နာရီလို့ပြောလိုက်ရင် ပုံစံကို အဝိုင်းကိုပဲ အရင်စဉ်းစားဖြစ်ကြပါတယ်။ နာရီတွေအမျိုးမျိုးဖန်တီးထုတ်လုပ်လာကြတာ အခုဆိုရင် Smartphone တွေနောက်က ကပ်လိုက်နေတဲ့ Smartwatch တွေခေတ်အထိရောက်လာပါပြီ။

Smartwatch တွေကတော့ အဝိုင်းရော လေးထောင့်ရော ပုံစံအမျိုးမျိုးနဲ့ရှိကြတာကြောင့် ဝယ်ယူသူတွေ နှစ်သက်ရာ Design ကိုရွေးလို့ရပါတယ်။ နာရီကုမ္ပဏီတွေကတော့ သူတို့တံဆိပ်နဲ့နာရီတွေကို အဝိုင်းရော၊ လေးထောင့်ရော ထုတ်လေ့ရှိပေမယ့် Smartwatch ကုမ္ပဏီတွေကတော့ တစ်မျိုးတည်းစီပဲထုတ်ကြပါတယ်။

ဈေးကွက်ထဲမှာ အအောင်မြင်ဆုံးလို့ပြောလို့ရတဲ့ Apple ရဲ့ Apple Watch တွေကိုတော့ လေးထောင့် Screen နဲ့ပဲရနိုင်မှာပါ။ ဒါပေမယ့် အခုနောက်ဆုံးထွက်လာတဲ့ သတင်းတစ်ခုအရ အဝိုင်းပုံ Screen ပါတဲ့ Apple Watch ကို Apple ကထုတ်လုပ်တော့မယ်ဆိုတာ သိရပါတယ်။ Android Watch တွေထဲမှာတော့ Screen အဝိုင်းသုံးပေးထားတဲ့ နာရီတွေအများကြီးရှိပါတယ်။ TAG Heur လိုနာမည်ကြီး Brand တွေကလည်း Android ကိုအသုံးပြုထားတာကြောင့် Apple အနေနဲ့တော့ အဝိုင်း Design ကိုထုတ်မှရတော့မှာပါ။ Apple အောင်မြင်ရတဲ့အကြောင်းအရင်းကတော့ Watch တွေကို Fashion ဖက်မှာရော အားကစားဖက်မှာပါ လက်တွေ့အသုံးဝင်အောင်လုပ်ပေးထားနိုင်လို့ပဲဖြစ်ပါတယ်။

နောက်ထွက်မယ့် Apple Watch ကို အခုလို တစ်မျိုးတည်းပဲတွေ့ရမှာမဟုတ်တောပဲ အဝိုင်းနဲ့ လေးထောင့် နှစ်မျိုးတွေ့လာနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ လက်ရှိမှာတော့ Apple Watch Series 3 ကို ထုတ်လုပ်ရောင်းချနေပြီး Hermes Edition လိုမျိုးတန်ဖိုးကြီးတဲ့ Apple Watch တွေကိုတော့ Fashion အတွက် ဝယ်ယူကြပြီး Apple Watch Nike တွေကိုတော့ အားကစားသမားတွေနဲ့ ကျန်းမာရေးလိုက်စားသူတွေ ဝယ်ယူအသုံးပြုကြပါတယ်။