Apple App store ဟာ ဈေးကွက်တွေပေါ်မှာမူတည်ပြီး သူ့ရဲ့ ဈေးနှုန်း တွေကို တွက်ချက်သတ်မှတ်လေ့ရှိပါတယ်။ ဒါကြောင့် အချို့ဈေးကွက်တွေမှာတော့ ဈေးနှုန်းအနည်းငယ်ပိုမြင့်ပြီး အချို့ဈေးကွက်တွေမှာတော့ နည်းတယ်လို့ ဆိုနိုင်ပါတယ်။ အခု၂၀၂၂ ခုနှစ်အတွက် ဈေးနှုန်းပြင်ဆင်သတ်မှတ်တဲ့ ဈေးကွက်အချို့ ပေါ်ထွက်လာပါပြီ။

Apple က သူ့ရဲ့ App Store ဈေးနှုန်းမြှင့်တင်မှုမှာ အခြား Developer cuts တွေကိုလည်း ပြန်ပြီး ချိန်ညှိဦးမှာဖြစ်တယ်လို့ သိရပါတယ်။ Apps တွေရဲ့ ဈေးနှုန်းမြင့်တက်သွားမဲ့ဈေးကွက်တွေကတော့ ဘာရိန်း၊ ယူကရိန်းနဲ့ ဇင်ဘာဘွေ တို့ဖြစ်တာကို တွေ့ရပါတယ်။ ဒီနိုင်ငံသုံးနိုင်ငံမှာ တိုးမြှင့်တဲ့နှုန်းထားတွေကလည်း မတူညီကြတာကို တွေ့မြင်နိုင်ပါတယ်။

ဘာရိန်းမှာတော့ VAT ဟာ 5% ကနေ 6% အထိ တိုးမြင့်သွားပြီး၊ ယူကရိန်းမှာတော့ VAT 20% ဖြစ်ပါတယ်။ ဇင်ဘာဘွေက အသုံးပြုသူတွေတော့ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုအခွန်သစ်ကြောင့် 5% ပိုပေးရတာ ဖြစ်ပါတယ်။ Oman ကလည်း 5% VAT နဲ့မိတ်ဆက်သွားပြီး Bahamans နဲ့ Tajikistan တို့ကတော့ ဒီနှစ်ထဲမှာ အခွန်လျော့နည်းမဲ့ အခြေအနေဖြစ်ပါတယ်။

Apple ဟာ ဒီအပြောင်းအလဲတွေကိုထေမိဖို့အတွက် Developer cuts တွေကို ချိန်ညှိနေတဲ့အတွက် အဆိုပါ App Stores တွေမှာ End price ပြောင်းလဲသွားမှာမဟုတ်ဘူးလို့ သိရပါတယ်။ သြစတြီးယားမှာလည်း e-books နဲ့ audiobooks တွေအတွက် VAT နှုန်း 10% အထိရှိခဲ့ပြီး Lativa က e-books နဲ့ audiobooks တွေအတွက် VAT ကို 21% ကနေ 5% အထိ လျှော့ချခဲ့သလို ရိုမေးနီးယားက e-books နဲ့ audiobooks တွေအတွက် သူ့ရဲ့ VAT ကို 19% ကနေ 5% အထိ လျှော့ခဲ့ပါတယ်။

Ref: GSM Arena