Apple ဟာ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ Event တစ်ခုကို ပြုလုပ်သွားဖို့ရှိနေပြီးတော့ ကိုယ်ပိုင် Apple Silicon Chip အသစ်ကို သုံးထားတဲ့ MacBook တွေကို မိတ်ဆက်သွားဖို့ များနေတာဖြစ်ပါတယ်။ အခုလည်း အဆိုပါ Apple Silicon Chip နဲ့ MacBook တွေရဲ့ သတင်းကထပ်မံထွက်ပေါ်လာပြန်ပါပြီ။

အခုထွက်ပေါ်လာတဲ့သတင်းကိုတော့ AsiaNikkei ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Apple ကနေ လာမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမတိုင်ခင်မှာတင် Apple Silicon Chip ကို အသုံးပြုထားတဲ့ MacBook အလုံးရေ ၂.၅ သန်းခန့် ထုတ်လုပ်ဖို့ စီစဥ်ထားတာပဲဖြစ်ပါတယ်။ အဆိုပါ ပမာဏက လက်ရှိ MacBook တွေနဲ့ယှဥ်ရင်တော်တော်လေးကို များပြားတဲ့ ပမာဏလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက Apple ကနေ MacBook အလုံးရေ ၁၂.၆ သန်းခန့် ရောင်းချခဲ့ရပြီးတော့ ယခုနှစ်မှာလည်း COVID-19 ဗိုင်းရပ်စ်ကြောင့် MacBook ရောင်းအားတွေ သိသိသာသာတက်လာခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့်လည်း Apple က အမြတ်ပိုမိုရရှိဖို့အတွက် Intel Processor အသုံးပြုထားတဲ့ MacBook တွေအစား ကိုယ်ပိုင် Apple Silicon Chip အသုံးပြုထားတဲ့ MacBook တွေကို အလျှင်အမြန်ထုတ်လုပ်ဖို့ ကြိုးစားနေပုံပါပဲ။

Apple ဟာ လာမယ့် နိုဝင်ဘာလ ၁၀ ရက်နေ့ Event မှာ Apple Silicon အသုံးပြုထားတဲ့ MacBook Air သို့မဟုတ် 12-inch MacBook နဲ့ MacBook Pro 13 ၂ မျိုးကို မိတ်ဆက်သွားမယ်လို့ သတင်းတွေထွက်ပါ်နေပါတယ်။ စွမ်းဆောင်ရည်ပိုင်းမှာတော့ ဘယ်လောက်ထိ ကောင်းမွန်မလဲဆိုတာကို မသိရှိရသေးပေမယ့် စျေးနှုန်းအနေနဲ့ $1,000 ဝန်းကျင်ကနေ စတင်မှာဖြစ်ပြီး လက်ရှိ Intel Processor အသုံးပြုထားတဲ့ MacBook တွေထက် စျေးသက်သာမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ MacBook အသစ်ဝယ်ယူဖို့ စိတ်ကူးနေတယ်ဆိုရင်တော့ ဒီ Apple Silicon Chip တွေအသုံးပြုလာမယ့် MacBook တွေကို စောင့်ကြည့်တာက ပိုကောင်းမှာပါ။

Ref – Gizmo China