[Unicode]

Counterpoint Research ရဲ့ စစ်တမ်းအရ အိန္ဒိယမှာ Apple ဟာ ၂၀၁၉ ခုနှစ် ကွာတား ၄ ဖြစ်တဲ့ အောက်တိုဘာလနဲ့ ဒီဇင်ဘာလအတွင်း ရောင်းအား ပြန်ပြီး ဦးမော့လာပါတယ်။ Apple ဟာ အဲဒီ ကွာတားမှာ အတိုးတက်ဆုံး Brand ဖြစ်လာပြီး စွမ်းရည်မြင့် ဖုန်းဈေးကွက်မှာ ဦးဆောင်နေတဲ့ OnePlus ကို ခြိမ်းခြောက်လာပါတယ်။

စစ်တမ်းအရ Apple iPhone XR နဲ့ iPhone 11 တို့ဟာ အိန္ဒိယမှာ ရောင်းအား အရမ်းလန်းနေပါတယ်။ ကုမ္ပဏီဟာ ၂၀၁၉ ခုနှစ် ကွာတား ၄ မှာ ၂၀၁၈ ခုနှစ်ကထက် ရောင်းအား ၄၁ ရာခိုင်နှုန်းတောင် တိုးတက်လာပြီး ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အိန္ဒိယ ဈေးကွက်မှာ ဈေးကွက်ဝေစု ၂ ရာခိုင်နှုန်း ရထားပါတယ်။ Apple ဟာ ၂၀၁၈ ခုနှစ်မှာတော့ ၄၃ ရာခိုင်နှုန်းတောင် ရောင်းအား ကျဆင်းခဲ့တာပါ။

Apple ရဲ့ ဈေးနှုန်းနဲ့ ထုတ်လုပ်မှု နည်းဗျူဟာတွေဟာ အလုပ်ဖြစ်ခဲ့ပုံပေါ်ပါတယ်။ Apple ဟာ iPhone XR မော်ဒယ်တွေကို အိန္ဒိယမှာ ဈေးလျှော့ပေးခဲ့တဲ့အတွက် ၂၀၁၉ ခုနှစ် ကွာတား ၂ နဲ့ ကွာတား ၃ ဖြစ်တဲ့ ဧပြီလနဲ့ စက်တင်ဘာလအတွင်းမှာ ရောင်းအား အကောင်းဆုံး iPhone ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် Apple ဟာ စက်တင်ဘာလမှာ iPhone 11 Series တွေကို ရောင်းပေးခဲ့ပြီး ဖုန်းဝယ်သူတွေကို ငွေပြန်အမ်းပေးတဲ့ အစီအစဉ်တွေ ပြုလုပ်ပေးခဲ့တဲ့အတွက်လည်း နှစ်ကုန်မှာ ရောင်းအား တက်လာပါတယ်။

၂၀၁၉ ခုနှစ်မှာ Apple ဟာ ဒေသတွင်းမှာ iPhone ထုတ်လုပ်ခဲ့တာကလည်း ရောင်းအားတက်လာစေတဲ့ အကြောင်းအရင်း ၁ ခုဖြစ်ပါတယ်။ Chennai က Foxconn ရဲ့ Sriperumbudur စက်ရုံကနေ iPhone XR နဲ့ Wistron ရဲ့ Bengaluru စက်ရုံကနေ iPhone 7 တွေကို ထုတ်လုပ်ခဲ့ပါတယ်။ ဒေသတွင်းမှာ ဖုန်းတွေ ထုတ်လုပ်နိုင်ခဲ့တဲ့အတွက် ဈေးတွေ လျှော့ချပေးနိုင်ခဲ့သလို ပွဲတော် ကာလမှာလည်း များများ ထုတ်လုပ်ပြီး လိုသလောက် ဝယ်လိုအားကို ဖြည့်ပေးနိုင်ခဲ့ပါတယ်။ iPhone 11 ကို ၂၀၁၈ ခုနှစ်က iPhone XR ထက် ဈေးသက်သာစွာ ရောင်းပေးခဲ့တာဖြစ်တဲ့အတွက် ကွာတား ၄ မှာ ရောင်းအား လန်းသွားတာပါ။

Ref : gizmochina

[Zawgyi]

အိႏၵိယမွာ Apple ဟာ ၂၀၁၉ ခုႏွစ္ ကြာတား ၄ မွာ အတိုးတက္ဆုံး Brand ျဖစ္လာ

Counterpoint Research ရဲ႕ စစ္တမ္းအရ အိႏၵိယမွာ Apple ဟာ ၂၀၁၉ ခုႏွစ္ ကြာတား ၄ ျဖစ္တဲ့ ေအာက္တိုဘာလနဲ႔ ဒီဇင္ဘာလအတြင္း ေရာင္းအား ျပန္ၿပီး ဦးေမာ့လာပါတယ္။ Apple ဟာ အဲဒီ ကြာတားမွာ အတိုးတက္ဆုံး Brand ျဖစ္လာၿပီး စြမ္းရည္ျမင့္ ဖုန္းေဈးကြက္မွာ ဦးေဆာင္ေနတဲ့ OnePlus ကို ၿခိမ္းေျခာက္လာပါတယ္။

စစ္တမ္းအရ Apple iPhone XR နဲ႔ iPhone 11 တို႔ဟာ အိႏၵိယမွာ ေရာင္းအား အရမ္းလန္းေနပါတယ္။ ကုမၸဏီဟာ ၂၀၁၉ ခုႏွစ္ ကြာတား ၄ မွာ ၂၀၁၈ ခုႏွစ္ကထက္ ေရာင္းအား ၄၁ ရာခိုင္ႏႈန္းေတာင္ တိုးတက္လာၿပီး ၿပိဳင္ဆိုင္မႈ ျပင္းထန္တဲ့ အိႏၵိယ ေဈးကြက္မွာ ေဈးကြက္ေဝစု ၂ ရာခိုင္ႏႈန္း ရထားပါတယ္။ Apple ဟာ ၂၀၁၈ ခုႏွစ္မွာေတာ့ ၄၃ ရာခိုင္ႏႈန္းေတာင္ ေရာင္းအား က်ဆင္းခဲ့တာပါ။

Apple ရဲ႕ ေဈးႏႈန္းနဲ႔ ထုတ္လုပ္မႈ နည္းဗ်ဴဟာေတြဟာ အလုပ္ျဖစ္ခဲ့ပုံေပၚပါတယ္။ Apple ဟာ iPhone XR ေမာ္ဒယ္ေတြကို အိႏၵိယမွာ ေဈးေလွ်ာ့ေပးခဲ့တဲ့အတြက္ ၂၀၁၉ ခုႏွစ္ ကြာတား ၂ နဲ႔ ကြာတား ၃ ျဖစ္တဲ့ ဧၿပီလနဲ႔ စက္တင္ဘာလအတြင္းမွာ ေရာင္းအား အေကာင္းဆုံး iPhone ျဖစ္ခဲ့ပါတယ္။ အဲဒီေနာက္ Apple ဟာ စက္တင္ဘာလမွာ iPhone 11 Series ေတြကို ေရာင္းေပးခဲ့ၿပီး ဖုန္းဝယ္သူေတြကို ေငြျပန္အမ္းေပးတဲ့ အစီအစဥ္ေတြ ျပဳလုပ္ေပးခဲ့တဲ့အတြက္လည္း ႏွစ္ကုန္မွာ ေရာင္းအား တက္လာပါတယ္။

၂၀၁၉ ခုႏွစ္မွာ Apple ဟာ ေဒသတြင္းမွာ iPhone ထုတ္လုပ္ခဲ့တာကလည္း ေရာင္းအားတက္လာေစတဲ့ အေၾကာင္းအရင္း ၁ ခုျဖစ္ပါတယ္။ Chennai က Foxconn ရဲ႕ Sriperumbudur စက္႐ုံကေန iPhone XR နဲ႔ Wistron ရဲ႕ Bengaluru စက္႐ုံကေန iPhone 7 ေတြကို ထုတ္လုပ္ခဲ့ပါတယ္။ ေဒသတြင္းမွာ ဖုန္းေတြ ထုတ္လုပ္ႏိုင္ခဲ့တဲ့အတြက္ ေဈးေတြ ေလွ်ာ့ခ်ေပးႏိုင္ခဲ့သလို ပြဲေတာ္ ကာလမွာလည္း မ်ားမ်ား ထုတ္လုပ္ၿပီး လိုသေလာက္ ဝယ္လိုအားကို ျဖည့္ေပးႏိုင္ခဲ့ပါတယ္။ iPhone 11 ကို ၂၀၁၈ ခုႏွစ္က iPhone XR ထက္ ေဈးသက္သာစြာ ေရာင္းေပးခဲ့တာျဖစ္တဲ့အတြက္ ကြာတား ၄ မွာ ေရာင္းအား လန္းသြားတာပါ။

Ref : gizmochina