ဗိုင်းရက်စ်ကြောင့် တစ်ကမ္ဘာလုံးမှာ Face Mask တပ်နေကြပါတယ်။ ကျန်းမာရေးကြောင့် Face Mask တပ်တာ ကောင်းပေမယ့် ဖုန်းတွေမှာ Face Unlock သုံးရတာ ပြဿနာတက်လာပါတယ်။ အဲဒီအတွက် Apple က iOS 13.5 Developer Beta Version မှာ Face Mask တပ်ထားရင်တောင် လွယ်ကူစွာ Unlock လုပ်နိုင်အောင် ပြုလုပ်ပေးလိုက်ပါတယ်။

CNBC က ဒီနည်းလမ်းမှာ Face Mask တပ်ထားရင် Passcode ပြောင်းသုံးဖို့ Swipe Up လုပ်နိုင်မယ်လို့ ပြောပါတယ်။ လက်ရှိမှာ iPhone က Mask တပ်ထားတဲ့ မျက်နှာကို အာရုံခံလို့ မရတဲ့အတွက် နည်းနည်း ကြာနေတာက စိတ်ပျက်စရာပါ။ အဲဒီ Update ရဲ့ အလုပ်လုပ်ပုံကို အောက်က Tweet မှာ လေ့လာနိုင်ပါတယ်။

နောက် ၁ နည်းက Face ID ကို ပိတ်လိုက်တာပါ။ ဒီနည်း သုံးရင်တော့ Mask မတပ်ဘဲ အိမ်မှာနေတဲ့အခါမှာ Face Unlock နဲ့ မြန်မြန်ဆန်ဆန် ဖုန်း သုံးလို့ မရဘဲ Passcode ရိုက်ထည့်ရမှာပါ။   Apple ဟာ စွမ်းရည်မြင့် ဖုန်းတွေမှာ Touch ID ကို မဖယ်ရှားထားခဲ့ရင် လက်ဗွေရာ စနစ်နဲ့ မြန်မြန်ဆန်ဆန် Unlock လုပ်နိုင်ပါတယ်။

Apple ဟာ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာကို မသုံးသေးပါဘူး။ အဲဒီအတွက် ဖုန်းဘေးဘက်မှာ လက်ဗွေရာ ကိရိယာ တပ်ဆင်တဲ့ နည်းကို သုံးနိုင်ပါတယ်။ ဒီနည်းလမ်းကို Honor က 9X Pro နဲ့ Samsung က S10e တို့မှာ သုံးထားပါတယ်။

Ref : tnw