Bloomberg ရဲ့ဖော်ပြမှုအရ Apple Watch Series 7 ဟာ ပိုပြီးကျဉ်းမြောင်းတဲ့ Bezel တွေနဲ့ တွေ့မြင်ရမယ်လို့ သိရပါတယ်။ ဒါ့အပြင် Lamination နည်းပညာသစ်ကိုအသုံးပြုထားတာကြောင့် Display ကို Front cover နဲ့ ပိုပြီး နီးကပ်သွားစေမယ်လို့လည်း Mark Gurman က ဆိုထားပါသေးတယ်။

ကယ်လီဖိုးနီးယားအခြေစိုက် နည်းပညာကုမ္ပဏီကြီးဟာ ဒီနှစ်မှာ သူ့ရဲ့ထုတ်ကုန်လိုင်းတွေကို အဆင့်မြှင့်တင်မှုတွေနဲ့ အသစ်တစ်ဖန်မိတ်ဆက်ဖို့ ပြင်ဆင်နေပါတယ်။ အထူးသဖြင့် Apple Watch Series 7 ကို ပိုပြီးမြန်ဆန်တဲ့ Processor နဲ့ အဆင့်မြှင့်တင်ထားတဲ့ Ultra Wideband Tech တွေတပ်ဆင်ပြီး မိတ်ဆက်လာမယ်လို့ သိရပါတယ်။

ဒီနှစ်မော်ဒယ်တွေမှာ Apple အနေနဲ့ ကျဉ်းမြောင်းတဲ့ဘောင်လိုင်းတွေ၊ Display နဲ့ Front cover ကို ပိုပြီးနီးကပ်စေတဲ့နည်းပညာ၊ အဆင့်မြှင့်တင်ထားတဲ့ Wireless connectivity တွေကို အဓိကထား ထည့်သွင်းလာမှာ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် Watch အသစ်တွေဟာ အနည်းငယ်ပိုထူသွားမယ်ဆိုပေမယ့် သုံးစွဲသူတွေအနေနဲ့ သတိထားမိလောက်တဲ့အနေအထားထိမဟုတ်ဘူးလို့ သိရပါတယ်။

ဒါ့အပြင် Apple ရဲ့ AirTag ရှာဖွေရေးစနစ်ရဲ့ အခြေခံနည်းပညာနဲ့အတူအဆင့်မြှင့်ထားတဲ့ Ultra-wideband လည်းပါရှိမဲ့အပြင် Biometric health sensor လည်း ပါဝင်မယ်လို့ Gurman က ထည့်သွင်းပြောဆိုသွားပါတယ်။ Body temperature sensor ကတော့ ဒီနှစ်မော်ဒယ်မှာပါဝင်လာတော့မှာမဟုတ်ဘဲ လာမယ့် ၂၀၂၂ မော်ဒယ်တွေမှပဲ ပါဝင်လာတော့မယ်လို့ ယူဆရပါတယ်။

ဆီးချိုရောဂါသည်တွေအတွက် သွေးတွင်းသကြားဓါတ်ကိုတိုင်းတာပြီး စစ်ဆေးဖို့အကူအညီပေးနိုင်တဲ့ Blood-sugar sensor ကိုလည်း စီးပွားဖြစ်ထုတ်လုပ်ဖြန့်ချိဖို့ အသင့်မဖြစ်သေးဘူးလို့ ဆိုရမှာပါ။

Ref: MacRumors