စက်တင်ဘာလကတော့ ထုံးစံအတိုင်း Apple Fan တွေအတွက် ရင်ခုန်ရတဲ့ လတစ်လဖြစ်ပါလိမ့်မယ်။ အမေရိကန်အခြေစိုက်ကုမ္ပဏီဟာ iPhone 12 စီးရီးကို အလုံးအရင်းလိုက် ထုတ်လုပ်ဖို့အဆင်သင့်ဖြစ်နေပြီး စက်တင်ဘာလကုန်၊ ဒါမှမဟုတ်၊ အောက်တိုဘာလဆန်းထဲမှာ ဖြစ်လာလိမ့်မယ်လို့ ထောက်ပံ့ရေးကွင်းဆက်သတင်းရပ်ကွက်တွေကိုကိုးကားပြီး Nikkei Asia Review က ဖော်ပြလာပါတယ်။

သတင်းအရ Apple ဟာ ဒီနှစ်ကုန်ပိုင်းမှာ 5G iPhone 12 အလုံးရေ သန်း ၈၀ ထုတ်လုပ်ဖို့ မျှော်လင့်နေပါတယ်။ ဒါပေမယ့် လက်တွေ့ကျတာကတော့ ၇၃ သန်းနဲ့ ၇၄ သန်းကြားပဲ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ကျန်တဲ့အရေအတွက်ကတော့ လာမယ့် ၂၀၂၁ ခုနှစ်ထဲမှာမှ ဆက်ပြီးထုတ်လုပ်သွားဖွယ်ရှိပါတယ်။

ထုတ်လုပ်ဖို့ စီစဉ်ထားတဲ့ သန်း ၈၀ အနက် ၄၀% က 6.1-inch OLED မျက်နှာပြင်နဲ့ iPhone 12 Max အတွက်ဖြစ်တယ်လို့လည်း သိရပါတယ်။ နောက်တစ်ချက်က Apple ဟာ ထုတ်လုပ်မှုနှောင့်နှေးစေမယ့်ပြဿနာတွေကို လျှော့ချနိုင်ခဲ့ပြီဆိုတာပါပဲ။ ဒါပေမယ့် 6.7-inch OLED မျက်နှာပြင်နဲ့ iPhone 12 Pro Max ထုတ်လုပ်မှုကတော့ အောက်တိုဘာလဆန်းပိုင်းမှ ဖြစ်ဖွယ်ရှိပါတယ်။

ဆက်စပ်သတင်းအဖြစ် Apple ဟာ AirTags အမြောက်အများထုတ်လုပ်မှုကို စတင်နေပြီဖြစ်တယ်လို့ သိရပါတယ်။ AirTags တွေဟာ သေးငယ်တဲ့ Bluetooth-enabled tracker တွေဖြစ်ပါတယ်။ ဒါ့အပြင် Apple ဟာ လာမယ့် iPad မော်ဒယ်တွေကိုလည်း တိုးမြှင့်ထုတ်လုပ်ထားပြီး စက်တင်ဘာနဲ့ ဒီဇင်ဘာလကြားမှာ ယူနစ်ပေါင်း ၂၇ သန်းအထိ ထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။

Ref: GSM Arena