတြအရ Apple အေနနဲ႔ iPhone XR ရဲ႕ ထုတ္လုပ္မႈကို ၇၄ သန္းေလာက္ထိ ေလွ်ာ့ခ်ျဖစ္ဖို႔ လိုအပ္ေနေၾကာင္း ေတြ႕လာရပါေတာ့တယ္။

ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ၁၁ ရက္ေန႔မွာ ျပဳလုပ္ခဲ့တဲ့ တ႐ုတ္ရဲ႕ Singles Day ေဈးေရာင္းပြဲမွာေတာ့ iPhone XR ရဲ႕ ေရာင္းအားက အေတာ္ေလးကို တိုးတက္လာခဲ့ပါေသးတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အဲဒီေဈးေရာင္းပြဲအတြက္ iPhone XR ေတြကို ၁၀% နဲ႔ ၁၅% ၾကား ေလွ်ာ့ေဈးေတြ ေပးလိုက္လို႔ပါပဲ။

ေကာင္းတဲ့ဘက္က ေျပာရမယ္ဆိုရင္ေတာ့ Rosenblatt ရဲ႕ တစ္လအတြင္း ေရာင္းအားဆန္းစစ္ခ်က္အရ iPhone XR ရဲ႕ ေရာင္းရႏႈန္းက iPhone XS Max ရဲ႕ ေရာင္းရႏႈန္းနဲ႔ တူညီေနၿပီး iPhone XS ထက္ ပိုေရာင္းရတယ္ဆိုတာပါပဲ။

Ref: GSMarena

 

[Unicode]

Apple ရဲ့ ၂၀၁၈ iPhone တွေက ထင်သလောက် ရောင်းမစွံတာ စမတ်ဖုန်းလောကမှာ ပြောစရာတစ်ခုလို ဖြစ်နေပါတော့တယ်။ ဒီနေ့ခေတ် စမတ်ဖုန်းသုံးစွဲသူတွေအကြိုက် မျက်နှာပြင်ကြီးကြီးနဲ့ ဒီဇိုင်းကိုတောင် ပြောင်းလဲ ထုတ်လုပ်ခဲ့ပေမယ့် လက်တွေ့မှာတော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘူး ဖြစ်နေတာပါ။

iPhone X တွေထဲမှာ ထူးထူးခြားခြား ဈေးသက်သာတဲ့ iPhone XR ကို ပိုပြီးရောင်းရမယ်လို့ မျှော်လင့်ထားခဲ့ပေမယ့် တကယ်တမ်း ဈေးကွက်တင်လိုက်ချိန်မှာ ရောင်းအားက လူတိုင်းကို အံ့အားသင့်စေပါတယ်။ အဲဒီအစား iPhone 8 တွေကတောင် ရောင်းအားပိုတက်လာပါသေးတယ်။

Apple ဟာ ဒီနှစ်ထဲမှာ iPhone XR ကို အလုံးရေ သန်း ၉၀ နဲ့ ၉၅ သန်းကြား ရောင်းချနိုင်လိမ့်မယ်လို့ မျှော်မှန်းထားတာပါ။ ဒါပေမယ့် ဈေးကွက်တင်ပြီး အခြေအနေကို ကြည့်ပြီးတော့ ၈၈ သန်းသာ ထုတ်လုပ်ဖို့ ပြောင်းလဲ ဆုံးဖြတ်ခဲ့ပါသေးတယ်။ အခု နောက်ဆုံး ဆန်းစစ်ချက်တွေအရ Apple အနေနဲ့ iPhone XR ရဲ့ ထုတ်လုပ်မှုကို ၇၄ သန်းလောက်ထိ လျှော့ချဖြစ်ဖို့ လိုအပ်နေကြောင်း တွေ့လာရပါတော့တယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ တရုတ်ရဲ့ Singles Day ဈေးရောင်းပွဲမှာတော့ iPhone XR ရဲ့ ရောင်းအားက အတော်လေးကို တိုးတက်လာခဲ့ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီဈေးရောင်းပွဲအတွက် iPhone XR တွေကို ၁၀% နဲ့ ၁၅% ကြား လျှော့ဈေးတွေ ပေးလိုက်လို့ပါပဲ။

ကောင်းတဲ့ဘက်က ပြောရမယ်ဆိုရင်တော့ Rosenblatt ရဲ့ တစ်လအတွင်း ရောင်းအားဆန်းစစ်ချက်အရ iPhone XR ရဲ့ ရောင်းရနှုန်းက iPhone XS Max ရဲ့ ရောင်းရနှုန်းနဲ့ တူညီနေပြီး iPhone XS ထက် ပိုရောင်းရတယ်ဆိုတာပါပဲ။

Ref: GSMarena