Apple က နောက်လမှာ iPhone 14 Series နဲ့ Apple Watch Series 8 ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ အခုတော့ Apple ဟာ iPad မော်ဒယ် အသစ်တွေကို နောက်လ ပွဲမှာ ကြေညာမှာ မဟုတ်ဘဲ အောက်တိုဘာလကျမှ ကြေညာမယ်လို့ သတင်းထွက်လာပါတယ်။ အနည်းဆုံး iPad အသစ် ၂ လုံးကို မိတ်ဆက်မှာ ဖြစ်ပါတယ်။

Apple iPad

Apple ဟာ စွမ်းရည်နိမ့် iPad နဲ့ M2 Chipset ပါတဲ့ iPad Pro ကို ကြေညာမယ်လို့ သတင်းထွက်လာပါတယ်။ ကြေညာမယ့် နေ့ကို မသိရသေးပေမယ့် အောက်တိုဘာလ နှောင်းပိုင်းလောက်မှာ ဖြစ်နိုင်ပါတယ်။

Apple iPad Pro review: New screen, 5G and M1 chip, but FYI it's still not a Mac - CNET

စွမ်းရည်နိမ့် iPad အသစ်ဟာ ၂၀၂၁ ခုနှစ်က ရောင်းချခဲ့တဲ့ iPad 10.2 ရဲ့ မျိုးဆက်သစ် ဖြစ်လာမှာပါ။ ပိုမိုပါးလွှာပြီး ပြားချပ်တဲ့ မျက်နှာပြင်ဘေးဘောင်တွေ ပါလာမှာ ဖြစ်ပြီး အနောက်ဘက်မှာ ကင်မရာ Bump ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ ပိုမို ကြီးမားတဲ့ မျက်နှာပြင်နဲ့ 5G ဆက်သွယ်မှု ပါတဲ့ Apple A14 Bionic Chipset ထည့်သွင်းထားမယ်လို့ ထင်ရပါတယ်။

iPad Pro အသစ်မှာ Apple Silicon M2 Chipset အသစ် မောင်းနှင်ထားမှာ ဖြစ်ပြီး တခြား သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ အဲဒီ တက်ဘလက်တွေ ကြေညာမယ့်အချိန်ဟာ M2 Series ထည့်ထားတဲ့ Device တွေအတွက် ဖန်တီးထားတဲ့ အထူး လုပ်ဆောင်ချက် တချို့ ပါတဲ့ iPadOS 16 ကို ဖြန့်ချိမယ့် အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။

ref : gizmochina