ကိုရီးယား မီဒီယာ The Elec က နောက်ထုတ်မယ့် iPad ၃ လုံး အကြောင်း သတင်းပေးလာပါတယ်။ အဲဒီအထဲက ၂ လုံးကို ၂၀၂၃ ခုနှစ်နဲ့ ၁ လုံးကို ၂၀၂၂ ခုနှစ်မှာ ရောင်းချမယ်လို့ သိရပါတယ်။ အဲဒီ တက်ဘလက် ၃ လုံးစလုံးမှာ OLED မျက်နှာပြင်တွေ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

ဒီထက်ပို အသေးစိတ်ကျတဲ့ သတင်းအချက်အလက်တွေကိုလည်း The Elec က သတင်းပေးလာပါတယ်။ ၂၀၂၂ ခုနှစ်ထုတ် iPad မှာ ၁၀.၈၆ လက်မ မျက်နှာပြင် ထည့်သွင်းထားမယ်လို့ ပြောတဲ့အတွက် လက်ရှိ iPad Air နဲ့ မျက်နှာပြင် အရွယ်အစား တူညီသွားမှာ ဖြစ်ပါတယ်။ အဲဒီ တက်ဘလက်ဟာ နောက်မျိုးဆက် iPad Air လို့လည်း သတင်းထွက်နေပါတယ်။

Apple iPad Air 4 2020 256GB – Techieyard

Apple ဟာ OLED မျက်နှာပြင်ကို ရေငွေ့ပြန်တာနဲ့ အောက်ဆီဂျင်တွေကနေ ကာကွယ်ပေးဖို့အတွက် Thin-Film Encapsulation (TFE) နည်းလမ်းကို အသုံးပြုထားမယ်လို့ သိရပါတယ်။ ဒီနည်းပညာဟာ ဒီအပိုင်းမှာတော့ တော်တော် စွမ်းရည်မြင့်မားပါတယ်။

၂၀၂၃ ခုနှစ်ထုတ် iPad တွေမှာ ၁၂.၉ လက်မနဲ့ ၁၁.၀ လက်မ 120Hz LTPO မျက်နှာပြင်တွေ တပ်ဆင်ထားမှာ ဖြစ်တယ်လို့ The Elec က ပြောပါတယ်။ LTPO နည်းပညာဟာ မြင့်မားတဲ့ Refresh Rate မှာတောင် စွမ်းအင်စားသုံးမှု သက်သာလျော့နည်းစေပါတယ်။

Ref : gsmarena