မကြာခင်ကမှ ကြေညာလိုက်တဲ့ iPhone 13 Pro တွေမှာ 120Hz refresh rate ထောက်ပံ့ထားတယ်ဆိုပေမဲ့ App အမျိုးအစားအကုန်လုံးမှာအသုံးမပြုနိုင်တဲ့ ပြဿနာတွေ့ရှိခဲ့ကြရပါတယ်။ Samsung LTPO OLED Display နဲ့ iPhone 13 Pro မျက်နှာပြင်တွေဟာ လိုအပ်ချက်ပေါ်မူတည်ပြီး 10Hz-120Hz ကြား အလုပ်လုပ်နေတာ ဖြစ်ပါတယ်။

ဘက်ထရီပိုင်းကို ပိုပြီးအကျိုးပြုစေဖို့ iOS ရဲ့ Feature တွေကို အထူးပြုတည်ဆောက်ထားတဲ့အတွက် ဒီလိုပြဿနာ ကြုံတွေ့ရတာဟာ အခုတစ်ကြိမ်က ပထမဦးဆုံးမဟုတ်ပါဘူး။ အရင်တုန်းကလည်း အလားတူပြဿနာကို iPads တွေပေါ်မှာ ကြုံတွေ့ခဲ့ရပြီးဖြစ်ပါတယ်။

အမေရိကန်အခြေစိုက် နည်းပညာကုမ္ပဏီကြီးတော့ လက်ရှိ iPhone 13 Pro မှာ ကြုံတွေ့ရတဲ့ပြဿနာကို ပြုပြင်ဖြေရှင်းသွားမယ်လို့ ကတိပြုလိုက်ပါတယ်။ ပုံမှန်အားဖြင့် Third party app အများစုဟာ 60Hz ကို Locked လုပ်ထားကြပြီး Animation နဲ့ Scrolling အချို့အတွက်သာ 120Hz ကို စတင်စေတာ ဖြစ်ပါတယ်။

တကယ်တော့ Core animation အချို့ကို 60Hz ဆီ ကန့်သတ်တဲ့ Bugs အချို့ကြောင့်ဖြစ်ပြီး အသစ်ထွက်လာမဲ့ Patch မှာတော့ ဖြေရှင်းပြီးဖြစ်ပါလိမ့်မယ်။ Apple ဟာ Developer တွေအနေနဲ့ သူတို့ရဲ့ Apps တွေကို Update လုပ်ရာမှာ iPhone 13 Pro နဲ့ Pro Max အတွက် ProMotion enable ဖွင့်နိုင်ဖို့  ညွှန်ကြားချက်တွေထုတ်ပြန်ပြီးဖြစ်တာကိုလည်း တွေ့ရပါတယ်။

Ref: GSM Arena