Zawgyi Font Version

Apple က ေအာက္တိုဘာ ၅ ရက္ေန႔မွာ နာမည္ၾကီး အားကစား အဝတ္အစားေတြနဲ႔ ဖိနပ္ေတြထုတ္တဲ့ ကုမၸဏီ ၾကီး Nike နဲ႔ေပါင္းျပီး Apple Watch Nike+ Series 4 ကိုမိတ္ဆက္လိုက္ပါတယ္။ Mac Rumors ရဲ႕ သတင္းပို႔ခ်က္အရ Apple Watch Nike+ Series 4 ကို ေအာ္ဒါမွာလို႔ ရေနျပီလို႔ သိရပါတယ္။ Apple Store မွာအခုခ်က္ခ်င္းဝယ္ယူခ်င္တဲ့ သူေတြအတြက္ေတာ့ ပစၥည္းအေရအတြက္ အနည္းငယ္ပဲရွိလို႔ အဆင္မေျပပါဘူး။

အခု အသစ္ထုတ္လိုက္တဲ့ Apple Watch အသစ္ဟာ နဂိုမူလ Original Apple Watch Series 4 နဲ႔ ကြာျခားမွုေလးေတြ အနည္းငယ္ရွိပါတယ္။ Nike ကိုယ္ပိုင္ Watchfaces (နာရီမ်က္ႏွာျပင္ေတြ) နဲ႔ အားကစားသမား စတိုင္ လက္ပတ္ေတြပါဝင္ပါတယ္။ အားကစား သမားစတိုင္ လက္ပတ္သံုးမ်ိဳးနဲ႔ ဝယ္ယူႏိုင္ျပီး အနက္၊ အျဖဴနဲ႔အနက္​ ေပါင္​းစပ္​ထားတာနဲ႔ နီယြန္​ အဝါလို႔ေခၚတဲ့ အဝါေတာက္ေတာက္ အေရာင္ေတြနဲ႔ ခ်ယ္သထားပါတယ္။ ခ်ည္သားနဲ႔ ရက္ထားတဲ့ ေရာင္ျပန္ ခ်ည္သားဒီဇိုင္းမ်ိဳးနဲ႔ လက္ပတ္ေတြနဲ႔လည္း ရရွိႏိုင္ျပီး အနက္နဲ႔ ေငြမွင္ေရာင္ဆိုျပီး ေရြးစရာ ႏွစ္မ်ိဳးရွိပါတယ္။ နာရီေတြအကုန္လံုးမွာ Nike Run Club App ထည့္သြင္းေပးထားျပီး Workouts (ေလ့က်င့္ခန္း)အမ်ိဳးအစားေပါင္း ၁၈၀ ေက်ာ္ကို နည္းျပေပးမွာပါ။

Apple Watch Nike+ Series 4 ဟာ 40mm နဲ႔ 44mm ဆိုျပီး အရြယ္အစားႏွစ္မ်ိဳးနဲ႔ လာပါတယ္။ ကိုယ့္စိတ္ၾကိဳက္ လက္ပတ္အမ်ိဴးအစားေတြနဲ႔ ဝယ္ယူႏိုင္ျပီး အနက္နဲ႔ နီယြန္အဝါ လက္ပတ္ေတြကေတာ့ သပ္သပ္ဝယ္ရမွာပါ။ ဒီ Apple Watch Nike+ နာရီေတြရဲ႕ အေမရိကား ေစ်းကေတာ့ $399 ကေန $499 ထိရွိပါတယ္။ လက္ပတ္အပိုကိုေတာ့ $49 နဲ႔ထပ္မံဝယ္ယူႏိုင္ပါတယ္။ ေအာက္တိုဘာ ၅ ရက္ေန႔ကစျပီး US, Australia, Canada တို႔အျပင္ ဥေရာပ ႏိုင္ငံ ေတာ္ေတာ္မ်ားမ်ားနဲ႔ အာရွႏိုင္ငံေတြမွာပါ မွာယူရရွိႏိုင္ပါျပီ။

Ref: The Verge

Unicode Version

Apple က အောက်တိုဘာ ၅ ရက်နေ့မှာ နာမည်ကြီး အားကစား အဝတ်အစားတွေနဲ့ ဖိနပ်တွေထုတ်တဲ့ ကုမ္ပဏီ ကြီး Nike နဲ့ပေါင်းပြီး Apple Watch Nike+ Series 4 ကိုမိတ်ဆက်လိုက်ပါတယ်။ Mac Rumors ရဲ့ သတင်းပို့ချက်အရ Apple Watch Nike+ Series 4 ကို အော်ဒါမှာလို့ ရနေပြီလို့ သိရပါတယ်။ Apple Store မှာအခုချက်ချင်းဝယ်ယူချင်တဲ့ သူတွေအတွက်တော့ ပစ္စည်းအရေအတွက် အနည်းငယ်ပဲရှိလို့ အဆင်မပြေပါဘူး။

အခု အသစ်ထုတ်လိုက်တဲ့ Apple Watch အသစ်ဟာ နဂိုမူလ Original Apple Watch Series 4 နဲ့ ကွာခြားမှုလေးတွေ အနည်းငယ်ရှိပါတယ်။ Nike ကိုယ်ပိုင် Watchfaces (နာရီမျက်နှာပြင်တွေ) နဲ့ အားကစားသမား စတိုင် လက်ပတ်တွေပါဝင်ပါတယ်။ အားကစား သမားစတိုင် လက်ပတ်သုံးမျိုးနဲ့ ဝယ်ယူနိုင်ပြီး အနက်၊ အဖြူနဲ့အနက် ပေါင်းစပ်ထားတာနဲ့ နီယွန် အဝါလို့ခေါ်တဲ့ အဝါတောက်တောက် အရောင်တွေနဲ့ ချယ်သထားပါတယ်။ ချည်သားနဲ့ ရက်ထားတဲ့ ရောင်ပြန် ချည်သားဒီဇိုင်းမျိုးနဲ့ လက်ပတ်တွေနဲ့လည်း ရရှိနိုင်ပြီး အနက်နဲ့ ငွေမှင်ရောင်ဆိုပြီး ရွေးစရာ နှစ်မျိုးရှိပါတယ်။ နာရီတွေအကုန်လုံးမှာ Nike Run Club App ထည့်သွင်းပေးထားပြီး Workouts (လေ့ကျင့်ခန်း)အမျိုးအစားပေါင်း ၁၈၀ ကျော်ကို နည်းပြပေးမှာပါ။

Apple Watch Nike+ Series 4 ဟာ 40mm နဲ့ 44mm ဆိုပြီး အရွယ်အစားနှစ်မျိုးနဲ့ လာပါတယ်။ ကိုယ့်စိတ်ကြိုက် လက်ပတ်အမျိူးအစားတွေနဲ့ ဝယ်ယူနိုင်ပြီး အနက်နဲ့ နီယွန်အဝါ လက်ပတ်တွေကတော့ သပ်သပ်ဝယ်ရမှာပါ။ ဒီ Apple Watch Nike+ နာရီတွေရဲ့ အမေရိကား ဈေးကတော့ $399 ကနေ $499 ထိရှိပါတယ်။ လက်ပတ်အပိုကိုတော့ $49 နဲ့ထပ်မံဝယ်ယူနိုင်ပါတယ်။ အောက်တိုဘာ ၅ ရက်နေ့ကစပြီး US, Australia, Canada တို့အပြင် ဥရောပ နိုင်ငံ တော်တော်များများနဲ့ အာရှနိုင်ငံတွေမှာပါ မှာယူရရှိနိုင်ပါပြီ။

Ref: The Verge