Zawgyi

ဒီအျဖစ္အပ်က္ကို ကိုယ္တိုင္ႀကဳံေတြ႕ခဲ့ရသူ Kacie Anderson ဟာ Apple Watch နဲ႔ ပတ္သတ္တဲ့ သူမရဲ႕ အေတြ႕အႀကဳံကို Shape.com ကေနတဆင့္ မွ်ေဝခဲ့တာ ျဖစ္ပါတယ္။ ဒီျဖစ္စဥ္မွာ အရက္ေသာက္ထားတဲ့ ကားေမာင္းသမားဟာ Kacie Anderson တို႔ သားအမိ ႏွစ္ေယာက္ရဲ႕ ကားကို မူးမူး႐ူး႐ူးနဲ႔ ဝင္တိုက္ခဲ့တာ ျဖစ္ပါတယ္။ အမူးသမားရဲ႕ ကားနဲ႔ အတိုက္ခံရခ်ိန္မွာ သူမလက္မွာ ပတ္ထားတဲ့ Apple Watch ရဲ႕ Emergency SOS (Save Our Souls/ Save Our Ship) Feature ဟာ သူမနဲ႔ သူမရဲ႕ ၉လ အ႐ြယ္ သားငယ္ေလးရဲ႕ အသက္ကို ကယ္တင္ႏိုင္ခဲ့တာ ျဖစ္တယ္လို႔ Kacie Anderson က ေျပာၾကားခဲ့ပါတယ္။

ကား အက္စီးဒင့္ ျဖစ္ခ်ိန္မွာ Kacie Anderson ရဲ႕ iPhone ဟာ အေဝးကို လြင့္ထြက္သြားခဲ့တာေၾကာင့္ သူမရဲ႕ လက္မွာ ပတ္ထားတဲ့ Apple Watch ရဲ႕ SOS Features ကေန တဆင့္ Emergency 911 ကို ေခၚဆိုခဲ့ျခင္း ျဖစ္ပါတယ္။

“အမူးသမားရဲ႕ ကားက ကြၽန္မတို႔ သားအမိႏွစ္ေယာက္ရဲ႕ ကားကို ဝင္တိုက္ေနတဲ့အခ်ိန္မွာ ကားထဲက ပစၥည္းေတြ အကုန္လုံး လြင့္စင္ကုန္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ကြၽန္မရဲ႕ မ်က္ႏွာက စီယာတိုင္နဲ႔ ေစာင့္မိၿပီး တစ္မိနစ္ေလာက္ ဘာကိုမွ မျမင္ႏိုင္ေတာ့ပါဘူး။ ကြၽန္မရဲ႕ မ်က္လုံးေတြက ဖြင့္ထားပါတယ္ ဒါေပမယ့္ ကြၽန္မ ျမင္ေနရတဲ့ အရာအားလုံးက ေမွာင္မိုက္ေနပါတယ္။ ကြၽန္မ မ်က္လုံးေတြ ပုံမွန္အတိုင္း ျပန္ျဖစ္လာတဲ့ အခ်ိန္မွာေတာ့ ကြၽန္မလက္ေတြက ကတုန္ ကယင္ တဆတ္ဆတ္ တလွပ္လွပ္ တုန္ေနတာေၾကာင့္ ကြၽန္မဖုန္းကို ကိုင္ဖို႔ အင္အား မရွိေတာ့ပါဘူး။ အဲ့ဒီအခ်ိန္မွာဘဲ ကြၽန္မလက္မွာ ပတ္ထားတဲ့ Apple Watch ကို သတိရၿပီး Emergency 911 ကို ေခၚျဖစ္ခဲ့တာပါ ”လို႔ Kacie Anderson က သူမရဲ႕ အေတြ႕အႀကဳံကို ေျခဟန္ လက္ဟန္ အမူအရာနဲ႔ တစ္ကြ ရွင္းျပခဲ့ပါတယ္။

၂၄ႏွစ္အ႐ြယ္ ကေလးမိခင္ Kacie Anderson ဟာ လြန္ခဲ့တဲ့ ၂ႏွစ္ ဝန္းက်င္ ကတဲက Apple Watch ကို ဝတ္ဆင္ခဲ့တာ ျဖစ္ၿပီး Emergency SOS Feature ကို ပထမဆုံး အႀကိမ္ အသုံးျပဳဖူးတာ ျဖစ္တယ္လို႔ သိရပါတယ္။ Kacie Anderson ရဲ႕ သားငယ္ေလးက ပြန္းပဲ့႐ုံေလာက္သာ ျဖစ္ၿပီး Kacie Anderson ကေတာ့ ျပင္းျပင္းထန္ထန္ ထိခိုက္ဒဏ္ရာရရွိခဲ့တယ္တာ ျဖစ္ပါတယ္။

“Emergency Call ေခၚၿပီး သိပ္မၾကာခင္မွာဘဲ လူတင္ကား ေရာက္ရွိလာၿပီး ကြၽန္မကို သယ္ေဆာင္သြားပါတယ္။ ဒီျဖစ္ရပ္ေၾကာင့္ လႈပ္လႈပ္ရွားရွားေနတာမ်ားရင္ မူးေဝလာတဲ့ ေဝဒနာကို တစ္လေလာက္ ခံစားလိုက္ရပါတယ္။ ၿပီးေတာ့ ကြၽန္မရဲ႕ ဦးေႏွာက္က ေရာင္ေနတာေၾကာင့္ နားနဲ႔ ႏွာေခါင္းေတြကေန တဆင့္ အရည္ေတြ စုတ္ထုတ္ခဲ့ရပါတယ္။အက္စီးဒင့္ ျဖစ္တုန္းက ထိခိုက္ခံထားရတဲ့ ကြၽန္မရဲ႕ လည္းပင္း ႂကြက္သားေတြအတြက္လဲ ကုသမႈ ခံယူေနပါတယ္”လို႔ သူမက ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ Kacie Anderson က “ကား အက္စီးဒင့္ ျဖစ္တဲ့အခ်ိန္မွာ Apple Watch ကို ဝတ္ဆင္ထားခဲ့တဲ့အတြက္ ကြၽန္မနဲ႔ သားငယ္ေလးရဲ႕ အသက္ကို ကယ္တင္ႏိုင္ခဲ့တာေၾကာင့္ ကြၽန္မ ဆုႀကီးတစ္ခုကို ပိုင္ဆိုင္ရသလို ခံစားမိေၾကာင္း” ဂုဏ္ယူဝင့္ႂကြားစြာ ေျပာၾကားခဲ့ပါတယ္။

Apple အေနနဲ႔ Apple Watch ေတြအတြက္ Emergency SOS Feature ကို ၂၀၁၆ခုႏွစ္က ထြက္ရွိခဲ့တဲ့ watchOS 3 Software Update မွာ စတင္ထည့္သြင္းေပးခဲ့တာ ျဖစ္ပါတယ္။ Apple Watch ရဲ႕ Emergency SOS Feature အသုံးျပဳနည္းကို ဒီမွာ ေလ့လာႏိုင္ပါတယ္။

Ref:9to5mac

Unicode

သားအမိ နှစ်ယောက်ရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တဲ့ Apple Watch ရဲ့ Emergency SOS

ဒီအဖြစ်အပျက်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ Kacie Anderson ဟာ Apple Watch နဲ့ ပတ်သတ်တဲ့ သူမရဲ့ အတွေ့အကြုံကို Shape.com ကနေတဆင့် မျှဝေခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်စဥ်မှာ အရက်သောက်ထားတဲ့ ကားမောင်းသမားဟာ Kacie Anderson တို့ သားအမိ နှစ်ယောက်ရဲ့ ကားကို မူးမူးရူးရူးနဲ့ ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ အမူးသမားရဲ့ ကားနဲ့ အတိုက်ခံရချိန်မှာ သူမလက်မှာ ပတ်ထားတဲ့ Apple Watch ရဲ့ Emergency SOS (Save Our Souls/ Save Our Ship) Feature ဟာ သူမနဲ့ သူမရဲ့ ၉လ အရွယ် သားငယ်လေးရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တာ ဖြစ်တယ်လို့ Kacie Anderson က ပြောကြားခဲ့ပါတယ်။

ကား အက်စီးဒင့် ဖြစ်ချိန်မှာ Kacie Anderson ရဲ့ iPhone ဟာ အဝေးကို လွင့်ထွက်သွားခဲ့တာကြောင့် သူမရဲ့ လက်မှာ ပတ်ထားတဲ့ Apple Watch ရဲ့ SOS Features ကနေ တဆင့် Emergency 911 ကို ခေါ်ဆိုခဲ့ခြင်း ဖြစ်ပါတယ်။

“အမူးသမားရဲ့ ကားက ကျွန်မတို့ သားအမိနှစ်ယောက်ရဲ့ ကားကို ဝင်တိုက်နေတဲ့အချိန်မှာ ကားထဲက ပစ္စည်းတွေ အကုန်လုံး လွင့်စင်ကုန်ပါတယ်။ အဲ့ဒီနောက်မှာတော့ ကျွန်မရဲ့ မျက်နှာက စီယာတိုင်နဲ့ စောင့်မိပြီး တစ်မိနစ်လောက် ဘာကိုမှ မမြင်နိုင်တော့ပါဘူး။ ကျွန်မရဲ့ မျက်လုံးတွေက ဖွင့်ထားပါတယ် ဒါပေမယ့် ကျွန်မ မြင်နေရတဲ့ အရာအားလုံးက မှောင်မိုက်နေပါတယ်။ ကျွန်မ မျက်လုံးတွေ ပုံမှန်အတိုင်း ပြန်ဖြစ်လာတဲ့ အချိန်မှာတော့ ကျွန်မလက်တွေက ကတုန် ကယင် တဆတ်ဆတ် တလှပ်လှပ် တုန်နေတာကြောင့် ကျွန်မဖုန်းကို ကိုင်ဖို့ အင်အား မရှိတော့ပါဘူး။ အဲ့ဒီအချိန်မှာဘဲ ကျွန်မလက်မှာ ပတ်ထားတဲ့ Apple Watch ကို သတိရပြီး Emergency 911 ကို ခေါ်ဖြစ်ခဲ့တာပါ ”လို့ Kacie Anderson က သူမရဲ့ အတွေ့အကြုံကို ခြေဟန် လက်ဟန် အမူအရာနဲ့ တစ်ကွ ရှင်းပြခဲ့ပါတယ်။

၂၄နှစ်အရွယ် ကလေးမိခင် Kacie Anderson ဟာ လွန်ခဲ့တဲ့ ၂နှစ် ဝန်းကျင် ကတဲက Apple Watch ကို ဝတ်ဆင်ခဲ့တာ ဖြစ်ပြီး Emergency SOS Feature ကို ပထမဆုံး အကြိမ် အသုံးပြုဖူးတာ ဖြစ်တယ်လို့ သိရပါတယ်။ Kacie Anderson ရဲ့ သားငယ်လေးက ပွန်းပဲ့ရုံလောက်သာ ဖြစ်ပြီး Kacie Anderson ကတော့ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်တာ ဖြစ်ပါတယ်။

“Emergency Call ခေါ်ပြီး သိပ်မကြာခင်မှာဘဲ လူတင်ကား ရောက်ရှိလာပြီး ကျွန်မကို သယ်ဆောင်သွားပါတယ်။ ဒီဖြစ်ရပ်ကြောင့် လှုပ်လှုပ်ရှားရှားနေတာများရင် မူးဝေလာတဲ့ ဝေဒနာကို တစ်လလောက် ခံစားလိုက်ရပါတယ်။ ပြီးတော့ ကျွန်မရဲ့ ဦးနှောက်က ရောင်နေတာကြောင့် နားနဲ့ နှာခေါင်းတွေကနေ တဆင့် အရည်တွေ စုတ်ထုတ်ခဲ့ရပါတယ်။အက်စီးဒင့် ဖြစ်တုန်းက ထိခိုက်ခံထားရတဲ့ ကျွန်မရဲ့ လည်းပင်း ကြွက်သားတွေအတွက်လဲ ကုသမှု ခံယူနေပါတယ်”လို့ သူမက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် Kacie Anderson က “ကား အက်စီးဒင့် ဖြစ်တဲ့အချိန်မှာ Apple Watch ကို ဝတ်ဆင်ထားခဲ့တဲ့အတွက် ကျွန်မနဲ့ သားငယ်လေးရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တာကြောင့် ကျွန်မ ဆုကြီးတစ်ခုကို ပိုင်ဆိုင်ရသလို ခံစားမိကြောင်း” ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားခဲ့ပါတယ်။

Apple အနေနဲ့ Apple Watch တွေအတွက် Emergency SOS Feature ကို ၂၀၁၆ခုနှစ်က ထွက်ရှိခဲ့တဲ့ watchOS 3 Software Update မှာ စတင်ထည့်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ Apple Watch ရဲ့ Emergency SOS Feature အသုံးပြုနည်းကို ဒီမှာ လေ့လာနိုင်ပါတယ်။

Ref:9to5mac