[Zawgyi]

မၾကာေသးခင္ကမွ iPad အသစ္ေတြကို ေၾကျငာခဲ့တဲ့ Apple ဟာ ဆက္ၿပီး AirPod အသစ္ေတြကိုပါ ထပ္မံေၾကျငာလာခဲ့ပါတယ္။ လုံးဝႀကဳိးမဲ့ နားၾကပ္ေတြရဲ႕ ဒုတိယမ်ဳိးဆက္ဟာ ၾကိဳးမဲ့အားသြင္းစနစ္၊ ပိုေကာင္းတဲ့ ဘကၳရီသက္တမ္းနဲ႔ Hand-free Siri စနစ္တုိ႔ျဖင့္ ထြက္လာတာပါ။

Apple က နားၾကပ္အသစ္ေတြအတြက္ Qi ႀကိဳးမဲ့အားသြင္းဗူးကိုပါ မိတ္ဆက္လာခဲ့ၿပီး AirPod အသစ္ဟာ ရုိးရုိးဗူးနဲ႔ဆုိရင္ ေဒၚလာ ၁၆၀ က်သင့္မွာျဖစ္ကာ Qi Wireless Charging Case နဲ႔တြဲလ်က္လုိခ်င္ရင္ေတာ့ ေဒၚလာ ၂၀၀ ထိ က်သင့္မွာ ျဖစ္ပါတယ္။

ပထမမ်ဳိးဆက္ AirPod ပုိင္ရွင္ေတြအတြက္ ဝမ္းသာစရာကေတာ့ Qi Case ဟာ အရင္မ်ဳိးဆက္ AirPod ေတြနဲ႔လည္း တြဲဖက္အသုံးျပဳႏုိင္ၿပီး သူ႔ခ်ည္းသက္သက္ဝယ္ရင္ေတာ့ ေဒၚလာ ၈၀ က်သင့္မွာျဖစ္ပါတယ္။ Qi Case ကိုေတာ့ Lighting Port နဲ႔ပဲ အားသြင္းရမွာပါ။ ဒါေပမယ့္ ဒုတိယမ်ဳိးဆက္ Apple ႀကိဳးမဲ့နားၾကပ္ေတြမွာ ဝယ္ယူခ်င္စရာ Feature အသစ္ေတြ ပါဝင္ပါေသးတယ္။

AirPod အသစ္နဲ႔ဆုိရင္ Double-tap ျပဳလုပ္စရာမလုိဘဲ Siri အသံသိမွတ္စနစ္ကို တန္းၿပီး အမိန္႔ေပးႏုိင္မွာျဖစ္သလို သင့္ရဲ႕ အုိင္ဖုန္းနဲ႔ MacBook တုိ႔အၾကားမွာ အကူးအေျပာင္းျပဳလုပ္ေပးတဲ့ အျမန္ႏႈန္းကိုလည္း ႏွစ္ဆေလာက္ ပိုျမန္လာေစပါတယ္။

ဒုတိယမ်ဳိးဆက္ AirPod ေတြဟာ H1 ခ်စ္ပ္အသစ္ အသုံးျပဳလာၿပီး Bluetooth 5.0 ထိ ေထာက္ပံ့ေပးႏုိင္တယ္။ Qi Case ေတြဟာ AirPod ေတြရဲ႕ ဘကၳရီသက္တမ္းကို ၂၄ နာရီတိတိ ပိုရွည္ၾကာေစပါတယ္။ AirPod မ်ဳိးဆက္သစ္ေတြကို လက္ရွိမွာ Apple.com မွာေရာင္းခ်ေနပါၿပီ။

Ref – GSM Arena

[Unicode]

မကြာသေးခင်ကမှ iPad အသစ်တွေကို ကြေငြာခဲ့တဲ့ Apple ဟာ ဆက်ပြီး AirPod အသစ်တွေကိုပါ ထပ်မံကြေငြာလာခဲ့ပါတယ်။ လုံးဝကြိုးမဲ့ နားကြပ်တွေရဲ့ ဒုတိယမျိုးဆက်ဟာ ကြိုးမဲ့အားသွင်းစနစ်၊ ပိုကောင်းတဲ့ ဘက္ထရီသက်တမ်းနဲ့ Hand-free Siri စနစ်တို့ဖြင့် ထွက်လာတာပါ။

Apple က နားကြပ်အသစ်တွေအတွက် Qi ကြိုးမဲ့အားသွင်းဗူးကိုပါ မိတ်ဆက်လာခဲ့ပြီး AirPod အသစ်ဟာ ရိုးရိုးဗူးနဲ့ဆိုရင် ဒေါ်လာ ၁၆၀ ကျသင့်မှာဖြစ်ကာ Qi Wireless Charging Case နဲ့တွဲလျက်လိုချင်ရင်တော့ ဒေါ်လာ ၂၀၀ ထိ ကျသင့်မှာ ဖြစ်ပါတယ်။

ပထမမျိုးဆက် AirPod ပိုင်ရှင်တွေအတွက် ဝမ်းသာစရာကတော့ Qi Case ဟာ အရင်မျိုးဆက် AirPod တွေနဲ့လည်း တွဲဖက်အသုံးပြုနိုင်ပြီး သူ့ချည်းသက်သက်ဝယ်ရင်တော့ ဒေါ်လာ ၈၀ ကျသင့်မှာဖြစ်ပါတယ်။ Qi Case ကိုတော့ Lighting Port နဲ့ပဲ အားသွင်းရမှာပါ။ ဒါပေမယ့် ဒုတိယမျိုးဆက် Apple ကြိုးမဲ့နားကြပ်တွေမှာ ဝယ်ယူချင်စရာ Feature အသစ်တွေ ပါဝင်ပါသေးတယ်။

AirPod အသစ်နဲ့ဆိုရင် Double-tap ပြုလုပ်စရာမလိုဘဲ Siri အသံသိမှတ်စနစ်ကို တန်းပြီး အမိန့်ပေးနိုင်မှာဖြစ်သလို သင့်ရဲ့ အိုင်ဖုန်းနဲ့ MacBook တို့အကြားမှာ အကူးအပြောင်းပြုလုပ်ပေးတဲ့ အမြန်နှုန်းကိုလည်း နှစ်ဆလောက် ပိုမြန်လာစေပါတယ်။

ဒုတိယမျိုးဆက် AirPod တွေဟာ H1 ချစ်ပ်အသစ် အသုံးပြုလာပြီး Bluetooth 5.0 ထိ ထောက်ပံ့ပေးနိုင်တယ်။ Qi Case တွေဟာ AirPod တွေရဲ့ ဘက္ထရီသက်တမ်းကို ၂၄ နာရီတိတိ ပိုရှည်ကြာစေပါတယ်။ AirPod မျိုးဆက်သစ်တွေကို လက်ရှိမှာ Apple.com မှာရောင်းချနေပါပြီ။

Ref – GSM Arena