လွန်ခဲ့တဲ့ ရက်သတ္တပတ်ကျော်တုန်းက Apple ဟာ iPhone 13 ဟန်းဆက် ၇ ခုအတွက် မော်ဒယ်နံပါတ်တွေကို Eurasian Economic Commission (EEC) ဆီ တင်သွင်းခဲ့ပါတယ်။ မော်ဒယ်နံပါတ်တွေကတော့ A2628, A2630, A2634, A2635, A2640, A2643, နဲ့ A2645 တို့ဖြစ်ကြပြီး စုစုပေါင်း ၇ ခု ဖြစ်ပါတယ်။

အကယ်၍ မျှော်လင့်ထားပြီးဖြစ်တဲ့ မော်ဒယ်လေးခု (iPhone 13, iPhone 13 Mini, iPhone 13 Pro နဲ့ iPhone 13 Pro Max) အမေရိကန်နဲ့ နိုင်ငံတကာဈေးကွက်ဆိုပြီး ခွဲလိုက်ရင်တောင် မော်ဒယ်နံပါတ်တစ်ခု ပိုနေပါသေးတယ်။ ပြီးခဲ့တဲ့နှစ်က A21xx ကို iPhone 12 နဲ့ iPhone 12 mini တို့အတွက်အသုံးပြုခဲ့ပြီး iPhone 12 Pro နဲ့ iPhone 12 Pro Max တို့ကတော့ မော်ဒယ်နံပါတ် A23xx တွေကို အသုံးပြုခဲ့ပါတယ်။

နိုင်ငံတကာဈေးကွက်အတွက်ယူနစ်တွေကတော့ A24xx နံပါတ်တွေနဲ့ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ iPhone 13 အမျိုးအစားအားလုံးအတွက် A26xx မော်ဒယ်နံပါတ်နဲ့ပဲ စတင်ထားတာကို တွေ့နေရတာပါ။ ဖြစ်နိုင်ခြေတစ်ခုကတော့ iPhone 13 mini ဟာ အမေရိကန်ဈေးကွက်၊ ဒါမှမဟုတ် နိုင်ငံတကာဈေးကွက် တစ်ခုခုမှာ ရောင်းချခြင်းမရှိဘူးဆိုတဲ့ ယူဆချက်ပါ။

အကယ်၍ Apple အနေနဲ့ 2021 iPhone 13 မော်ဒယ်ကို Higher-end 5G modem ထည့်သွင်းချင်တယ်ဆိုရင်တော့ အမေရိကန်ဈေးကွက်နဲ့ နိုင်ငံတကာဈေးကွက်ဆိုပြီး သီးခြားစီခွဲထုတ်စရာမလိုတော့ဘူးလို့ ဆိုနိုင်ပါတယ်။ ဒါက ဖြစ်နိုင်ခြေရှိတာကိုပဲ တွေးထားတာဖြစ်ပြီး၊ သက်သေပြစရာတော့ မရှိသေးပါဘူး။

ဒါပေမဲ့ လူမှုကွန်ရက်တွေမှာရေပန်စားပြီး မျှဝေမှုများနေတာကတော့ ပန်းရောင် iPhone 13 render ပုံပဲ ဖြစ်ပါတယ်။ ဒါဟာ iPhone ချစ်သူတွေရဲ့ မျှော်လင့်ချက်၊ တစ်နည်းအားဖြင့် တောင်းဆိုမှုတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ပြီးခဲ့တဲ့ဧပြီတုန်းက Apple ဟာ iPhone 12 နဲ့ iPhone 12 mini ခရမ်းရောင်ဗားရှင်းကို ထည့်သွင်းခဲ့ဖူးပါတယ်။ ဒီတော့ iPhone user တွေရဲ့ iPhone 13 ပန်းရောင်အိပ်မက်က တကယ်ဖြစ်လာမလားဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတော့တယ်။

Ref: Phone Arena