Apple Watch ဟာ လူ့အသက်တွေကို ကယ်တင်လိုက်နိုင်တယ်ဆိုတဲ့ သတင်းတွေ မကြာခဏ ထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုလည်း နောက်ထပ် အသက် ၁ ချောင်းကို Apple Watch က ကယ်တင်လိုက်ပြန်ပါပြီ။ အမေရိကန် ပြည်ထောင်စု အတ္တလန်တာက အဖိုးအို ၁ ယောက် ပြုတ်ကျတာကို Apple Watch က သိရှိသွားခဲ့ပြီး အရေးပေါ်ဌာနကို အကြောင်းကြားလိုက်တဲ့အတွက် အသက်ဘေးက လွတ်မြောက်သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ ဇန်နဝါရီလ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဒီသတင်းကို Atlanta CB546 News Network က တင်ဆက်ထားတာ ဖြစ်ပါတယ်။

အဖိုးအိုရဲ့ Apple Watch ဟာ အမြင့်က ပြုတ်ကျတာကို အာရုံခံနိုင်ခဲ့ပြီး ဝတ်ဆင်ထားသူဟာ လှုပ်ရှားမှု မရှိတော့တဲ့အတွက် Clayton County Emergency Communications Center ကို ဆက်သွယ် အကြောင်းကြားခဲ့ပါတယ်။ Morrow City Fire Department Deputy အကြီးအကဲ Jeff Moss က “ ကူညီကယ်ဆယ်ရေး အဖွဲ့တွေဟာ Moro ရဲဝန်ထမ်းတွေနဲ့အတူ အခင်းဖြစ်ပွားရာကို ရောက်ခဲ့ပေမယ့် အဖိုးအိုကို မတွေ့ခဲ့ရပါဘူး။ ၁၂ မိနစ်လောက် ကြာမှ ရှာဖွေတွေ့ရှိခဲ့တာပါ။ “ လို့ ရှင်းပြပါတယ်။

Koop Apple Watch Series 7 - Apple (BE)

အဖိုးအိုကို ဆေးရုံ ၁ ခုဆီ ခေါ်ဆောင်သွားပြီး ပြုစု ကုသပေးခဲ့ပါတယ်။ Apple Watch ကသာ အရေးပေါ်ဌာနကို အကြောင်းမကြားခဲ့ရင် အဖိုးအိုရဲ့ အခြေအနေဟာ ဆိုးဆိုးရွားရွား ဖြစ်သွားနိုင်တယ်လို့ သိရပါတယ်။ အဖိုးအိုရဲ့ နာမည်နဲ့ အသက်အရွယ်ကို Atlanta CB546 News Network က မပြောသွားပါဘူး။

Apple Watch ရဲ့ Fall Detection လုပ်ဆောင်ချက်ဟာ လူ့အသက်ပေါင်းများစွာကို ကယ်တင်ပေးနေပါတယ်။ Apple Watch ဟာ ကျန်းမာရေးနဲ့ ကိုယ်လက်ကြံ့ခိုင်မှု လုပ်ဆောင်ချက်တွေပါတဲ့အပြင် အသက်ကယ်တင်တဲ့ သူရဲကောင်း အဖြစ် ဆက်လက် တည်ရှိနေမှာပါ။

Ref : gizmochina