မကြာခင်ကပဲ Apple Watch ဟာ ရေခဲမြစ်ထဲ ပိတ်မိနေတဲ့ အမျိုးသမီး ၁ ယောက်ရဲ့ အသက်ကို ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ အခုလည်း Apple Watch ဟာ ရှားပါး အကြိတ်ကို တွေ့ရှိကာ နောက်ထပ် အသက် ၁ ချောင်းကို ကယ်တင်လိုက်နိုင်ပါတယ်။

Apple Watch ဟာ ရှားပါး အကြိတ် ၁ ခုကို တွေ့ရှိခဲ့ပြီး အဲဒီ အကြိတ်ဟာ အသက်သေစေနိုင်လောက်အောင် အန္တရာယ်များပါတယ်။ အသက် ၆၇ နှစ်အရွယ် Kim Durkee ဟာ Apple Watch က သူမကို အကြိမ်များစွာ သတိပေးပြီးနောက်မှာ သေစေနိုင်တဲ့ အကြိတ်ကို ခွဲစိတ် ဖယ်ရှားခဲ့ပါတယ်။ စမတ်နာရီက သူမဟာ Atrial Fibrillation (AFib) အခြေအနေမှာ ရှိတယ်လို့ အကြိမ်များစွာ သတိပေးခဲ့ပါတယ်။

Apple

AFib ဆိုတာက နှလုံးခုန်နှုန်း မမှန်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ သူမဟာ ၃ ည ဆက်တိုက် Notification တွေ ရရှိပြီးနောက်မှာ အနီးအနားက ဆေးရုံ ၁ ခုကို သွားခဲ့ပါတယ်။ စမ်းသပ်မှုတွေ ပြုလုပ်ပြီးနောက်မှာ ဆရာဝန်တွေက သွေးစီးဆင်းမှုကို ပိတ်ပြီး လေဖြတ်သွားစေနိုင်တဲ့ အကြိတ်ကို တွေ့ရှိခဲ့ပါတယ်။

အဲဒီနောက်မှာ Durkee ဟာ ၄ စင်တီမီတာ အကြိတ်ကို ဖယ်ရှားဖို့ ၅ နာရီကြာ နှလုံးခွဲစိတ်မှု ပြုလုပ်ခဲ့ပါတယ်။ ဆေးရုံ ၂ ပတ်တက်ပြီးနောက် သူမဟာ နေအိမ်ကို ပြန်ရောက်ခဲ့ပါတယ်။ ဆရာဝန်တွေက Apple Watch ကသာ သတိမပေးခဲ့ရင် Kim ဟာ အသက်ဆုံးရှုံးသွားနိုင်တယ်လို့ ပြောပါတယ်။

Ref : gizmochina