စမတ်နာရီတွေဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး ကမ္ဘာတစ်ဝန်းက စမတ်ဖုန်းအသုံးပြုသူတွေကြားမှာ ရေပန်းစားလာခဲ့ပါတယ်။ အဓိကအားဖြင့် အလုပ်များနေချိန်တွေမှာ စမတ်ဖုန်းကို ကိုင်ထားစရာမလိုအောင် စမတ်နာရီတွေကို ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အလုပ်များသူတွေအတွက် အထူးပဲ သင့်လျော်တယ်လို့ ဆိုနိုင်ပါတယ်။

အချို့သော စမတ်နာရီတွေဟာ ဖုန်းခေါ်ဆိုခြင်း၊ ဖြေကြားခြင်းတွေကို ပြုလုပ်နိုင်စွမ်းရှိပါတယ်။ အချို့ကတော့ ဒီလုပ်ဆောင်ချက်တွေ မရပါဘူး။ အဓိကအားဖြင့် အတွင်းပိုင်း မိုက်ခရိုဖုန်းနဲ့ စပီကာမရှိခြင်းကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ စမတ်နာရီအားလုံးကတော့ ဖုန်းက Notification တွေအားလုံးကို ပြန်လည်ပြသနိုင်ပါတယ်။ ဒါဟာ အခြေခံအားဖြင့် ပါရှိတဲ့ အင်္ဂါရပ်တွေလည်း ဖြစ်ပါတယ်။

ပိုပြီးအဆင့်မြင့်တဲ့ စမတ်နာရီတွေကတော့ သွေးတွင်းအောက်ဆီဂျင်ပမာဏကို တိုင်းတာပေးနိုင်ပါတယ်။ စိတ်ဖိစီးမှုအဆင့်၊ အိပ်ချိန်နဲ့ အခြားအရာတွေကိုလည်း စောင့်ကြည့်သတိပေးမှုတွေ ပြုလုပ်နိုင်ပါတယ်။ ဒါပေမဲ့ စမတ်နာရီတွေဟာ သေးငယ်လွန်းတဲ့သဘောသဘာဝရှိတာကြောင့် ကျန်းမာရေးဆိုင်ရာ တိုင်းတာမှုအများစုဟာ ရာနှုန်းပြည့် တိကျမှုမရှိတာကိုတော့ သတိပြုရမှာ ဖြစ်ပါတယ်။

စမတ်နာရီတွေရဲ့ လုပ်ဆောင်ချက်တွေအနက် ကျန်းမာရေးနဲ့ပတ်သက်တဲ့ တိုင်းတာမှုတွေကို ဆေးဘက်ဆိုင်ရာမှာ အသုံးပြုဖို့ မရည်ရွယ်ကြောင်းကိုလည်း ထုတ်လုပ်သူတိုင်းနီးပါးက သတိပေးထားကြပါတယ်။ မှန်ပါတယ်။ စမတ်နာရီဟာ အမှန်တကယ်ကုသရေး ဆေးပစ္စည်းတွေလောက်တော့ တိကျတဲ့တိုင်းတာမှုကို မပေးနိုင်ပါဘူး။

MyHealthyApple ရဲ့ အစီရင်ခံစာတစ်ခုအရ Apple watch ရဲ့ တိုင်းတာမှုတွေဟာ တိကျကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ ကနေဒါနိုင်ငံက University of Waterloo က ပြုလုပ်တဲ့ လေ့လာမှုတစ်ခုအရ Apple watch ဟာ စိတ်ဖိစီးမှုအဆင့်ကို တိကျစွာတိုင်းတာနိုင်ကြောင်း တွေ့ရှိရပါတယ်။

သုတေသီတွေဟာ လေ့လာမှုအတွက် Apple Watch series 6 ကို အသုံးပြုခဲ့ပါတယ်။ ECG data တွေကြားမှာ နီးကပ်စွာ ဆက်စပ်မှုရှိကြောင်းလည်း တွေ့ရှိခဲ့ကြပါတယ်။ နှလုံးခုန်နှုန်းနဲ့ အရှိန်လျှော့ချနိုင်မှုလည်း ပါဝင်ပါတယ်။ စာဖတ်နေချိန်အတွင်း ပါဝင်သူတွေဟာ သူတို့ရဲ့ စိတ်ဖိစီးမှုအဆင့်ကို အစီရင်ခံကြပါတယ်။ အဲဒီနောက်မှာတော့ သုတေသီတွေဟာ ကြိုတင်ခန့်မှန်းမှုပုံစံတစ်ခုကို ဖန်တီးဖို့ အချက်အလက်တွေကို အသုံးပြုခဲ့ကြပါတယ်။ သူတို့ဟာ Machine Learning Algorithms ကို အသုံးပြုအောင်မြင်ခဲ့ပါတယ်။

စိတ်ဖိစီးမှုပုံစံတွေဟာ မြင့်မားတဲ့တိကျမှုအဆင့်ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ Lower recall လည်း ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လေ့လာမှုရဲ့ နိဂုံးချုပ်အရ Apple watch ဟာ စိတ်ဖိစီးမှုအဆင့်ကို ခန့်မှန်းနိုင်တဲ့ အလားအလာရှိတယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း ပေါ်ပေါက်ခဲ့တာပဲ ဖြစ်ပါတယ်။

Ref: Gizchina