Apple က iPad Air အသစ်ကို ကြေညာလိုက်ပြီး စွမ်းရည်သင့် တက်ဘလက် ဖြစ်ကာ ဈေးချိုတဲ့ iPad နဲ့ ဈေးကြီးတဲ့ iPad Pro ကြားမှာ ရှိပါတယ်။ iPad Air အသစ်မှာ Apple M1 Chipset မောင်းနှင်ထားပြီး 5G နဲ့ WiFi Only မော်ဒယ် ၂ မျိုး ထုတ်လုပ်ထားပါတယ်။

Apple unveils new iPad Air with M1 chipset, 5G support, same price as before

iPad Air အသစ်ရဲ့ အမိုက်ဆုံးက M1 Chip ဖြစ်ပြီး iPad Pro ရဲ့ စွမ်းဆောင်ရည်ကို ယှဉ်နိုင်ပါတယ်။ Ultrawide အရှေ့ ကင်မရာ အသစ် ပါလာပြီး သင်လှုပ်ရှားတဲ့အပေါ် မူတည်ကာ မြင်ကွင်းကို အလိုလို ချိန်ညှိပေးနိုင်ပါတယ်။ တခြား လူတွေ ဝင်လာရင်လည်း သူတို့ပါ ပါဝင်အောင် Zoom လုပ်ပေးနိုင်ပါတယ်။

Apple unveils new iPad Air with M1 chipset, 5G support, same price as before

အနောက်ဘက်မှာ 12MP ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး USB-C Port က ဒေတာ ကူးပြောင်းနှုန်း 10Gbps အထိ ရှိကာ အရင်ထက် ၂ ဆ ပိုမြန်လာပါတယ်။ မျက်နှာပြင်က ၁၀.၉ လက်မ Liquid Retina ဖြစ်ပြီး 500 nits Brightness အထိ ထောက်ပံ့ပါတယ်။ True Tone Support နဲ့ Anti-reflective Coating တွေ ထည့်သွင်းထားပါတယ်။

Apple unveils new iPad Air with M1 chipset, 5G support, same price as before

Landscape စတီရီယို စပီကာတွေ တပ်ဆင်ထားပြီး Power Button မှာ Touch ID မြှပ်နှံထားပါတယ်။ iPadOS 15.4 မောင်းနှင်ထားပြီး Universal Control လုပ်ဆောင်ချက်က Mouse ၁ လုံး ၊ Keyboard ၁ ခုထဲနဲ့ Macs နဲ့ iPad တွေမှာ အလုပ်လုပ်နိုင်ပါတယ်။ Device တွေအကြားမှာ Content တွေကို Drag & Drop လုပ်နိုင်ပါတယ်။

Apple unveils new iPad Air with M1 chipset, 5G support, same price as before

iPad Air အသစ်အတွက် Space Gray, Starlight, Pink, Purple နဲ့ Blue အရောင်တွေ ထုတ်လုပ်ထားပြီး 64GB ပါတဲ့တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၅၉၉ ဒေါ်လာ (၁,၀၆၀,၀၀၀ ဝန်းကျင်) သတ်မှတ်ထားပါတယ်။ မတ်လ ၁၁ ရက်နေ့ ကြိုတင်မှာယူနိုင်မှာ ဖြစ်ပြီး ၁၈ ရက်နေ့ ရောင်းမှာပါ။ WiFi+5G မော်ဒယ်ကို ၇၄၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၁,၃၂၀,၀၀၀ ဝန်းကျင် ကျသင့်မှာပါ။

တက်ဘလက် အသစ်ကို 2nd Gen Apple Pencil , Magic Keyboard, Smart Keyborad Folio , Smart Folio Cover တွေနဲ့တွဲဖက် သုံးနိုင်ပါတယ်။

Ref : gsmarena