Apple ကနေ ပြီးခဲ့တဲ့နှစ်တုန်းက MacBook Pro 16 Model အသစ်အပြင် ယခုနှစ်မှာလည်း MacBook Air ကို 2020 Model အနေနဲ့ Intel 10th Gen Processor တွေကို အသုံးပြုပြီး မိတ်ဆက်ခဲ့ပါတယ်။ အခုလည်း နောက်ဆုံးကျန်နေတဲ့ Apple MacBook Pro 13 ကိုလည်း Intel 10th Gen Processor တွေပြောင်းလဲပြီး မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

အခု Apple MacBook Pro 13 (2020) Model တွေဟာ ပုံစံအရတော့ ယခင် MacBook Pro 13 နဲ့ ဆင်တူဦးမှာဖြစ်သလို အနည်းငယ်ပိုထူပြီး ပိုလေးသွားမှာဖြစ်ပါတယ်။ Design ပိုင်းအရတော့ အတူတူပဲဖြစ်သလို Display အနေနဲ့လည်း တူညီတဲ့ 13.3″ Display ကိုပဲ အသုံးပြုလာမှာပါ။

အဲ့ဒီအတွက် အဓိကပြောင်းလဲမှုအနေနဲ့ကတော့ Keyboard ပဲဖြစ်ပြီး ယခင် Butterfly Keyboard အစား Scissor Switch ကိုပဲအသုံးပြုထားတဲ့ Magic Keyboard အသစ်ကိုပြောင်းလဲအသုံးပြုထားပါတယ်။ Esc Key ကိုလည်း Touch Bar မှာထည့်သွင်းမယ့်အစား Physical Key အနေနဲ့ ပြောင်းလဲပေးလိုက်ပါပြီ။ အခုဆိုရင် Apple ကနေရောင်းချနေတဲ့ MacBook တွေအကုန်လုံးက Butterfly Keyboard အစား Magic Keyboard အသစ်တွေအကုန်လုံး ပြောင်းလဲပြီးဖြစ်ပါတယ်။

Processor ပိုင်းအနေနဲ့ကတော့ $1,299 တန် (မြန်မာငွေ ၁၈ သိန်းကျော်) Base Model ကို ရွေးချယ်မယ်ဆိုရင် Intel 10th Gen Processor အစား ယခင် 2019 Model မှာပါဝင်တဲ့ 8th Gen i5 Processor ကိုပဲရရှိမှာဖြစ်ပါတယ်။ Storage အနေနဲ့ကတော့ ယခင်ကလို 128GB အစား 256GB SSD ကနေစတင်မှာဖြစ်ပါတယ်။

အဲ့ဒီအတွက် Intel 10th Gen Processor ပါဝင်တဲ့ Version ကိုလိုချင်တယ်ဆိုရင် အနိမ့်ဆုံး $1,799 တန် (မြန်မာငွေ ၂၅ သိန်းကျော်) Model ကို ဝယ်ယူဖို့လိုအပ်မှာဖြစ်ပါတယ်။ အဆိုပါ Version မှာဆိုရင် 10th Gen Intel i5 Processor ၊ 16GB 3733MHz LPDDR4X RAM ၊ 512GB SSD Storage တွေပါဝင်မှာဖြစ်ပါတယ်။

တကယ်လို့ MacBook Pro 13 ကို အမြင့်ဆုံး 10th Gen i7 Processor ၊ RAM 32GB နဲ့ 4TB SSD တွေနဲ့ဝယ်ယူမယ်ဆိုရင်တော့ $3,599 (မြန်မာငွေ သိန်း ၅၀ ကျော်) အထိ ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။

Ref – GSM Arena