Apple ကနေ ကုမ္ပဏီရဲ့ ရင်းနှီးမြုပ်နှံသူတွေဆီကို ဝင်ငွေနဲ့ပတ်သတ်ပြီး သတင်းတစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါကတော့ လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် (coronavirus) ကြောင့် ခန့်မှန်းထားတဲ့ ဝင်ငွေကို ရရှိမှာမဟုတ်တော့ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Apple ကနေ ထုတ်ပြန်ချက်မှာ တကမ္ဘာလုံးအတွက် iPhone တွေ ရရှိနိုင်မှုမှာလည်း ယာယီကန့်သတ်ခံရဖို့ရှိနေတယ်လို့ သတိပေးခဲ့ပါတယ်။ ဒါကလည်း လက်ရှိ တရုတ်နိုင်ငံမှာရှိတဲ့ iPhone Store တွေကို ပိတ်သိမ်းထားရတာနဲ့ Retail Channel တွေလျော့ကျတာကြောင့် အဓိကဖြစ်တယ်လို့ သိရပါတယ်။

Apple ရဲ့ ပြောကြားချက်အရတော့ လက်ရှိအချိန်မှာ Apple ရဲ့ Manufacturing Partner Site တွေအကုန်လုံးကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ပေမယ့် ပြန်လည်စတင်တဲ့နေရာမှာ ထင်ထားတာထက် ပိုပြီးနှေးကွေးနေတယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် iPhone Supply တွေ ခတ္တပြတ်လပ်မှုက တကမ္ဘာလုံးဝင်ငွေကို ထိခိုက်မှာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Apple ဟာ တရုတ်နိုင်ငံမှာရှိတဲ့ Apple Store တွေကိုလည်း တဖြည်းဖြည်းပြန်လည်ဖွင့်လှစ်နေပြီဖြစ်သလို Cooperate Office တွေနဲ့ Contact Center တွေကိုလည်း ပြန်လည်ဖွင့်လှစ်ပြီးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုအခြေအနေအတိုင်းဆိုရင် iPhone တွေရဲ့ ရောင်းအားက ခန့်မှန်းထားတာထက်ပိုပြီး ကျဆင်းနိုင်နေပါပြီ။

Ref – The Verge