[Zawgyi]

လတ္တေလာ အရွိန္ျမင့္တက္ေနတဲ့ တ႐ုတ္နဲ႔ အေမရိကန္တို႔ရဲ႕ ကုန္သြယ္ေရး စစ္ပြဲၾကားမွာ ေျမဇာပင္ျဖစ္ေနၾကတဲ့ ကုမၸဏီေတြကိုျပပါဆိုရင္ Huawei အျပင္ Apple ကိုလည္း ျပရမွာပါပဲ။ ဒါေပမယ့္ အေမရိကန္ကုမၸဏီႀကီးကေတာ့ သူလုပ္ေဆာင္စရာရွိတာေတြကို အရွိန္မပ်က္ ဆက္လက္လုပ္ကိုင္ေနဆဲ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရက္ကပဲ Flagship MacBook Pro ကို အဆင့္ျမႇင့္တင္ခဲ့ၿပီး ထုတ္ေဖာ္ေၾကညာခဲ့ပါတယ္။ 15-inch ေမာ္ဒယ္ကေနစတင္ၿပီး 2.6GHz 6-core Intel Core i7 processor နဝမမ်ိဳးဆက္နဲ႔ အမ်ိဳးအစားလည္းရွိသလို အျမင့္ဆုံးအျဖစ္ 2.3GHz 8-core Intel Core i9 processor နဲ႔ အမ်ိဳးအစားလည္း ရွိပါတယ္။ 8 Core MacBook Pro ကေတာ့ Mac notebook ေတြထဲမွာ အျမန္ဆုံးျဖစ္လာပါတယ္။

13-inch ေမာ္ဒယ္အမ်ိဳးအစားကေတာ့ Touch Bar နဲ႔ျဖစ္ပါတယ္။ အေျခခံေမာ္ဒယ္ဟာ 2.4GHz quad-core 8th-generation Intel Core i5 processor နဲ႔ျဖစ္ၿပီး 4.1GHz အထိ Turbo Boot up ျပဳလုပ္ႏိုင္မွာ ျဖစ္ပါတယ္။ Higher-end ေမာ္ဒယ္ကေတာ့ 2.4GHz quad-core 8th-generation Intel Core i5 processor နဲ႔ ျဖစ္ပါတယ္။

ဒါ့အျပင္ Apple ဟာ ကီးဘုတ္ပိုင္းကိုလည္း ပိုၿပီးေကာင္းမြန္လာေအာင္ တိုးျမႇင့္ျပဳျပင္မႈေတြ လုပ္ခဲ့ပါတယ္။ ကုမၸဏီဟာ Butterfly Switch mechanism မွာ ပစၥည္းသစ္ေတြသုံးထားတဲ့အတြက္ ကီးကို ႏွစ္ႀကိမ္ႏွိပ္မိသလိုမ်ိဳး မွားယြင္းျခင္းေတြကို ေလ်ာ့က်သြားေနႏိုင္တယ္လို႔ The Verge မွာ ေဖာ္ျပထားတာကို ေတြ႕ရပါတယ္။ ဒါေပမယ့္ အသုံးျပဳသူေတြ ေမွ်ာ္လင့္ထားတဲ့ ကီးဘုတ္ရဲ႕ အဓိကဒီဇိုင္းျပင္ဆင္မႈေတာ့ ျဖစ္မလာပါဘူး။

Ref: GSMArena

[Unicode]

MacBook Pro တွေကို 8-Core အဖြစ် အဆင့်မြှင့်တင်ခဲ့တဲ့ Apple

လတ်တလော အရှိန်မြင့်တက်နေတဲ့ တရုတ်နဲ့ အမေရိကန်တို့ရဲ့ ကုန်သွယ်ရေး စစ်ပွဲကြားမှာ မြေဇာပင်ဖြစ်နေကြတဲ့ ကုမ္ပဏီတွေကိုပြပါဆိုရင် Huawei အပြင် Apple ကိုလည်း ပြရမှာပါပဲ။ ဒါပေမယ့် အမေရိကန်ကုမ္ပဏီကြီးကတော့ သူလုပ်ဆောင်စရာရှိတာတွေကို အရှိန်မပျက် ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ကပဲ Flagship MacBook Pro ကို အဆင့်မြှင့်တင်ခဲ့ပြီး ထုတ်ဖော်ကြေညာခဲ့ပါတယ်။ 15-inch မော်ဒယ်ကနေစတင်ပြီး 2.6GHz 6-core Intel Core i7 processor နဝမမျိုးဆက်နဲ့ အမျိုးအစားလည်းရှိသလို အမြင့်ဆုံးအဖြစ် 2.3GHz 8-core Intel Core i9 processor နဲ့ အမျိုးအစားလည်း ရှိပါတယ်။ 8 Core MacBook Pro ကတော့ Mac notebook တွေထဲမှာ အမြန်ဆုံးဖြစ်လာပါတယ်။

13-inch မော်ဒယ်အမျိုးအစားကတော့ Touch Bar နဲ့ဖြစ်ပါတယ်။ အခြေခံမော်ဒယ်ဟာ 2.4GHz quad-core 8th-generation Intel Core i5 processor နဲ့ဖြစ်ပြီး 4.1GHz အထိ Turbo Boot up ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Higher-end မော်ဒယ်ကတော့ 2.4GHz quad-core 8th-generation Intel Core i5 processor နဲ့ ဖြစ်ပါတယ်။

ဒါ့အပြင် Apple ဟာ ကီးဘုတ်ပိုင်းကိုလည်း ပိုပြီးကောင်းမွန်လာအောင် တိုးမြှင့်ပြုပြင်မှုတွေ လုပ်ခဲ့ပါတယ်။ ကုမ္ပဏီဟာ Butterfly Switch mechanism မှာ ပစ္စည်းသစ်တွေသုံးထားတဲ့အတွက် ကီးကို နှစ်ကြိမ်နှိပ်မိသလိုမျိုး မှားယွင်းခြင်းတွေကို လျော့ကျသွားနေနိုင်တယ်လို့ The Verge မှာ ဖော်ပြထားတာကို တွေ့ရပါတယ်။ ဒါပေမယ့် အသုံးပြုသူတွေ မျှော်လင့်ထားတဲ့ ကီးဘုတ်ရဲ့ အဓိကဒီဇိုင်းပြင်ဆင်မှုတော့ ဖြစ်မလာပါဘူး။

Ref: GSMArena