Apple Watch က လူ့အသက်တွေကို ကယ်တင်ခဲ့တဲ့ သတင်းများစွာ ကြားခဲ့ရပြီးပါပြီ။ အခုလည်း ရေခဲမြစ်ထဲမှာ ပိတ်မိနေတဲ့ အမျိုးသမီး တစ်ယောက်ရဲ့ အသက်ကို Apple Watch ရဲ့ SOS လုပ်ဆောင်ချက်က ကယ်တင်နိုင်ခဲ့ပြန်ပါပြီ။

Apple Watch SE 2020

ဒီဖြစ်ရပ်ဟာ ဇွန်လ ၁၅ ရက်နေ့မှာ အော်ရီဂွန် ပြည်နယ်၊ ဒဲလက်စ် အနားက ကိုလမ်ဘီယာ မြစ်မှာ ဖြစ်ပွားခဲ့တာပါ။ အမျိုးသမီး တစ်ယောက်ဟာ ရေခဲနေတဲ့ မြစ်ထဲမှာ ရေကူးနေခဲ့ပြီး မြစ်အောက်ခြေက ကျောက်တုံးတွေကြားထဲမှာ ခြေထောက်ညပ်သွားခဲ့ပါတယ်။

Buy Apple Watch Series 7 - Apple

အဲဒီအခါမှာ သူမဟာ Apple Watch က SOS လုပ်ဆောင်ချက်ကို အသုံးပြုကာ အရေးပေါ် ကယ်ဆယ်ရေး ဌာနကို အကြောင်းကြားခဲ့ပါတယ်။ ဒဲလက်စ် ရဲဌာနက သူမရဲ့ အကြောင်းကြားမှုကို ရတဲ့အခါမှာ ကယ်ဆယ်ရေး လုပ်ငန်းကို ချက်ချင်း စတင်ခဲ့ပါတယ်။ ရဲတွေက အမျိုးသမီးကို တွေ့တဲ့အချိန်မှာ မောပန်းနေပြီး ကိုယ်ခန္တာ အပူချိန် အရမ်းကို ကျဆင်းနေတယ်လို့ ပြောပါတယ်။ အဲဒီအချိန်မှာ မြစ်ရေရဲ့ အပူချိန်ဟာ ၁၃ ဒီဂရီ ဆဲလ်ဆီးယပ်စ်လောက်ပဲ ရှိပါတယ်။

Apple Watch ရဲ့ SOS လုပ်ဆောင်ချက်ဟာ အရင်ကလည်း ရေခဲမြစ်ထဲမှာ ပိတ်မိနေတဲ့ အမျိုးသား တစ်ယောက်ရဲ့ အသက်ကို ကယ်တင်ခဲ့ဖူးပါတယ်။ SOS လုပ်ဆောင်ချက်ကို သုံးချင်ရင် Digital Crown အောက်က ခလုတ်ကို ဖိထားရမှာ ဖြစ်ပြီး အဲဒီနောက်မှာ Emergency SOS Slider ပေါ်လာမှာပါ။ ဆယ်လူလာ ဆက်သွယ်မှု မပါတဲ့ Apple Watch Version ကို သုံးရင်တော့ အနီးအနားမှာ iPhone ရှိနေရမှာပါ။

Ref : gizmochina