[Unicode]

လေ့လာသုံးသပ်ချက်တွေအရ Apple ဟာ လာမယ့် ၂၀၂၀ မှာ ရောင်းချမယ့် iPhone တွေကို ဈေးနှုန်းသိသိသာသာ မြှင့်တင်လာမှာမဟုတ်ဘူးလို့ သိရှိရပါတယ်။ အမေရိကန် နည်းပညာကုမ္ပဏီကြီးဟာ iPhone အသစ်တွေ ထုတ်လုပ်ရောင်းချတိုင်း ဈေးနှုန်းမြင့်တက်လေ့ရှိတာ ဖြစ်ပါတယ်။

ယေဘုယျအားဖြင့် 5G စမတ်ဖုန်းတွေဟာ 4G စမတ်ဖုန်းတွေထက် ဈေးနှုန်းမြင့်မားတာကို တွေ့ရပါလိမ့်မယ်။ ဒါကို လက်ရှိ 5G စမတ်ဖုန်းတွေရဲ့ဈေးနှုန်းတွေက သက်သေခံနေပါတယ်။ ဒါပေမယ့် လာမယ့် 5G iPhone တွေကတော့ အများထင်ထားသလို ဈေးနှုန်းအလွန်အမင်းမြင့်တက်လာတာမျိုး ဖြစ်လာမှာမဟုတ်ပါဘူး။

TF International Securities ရဲ့ လေ့လာသုံးသပ်ချက်အရ iPhone သစ်တွေဟာ အမေရိကန်ဒေါ်လာ ၃၀ ကနေ ဒေါ်လာ ၁၀၀ ကြားသာဈေးနှုန်းမြင့်တက်လာနိုင်ခြေရှိတယ်လို့ သိရပါတယ်။ ပုံမှန်အားဖြင့် 5G နဲ့ဆက်စပ်ပစ္စည်းတွေဟာ ဈေးနှုန်းမြင့်မားလေ့ရှိပါတယ်။ 5G စမတ်ဖုန်းတွေကလည်း ဈေးနှုန်းမြင့်မားလာရခြင်းအကြောင်းရင်းထဲမှာ ဒီအကြောင်းအချက်ကလည်း အဓိကအနေနဲ့ ပါဝင်ပါတယ်။

အကယ်၍ 5G ဆက်စပ်ပစ္စည်းတွေရဲ့ ဈေးနှုန်းကို မလျှော့ချနိုင်ဘဲ 5G စမတ်ဖုန်းတစ်လုံးအတွက် ထုတ်လုပ်မှုစရိတ်ကို လျှော့ချချင်တယ်၊ ရောင်းချမယ့်ဈေးနှုန်းလျှော့ချချင်တယ်ဆိုရင်တော့ အခြားအစိတ်အပိုင်းတွေမှာ အပြောင်းအလဲလုပ်ရမှာ ဖြစ်ပါတယ်။ Apple အနေနဲ့ ဒီနှစ်ထွက်ရှိထားတဲ့ iPhone 11 တွေကို ပြီးခဲ့တဲ့နှစ်ကထွက်ထားတဲ့ iPhone X တွေထက် အများကြီး ဈေးနှုန်းမြင့်တက်မသွားအောင် ထိန်းညှိထားတာကို ကြည့်ခြင်းအားဖြင့် လာမယ့်နှစ်မှာလည်း အလားတူမဟာဗျူဟာကိုပဲ ဆက်ပြီးဆွဲကိုင်သွားမယ်လို့ ယူဆရပါတယ်။

Ref: Gizmochina

[Zawgyi]

ေလ့လာသုံးသပ္ခ်က္မ်ားအရ ၂၀၂၀ 5G iPhone ေတြအေနနဲ႔ ေဈးႏႈန္းသိသိသာသာ ျမင့္တက္လာဖြယ္မရွိေၾကာင္း သိရ

ေလ့လာသုံးသပ္ခ်က္ေတြအရ Apple ဟာ လာမယ့္ ၂၀၂၀ မွာ ေရာင္းခ်မယ့္ iPhone ေတြကို ေဈးႏႈန္းသိသိသာသာ ျမႇင့္တင္လာမွာမဟုတ္ဘူးလို႔ သိရွိရပါတယ္။ အေမရိကန္ နည္းပညာကုမၸဏီႀကီးဟာ iPhone အသစ္ေတြ ထုတ္လုပ္ေရာင္းခ်တိုင္း ေဈးႏႈန္းျမင့္တက္ေလ့ရွိတာ ျဖစ္ပါတယ္။

ေယဘုယ်အားျဖင့္ 5G စမတ္ဖုန္းေတြဟာ 4G စမတ္ဖုန္းေတြထက္ ေဈးႏႈန္းျမင့္မားတာကို ေတြ႕ရပါလိမ့္မယ္။ ဒါကို လက္ရွိ 5G စမတ္ဖုန္းေတြရဲ႕ေဈးႏႈန္းေတြက သက္ေသခံေနပါတယ္။ ဒါေပမယ့္ လာမယ့္ 5G iPhone ေတြကေတာ့ အမ်ားထင္ထားသလို ေဈးႏႈန္းအလြန္အမင္းျမင့္တက္လာတာမ်ိဳး ျဖစ္လာမွာမဟုတ္ပါဘူး။

TF International Securities ရဲ႕ ေလ့လာသုံးသပ္ခ်က္အရ iPhone သစ္ေတြဟာ အေမရိကန္ေဒၚလာ ၃၀ ကေန ေဒၚလာ ၁၀၀ ၾကားသာေဈးႏႈန္းျမင့္တက္လာႏိုင္ေျခရွိတယ္လို႔ သိရပါတယ္။ ပုံမွန္အားျဖင့္ 5G နဲ႔ဆက္စပ္ပစၥည္းေတြဟာ ေဈးႏႈန္းျမင့္မားေလ့ရွိပါတယ္။ 5G စမတ္ဖုန္းေတြကလည္း ေဈးႏႈန္းျမင့္မားလာရျခင္းအေၾကာင္းရင္းထဲမွာ ဒီအေၾကာင္းအခ်က္ကလည္း အဓိကအေနနဲ႔ ပါဝင္ပါတယ္။

အကယ္၍ 5G ဆက္စပ္ပစၥည္းေတြရဲ႕ ေဈးႏႈန္းကို မေလွ်ာ့ခ်ႏိုင္ဘဲ 5G စမတ္ဖုန္းတစ္လုံးအတြက္ ထုတ္လုပ္မႈစရိတ္ကို ေလွ်ာ့ခ်ခ်င္တယ္၊ ေရာင္းခ်မယ့္ေဈးႏႈန္းေလွ်ာ့ခ်ခ်င္တယ္ဆိုရင္ေတာ့ အျခားအစိတ္အပိုင္းေတြမွာ အေျပာင္းအလဲလုပ္ရမွာ ျဖစ္ပါတယ္။ Apple အေနနဲ႔ ဒီႏွစ္ထြက္ရွိထားတဲ့ iPhone 11 ေတြကို ၿပီးခဲ့တဲ့ႏွစ္ကထြက္ထားတဲ့ iPhone X ေတြထက္ အမ်ားႀကီး ေဈးႏႈန္းျမင့္တက္မသြားေအာင္ ထိန္းညႇိထားတာကို ၾကည့္ျခင္းအားျဖင့္ လာမယ့္ႏွစ္မွာလည္း အလားတူမဟာဗ်ဴဟာကိုပဲ ဆက္ၿပီးဆြဲကိုင္သြားမယ္လို႔ ယူဆရပါတယ္။

Ref: Gizmochina