Apple ဟာ စက်တင်ဘာလ ၇ ရက်နေ့မှာ ထုတ်ကုန်သစ်တွေ ကြေညာတော့မယ်လို့ အတည်ပြုထားပါတယ်။ စမတ်ဖုန်း လောကက ကျွမ်းကျင်သူတွေက Apple ဟာ အဲဒီ iPhone မိတ်ဆက်ပွဲမှာ စမတ်နာရီကိုလည်း ကြေညာမယ်လို့ ပြောပါတယ်။

Apple Watch Pro to be announced during the September 7 event: with larger 47 mm case - TechGoing

အဲဒီ စမတ်နာရီဟာ ရိုးရိုး Apple Watch တွေနဲ့ ကွဲပြားမှာ ဖြစ်ပြီး ပရီမီယမ် ပိုဆန်မှာ ဖြစ်ပါတယ်။ ဒီဇိုင်း ကွဲပြားပြီး ပိုမို ကြီးမားတဲ့ မျက်နှာပြင် ပါလာမှာပါ။ အဲဒီ စမတ်နာရီကို Apple Watch Pro လို့ နာမည်ပေးထားနိုင်ပြီး မျက်နှာပြင်ပြား တပ်ဆင်ထားမှာ ဖြစ်ကာ ထောင့်စွန်းတွေက ကွေးညွှတ်မှာ ဖြစ်ပါတယ်။

Apple Watch Pro Could Launch Alongside iPhone 14 Series on September 7 - MySmartPrice

Case ဟာ 47mm ရှိမှာ ဖြစ်ပြီး ၁.၉၉ လက်မ မျက်နှာပြင် ပါလာမှာ ဖြစ်ကာ လက်ရှိ Watch Series တွေရဲ့ ၁.၇၇ လက်မ မျက်နှာပြင်ထက် ပိုမို ကြီးမားမှာ ဖြစ်ပါတယ်။

လက်ရှိမှာ Apple Watch Pro ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ သိရပါသေးတယ်။ တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင်မှာ အဲဒီ စမတ်နာရီရဲ့ သတင်းအချက်အလက်တွေကို ပိုမို သိလာရမှာပါ။

Apple ဟာ စက်တင်ဘာလ ၇ ရက်နေ့မှာ iPhone 14 Series ၄ လုံးကို ကြေညာမှာ ဖြစ်ပြီး အဲဒါတွေက iPhone 14 , iPhone 14 Max, iPhone 14 Pro နဲ့ iPhone 14 Pro Max တို့ ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena