[Zawgyi]

အသက္ ၈၇ႏွစ္ အ႐ြယ္ရွိၿပီျဖစ္တဲ့ အဖြားအိုတစ္ေယာက္ဟာ အိမ္အျပန္လမ္းမွာ ကား အက္ဆီးဒင့္ ျဖစ္ခဲ့ပါတယ္။ ဒါ့ေၾကာင့္ သူမဟာ အေရးေပၚဌာနကို ဖုန္းေခၚဆိုၿပီး အကူအညီေတာင္းဖို႔ ႀကိဳးစားခဲ့ပါတယ္။ စိတ္မေကာင္းစြာပဲ ကား အက္ဆီးဒင့္ ျဖစ္ထားတဲ့အရွိန္ေၾကာင့္ Dotty White အမည္ရွိ အဖြားအိုဟာ သူမရဲ႕ ဖုန္းကို လွမ္းယူဖို႔ အဆင္မေျပခဲ့ပါဘူး။ ဒါေပမယ့္ ကံေကာင္းေထာက္မစြာနဲ႔ သူမရဲ႕ လက္ေကာက္ဝတ္မွာ ပတ္ထားတဲ့ Apple Watch က အေရးေပၚဌာနကို အလိုအေလ်ာက္ အေၾကာင္းၾကားထားၿပီး ျဖစ္ပါတယ္။

ဒါ့အျပင္ သူမရဲ႕ မိသားစုဝင္ေတြကိုလည္း အေၾကာင္းၾကားၿပီး ကားအက္ဆီးဒင့္ျဖစ္တဲ့ ေနရာကိုပါ ေဖာ္ျပေပးတယ္လို႔ သိရပါတယ္။ “ Apple Watch က ဖေလာ္ရီဒါမွာေနတဲ့ ကြၽန္မသားဆီကို လွမ္းၿပီး အေၾကာင္းၾကားတယ္၊ ေနာက္ၿပီး မက္ဆာခ်ဴးဆက္မွာေနတဲ့ ကြၽန္မသမီးနဲ႔ မိန္းမွာေနတဲ့ ကြၽန္မသမီးေတြဆီကို လွမ္းၿပီး အေၾကာင္းၾကားတယ္” လို႔ White က ေျပာပါတယ္။ “ ဒီေတာ့ ကြၽန္မ တခုခုျဖစ္သြားၿပီဆိုတာ သူတို႔ သိသြားတယ္၊ ၿပီးေတာ့ ဘယ္ေနရာမွာ ျဖစ္တယ္ဆိုတာပါ သူတို႔ သိသြားပါတယ္” ဆိုၿပီး သူမက ထပ္မံ ေျပာၾကားထားပါတယ္။

သားျဖစ္သူ James White ကေတာ့ သူ႔ဆီကို အေၾကာင္းၾကားစာ ေရာက္လာတဲ့အခ်ိန္မွာ မိန္းမွာေနတဲ့ ညီမျဖစ္သူကို ဖုန္းေခၚဆိုၿပီး သူ႔အေမ့ဆီ အျမန္သြားကူဖို႔ ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။ ( ညီမျဖစ္သူကလည္း James White လိုပဲ အေၾကာင္းၾကားစာကို လက္ခံရရွိထားသူ ျဖစ္ပါတယ္) ဒါ့အျပင္ James က “ ဒီအေၾကာင္းၾကားစာကို လက္ခံရရွိတာ ကြၽန္ေတာ္တို႔အတြက္ ေတာ္ေတာ္ေလးကို အေထာက္အကူျဖစ္ေစပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။ အသက္ ၈၇ႏွစ္ အ႐ြယ္ရွိ အဖြားအိုကေတာ့ ကား အက္ဆီးဒင့္ေၾကာင့္ အ႐ိုးအနည္းငယ္ က်ိဴးသြားတယ္လို႔ သိရပါတယ္။

Dotty White ႀကဳံေတြ႕ခဲ့ရတဲ့ အျဖစ္အပ်က္ကို Apple Watch Series 4 ေတြရဲ႕ Update ဗားရွင္းမွာ ပါလာခဲ့တဲ့ Fall detection စနစ္က ကူညီေပးတာ ျဖစ္ပါတယ္။ အဆိုပါ စနစ္ဟာ လႈပ္ရွားသြားလာမႈအေပၚ အေျခခံထားတာေၾကာင့္ အသက္ ၆၅ႏွစ္ေအာက္ လူေတြအတြက္ Default အေနနဲ႔ Disabled လုပ္ထားတာ ျဖစ္ပါတယ္။ စာပို႔အေၾကာင္းၾကားခံရသူေတြကေတာ့ အေရးေပၚ Contact မွာ သူတို႔ရဲ႕ ဖုန္းနံပါတ္ေတြကို ထည့္သြင္းထားလို႔ ျဖစ္ပါတယ္။ Fall detection စနစ္ကို အသုံးျပဳလိုပါက iPhone ေပၚက Watch App ထဲကို ဝင္ၿပီး Emergency SOS ထဲက Fall detection ကို On ေပးရမွာ ျဖစ္ပါတယ္။ ( Fall detection စနစ္ကို လႈပ္ရွားသြားလာမႈမ်ားတဲ့ လူေတြ အသုံးျပဳမယ္ဆိုရင္ လဲက်တာမ်ိဴး၊ ေခ်ာ္လဲတာမ်ိဴးနဲ႔ အခုလိုမ်ိဴး ကားအက္ဆီးဒင့္ေတြ မျဖစ္ေတာင္မွ အေရးေပၚအခ်က္ေပးတာေတြ ႀကဳံေတြ႕ႏိုင္ေၾကာင္း Apple က သတိေပးထားပါတယ္ )

Ref : 9To5Mac

[Unicode]

ကားအက်ဆီးဒင့်ဖြစ်တဲ့ ၈၇နှစ် အဖွားအိုကို ကူညီလိုက်တဲ့ Apple Watch ( Fall detection ) စနစ်

အသက် ၈၇နှစ် အရွယ်ရှိပြီဖြစ်တဲ့ အဖွားအိုတစ်ယောက်ဟာ အိမ်အပြန်လမ်းမှာ ကား အက်ဆီးဒင့် ဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် သူမဟာ အရေးပေါ်ဌာနကို ဖုန်းခေါ်ဆိုပြီး အကူအညီတောင်းဖို့ ကြိုးစားခဲ့ပါတယ်။ စိတ်မကောင်းစွာပဲ ကား အက်ဆီးဒင့် ဖြစ်ထားတဲ့အရှိန်ကြောင့် Dotty White အမည်ရှိ အဖွားအိုဟာ သူမရဲ့ ဖုန်းကို လှမ်းယူဖို့ အဆင်မပြေခဲ့ပါဘူး။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ သူမရဲ့ လက်ကောက်ဝတ်မှာ ပတ်ထားတဲ့ Apple Watch က အရေးပေါ်ဌာနကို အလိုအလျောက် အကြောင်းကြားထားပြီး ဖြစ်ပါတယ်။

ဒါ့အပြင် သူမရဲ့ မိသားစုဝင်တွေကိုလည်း အကြောင်းကြားပြီး ကားအက်ဆီးဒင့်ဖြစ်တဲ့ နေရာကိုပါ ဖော်ပြပေးတယ်လို့ သိရပါတယ်။ “ Apple Watch က ဖလော်ရီဒါမှာနေတဲ့ ကျွန်မသားဆီကို လှမ်းပြီး အကြောင်းကြားတယ်၊ နောက်ပြီး မက်ဆာချူးဆက်မှာနေတဲ့ ကျွန်မသမီးနဲ့ မိန်းမှာနေတဲ့ ကျွန်မသမီးတွေဆီကို လှမ်းပြီး အကြောင်းကြားတယ်” လို့ White က ပြောပါတယ်။ “ ဒီတော့ ကျွန်မ တခုခုဖြစ်သွားပြီဆိုတာ သူတို့ သိသွားတယ်၊ ပြီးတော့ ဘယ်နေရာမှာ ဖြစ်တယ်ဆိုတာပါ သူတို့ သိသွားပါတယ်” ဆိုပြီး သူမက ထပ်မံ ပြောကြားထားပါတယ်။

သားဖြစ်သူ James White ကတော့ သူ့ဆီကို အကြောင်းကြားစာ ရောက်လာတဲ့အချိန်မှာ မိန်းမှာနေတဲ့ ညီမဖြစ်သူကို ဖုန်းခေါ်ဆိုပြီး သူ့အမေ့ဆီ အမြန်သွားကူဖို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ( ညီမဖြစ်သူကလည်း James White လိုပဲ အကြောင်းကြားစာကို လက်ခံရရှိထားသူ ဖြစ်ပါတယ်) ဒါ့အပြင် James က “ ဒီအကြောင်းကြားစာကို လက်ခံရရှိတာ ကျွန်တော်တို့အတွက် တော်တော်လေးကို အထောက်အကူဖြစ်စေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ အသက် ၈၇နှစ် အရွယ်ရှိ အဖွားအိုကတော့ ကား အက်ဆီးဒင့်ကြောင့် အရိုးအနည်းငယ် ကျိူးသွားတယ်လို့ သိရပါတယ်။

Dotty White ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို Apple Watch Series 4 တွေရဲ့ Update ဗားရှင်းမှာ ပါလာခဲ့တဲ့ Fall detection စနစ်က ကူညီပေးတာ ဖြစ်ပါတယ်။ အဆိုပါ စနစ်ဟာ လှုပ်ရှားသွားလာမှုအပေါ် အခြေခံထားတာကြောင့် အသက် ၆၅နှစ်အောက် လူတွေအတွက် Default အနေနဲ့ Disabled လုပ်ထားတာ ဖြစ်ပါတယ်။ စာပို့အကြောင်းကြားခံရသူတွေကတော့ အရေးပေါ် Contact မှာ သူတို့ရဲ့ ဖုန်းနံပါတ်တွေကို ထည့်သွင်းထားလို့ ဖြစ်ပါတယ်။ Fall detection စနစ်ကို အသုံးပြုလိုပါက iPhone ပေါ်က Watch App ထဲကို ဝင်ပြီး Emergency SOS ထဲက Fall detection ကို On ပေးရမှာ ဖြစ်ပါတယ်။ ( Fall detection စနစ်ကို လှုပ်ရှားသွားလာမှုများတဲ့ လူတွေ အသုံးပြုမယ်ဆိုရင် လဲကျတာမျိူး၊ ချော်လဲတာမျိူးနဲ့ အခုလိုမျိူး ကားအက်ဆီးဒင့်တွေ မဖြစ်တောင်မှ အရေးပေါ်အချက်ပေးတာတွေ ကြုံတွေ့နိုင်ကြောင်း Apple က သတိပေးထားပါတယ် )

Ref : 9To5Mac