Apple ဟာ ပြီးခဲ့တဲ့ရက်သတ္တပါတ်တုန်းက ကျင်းပသွားတဲ့ WWDC 2022 Event မှာ MacBook Air ကို 13.6-inch Liquid Retina Display ၊ M2 Chip တွေနဲ့ Design အသစ်ပြောင်းလဲပြီး မိတ်ဆက်သွားခဲ့ပါတယ်။

အခုလည်း Apple ကနေ MacBook Air ကိုပဲ Screen Size ပိုကြီးမားတဲ့ MacBook Air 15-inch အနေနဲ့ ထပ်မံမိတ်ဆက်ဖို့ စီစဥ်နေတယ်ဆိုပြီး သတင်းထွက်ပေါ်လာပါပြီ။ အဆိုပါ MacBook Air 15-inch ကိုတော့ လာမယ့် ၂၀၂၃ ခုနှစ် အစောပိုင်းမှာ မိတ်ဆက်ဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။

နောက်နှစ်မှာထွက်ရှိလာမယ့် MacBook Air 15-inch ဟာဆိုရင် Design ပိုင်းမှာ အခုနောက်ဆုံးမိတ်ဆက်ထားတဲ့ MacBook Air 13-inch နဲ့ ဆင်တူမှာဖြစ်ပြီး M2 Chip ကို အသုံးပြုထားမှာဖြစ်ပါတယ်။ ဒါဟာ Apple ကနေ မိတ်ဆက်ခဲ့တဲ့ MacBook Air Series တွေအားလုံးထဲမှာ Screen Size အကြီးဆုံးလည်းဖြစ်လာမှာပါ။

အခု MacBook Air 15-inch အပြင် Apple ကနေ MacBook 12-inch ကိုလည်း စတင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။ အဆိုပါ MacBook 12-inch ကတော့ Compact ဖြစ်တဲ့ MacBook တစ်လုံးဖြစ်လာမှာဖြစ်ပြီး ပါဝင်လာမယ့် Specification တွေနဲ့ Design ပုံတွေကိုတော့ အတိအကျမသိရသေးပါဘူး။ ဒီ MacBook 12-inch ကိုတော့ လာမယ့် ၂၀၂၃ နှစ်ကုန် ဒါမှမဟုတ် ၂၀၂၄ နှစ်အတွင်းမှပဲ မိတ်ဆက်သွားမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena